backup og meta

အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတာ ဘယ်လိုမျိုးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတာ ဘယ်လိုမျိုးလဲ

    အစာအိမ်အူရောင်တယ်ဆိုတာ ရောဂါကြီးတစ်ခုလိုထင်ရပေမယ့် အဖြစ်များကြတာ မသိကြလို့ပါနော်။ ဒီဆောင်းပါးကိုဖတ်ပြီးပြီဆိုရင်တော့ ကိုယ့်မှာဒီဝေဒနာဖြစ်လာတဲ့အခါ စောစောသိရှိပြီး မြန်မြန်ကုသနိုင်ပါလိမ့်မယ်။

    ဘာကြောင့်ဖြစ်တာလဲ

    အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် –

    • အစားအသောက်(အထူးသဖြင့် ပင်လယ်စာ)
    • သောက်သုံးရေ
    • ရောဂါပိုးရှိနေတဲ့ လူနဲ့ထိတွေ့မှု
    • လက်မဆေးခြင်း
    • ဇွန်း၊တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်ရရှိနိုင်ပါတယ်။

    ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ

    ဒီအတွက် ဘယ်သူမဆို ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုလူတွေမှာ ပိုဖြစ်လေ့ရှိသလဲ၊ ပိုဖြစ်လွယ်သလဲဆိုရင် –

  • ကလေးငယ်တွေ
  • အဆောင်နေ ကျောင်းသားတွေ
  • ခရီးသွားသူတွေ
  • အပြင်စာ၊ မသန့်ရှင်းစာ ခဏခဏစားသူတွေ
  • ကိုယ်ခံအားနည်းသူတွေ၊ နေမကောင်းခဏခဏဖြစ်သူတွေ
  • ရောဂါအခံရှိသူတွေ မှာဖြစ်နိုင်ခြေအများဆုံးပါ။
  • လက္ခဏာတွေက ဘာတွေလဲ

    လက္ခဏာတွေကတော့ –

    • မအီမသာဖြစ်ခြင်း၊
    • ချွေးထွက်များခြင်း၊
    • ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်ခြင်း
    • ပျို့အန်ခြင်း၊
    • ဝမ်းလျှောခြင်း၊
    • ဗိုက်နာခြင်း၊
    • အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။

    ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ ကြာမြင့်တတ်ပါတယ်။

    တကယ်လို့ ကိုယ့်မှာ အစာအိမ်အူရောင်တာဖြစ်နေပြီလို့ သံသယရှိပြီဆိုရင်

    အစာအိမ်ကို အနားရအောင် နာရီအတော်ကြာ အစာမစားဘဲ နေသင့်ပါတယ်။ အားကစားလုပ်စဉ် သောက်တဲ့ အရည်၊ ရေ အစရှိတာတွေကို ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ဖို့ အမြောက်အမြားသောက်သင့်ပါတယ်။ အရည်ကို မသောက်နိုင်ရင် ပုံမှန်တစ်ငုံနှစ်ငုံပဲ သောက်နိုင်ပါတယ်။ ဆီး ပုံမှန်သွားဖို့ အရေးကြီးပြီး ဆီးဟာ အရောင်ဖျော့ပြီး ကြည်နေဖို့ အရေးကြီးပါတယ်။ အရောင်ရင့်တဲ့ ဆီးသွားခြင်း၊ ခေါင်းမူးခြင်းနဲ့ ရီဝေဝေဖြစ်ခြင်းတွေဟာ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်ပြီး အရည်ကိုမသောက်နိုင်ဘူးဆိုရင် ဆေးကုသမှု ခံယူသင့်ပါတယ်။

    အစာပုံမှန် ပြန်စားပါ။ အစာခြေရလွယ်တဲ့ အစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ ဆန်၊ ကြက်သား အစရှိတာတွေကိုစားပါ။ ပျို့ချင်လာရင်တော့ အစာစားတာကို ရပ်လိုက်ပါ။ နို့ထွက်ပစ္စည်းတွေ၊ ကော်ဖီ၊ အရက်၊ နီကိုတင်း၊ အဆီနဲ့ ဟင်းခတ်အမွှေးအကြိုင် အများအပြား သုံးထားတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။

    ကိုယ့်ကလေးမှာ ဖြစ်နေပြီလို့ သံသယရှိရင် –

    ကလေးကို အနားပေးပါ။ ကလေးအန်တာရပ်ပြီဆိုရင် ရေဓါတ်ပြန်လည်ဖြည့်တင်းပေးတဲ့ ကလေးဓါတ်ဆားဖျော်တိုက်ပါ။

    အစာခြေရလွယ်တဲ့ အရာတွေဖြစ်တဲ့ ဆန်၊ ငှက်ပျောသီး၊ အာလူး အစရှိတာတွေကို ကျွေးသင့်ပါတယ်။ အဆီများတဲ့အစာတွေဖြစ်တဲ့ နွားနို့၊ ရေခဲမုန့်၊ သကြားပါတဲ့ အစာတွေ၊ ဆိုဒါ နဲ့ သကြားလုံးတွေကို မကျွေးသင့်ပါဘူး။ ဒါဟာ ရောဂါပိုဆိုးစေပါတယ်။

    နို့စို့အရွယ်ဆို နို့ဆက်တိုက်ပါ။ နို့ဘူးတိုက်နေတယ်ဆိုရင်တော့ ရေဓါတ်ပြန်လည်ဖြည့်တင်း ပေးတဲ့ အရည်တွေ (သို့) ပုံမှန် တိုက်နေကျ အရည်တွေကို တိုက်နိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

    • နှစ်ရက်ထက်ပိုပြီး အန်တာ၊ ဝမ်းလျှောတာ
    • ဝမ်းသွားစဉ် သွေးပါတာ
    • အဖျားတက်တာ (101 ံF ၊ 38.5 ံC)
    • ရီဝေဝေဖြစ်တာ (သို့) သတိလစ်တာ
    • စိတ်ရှုပ်တာ
    • ဗိုက်နာတာ
    • အိပ်ငိုက်၊ နုံးချိတာ
    • သွေးအန်တာ
    • ကလေးတွေမှာဆို ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ ပါးစပ်ခြောက်ခြင်း၊ အရေပြားခြောက်ခြင်း၊ ရေငတ်ခြင်း၊ မျက်တွင်းကျခြင်း၊ ငိုစဉ် မျက်ရည်မထွက်ခြင်း တွေဖြစ်လာတာ
    • အသက်၂ နှစ်အောက်ကလေးတွေမှာ တစ်ရက်ထက်ကျော်ပြီးကိုယ်ပူနေတာ၊ အသက်နှစ်နှစ်နဲ့ အထက် ကလေးတွေမှာ သုံးရက်ထက် ပိုဖျားတာဆိုရင် ဆေးခန်းအမြန်ပြပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement