အသည်းအစားထိုးကုသပြီးနောက် ကိုယ်လက်လှုပ်ရှားမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသည်းအစားထိုးကုသပြီးနောက် တစိချိန်လုံးအိပ်ရာထဲမှာပဲ မနေသင့်ပါဘူး။ ခွဲစိတ်ထားခြင်းပြန်သက်သာဖိုရ့ခက်သလို ပုံမှန်ဘဝကိုပြန်ရနိုင်ဖို့လည်း ခက်ပါတယ်။ သင့်ကျန်းမာရေးကောင်းလာဖို့နဲ့ နေ့စဉ်လူနေမှုဘဝကိုပြန်ရနိုင်ဖို့ အခြေခံကျတဲ့ကိုယ်လက်လှုပ်ရှားမှုလေးတွေနဲ့ စတင်သင့်ပါတယ်။

အကြောတွေပြေလျော့စေနိုင်တဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေနဲ့ စတင်ပါ။

သင့်အကြောတွေကို ပြေလျော့စေပါလိမ့်မယ်။ လေ့ကျင့်ခန်းက သင့်ရဲ့စိတ်ခံစားချက်တွေပိုကောင်းစေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အသည်းအစားထိုးကုသပြိးနောက် ရလာတဲ့စိတ်ဖိစီးမှုတွေကို စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းပမာဏကို များစေခြင်းဖြင့် လျော့ကျစေပါတယ်။

ခွဲစိတ်ပြီးပြီးချင်းမှာတော့ ကိုယ်လက်လှုပ်ရှားမှုတွေရှောင်ဖို့ ဆရာဝန်တွေမှာထားပါလိမ့်မယ်။ ရက်သတ္တပတ်အနည်းငယ် အနားယူဖို့လိုပါတယ်။ အဲ့နောက်မှာတော့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းလေးတွေ စလုပ်နိုင်ပါတယ်။ အရင်ကကိုယ်အလေးချိန်ထိန်းဖို့ လေ့ကျင့်ခန်းတွေလုပ်တာကြောင့်ချက်ချင်းကြီးပြန်မလုပ်သင့်ပါဘူး။ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကိုပဲပုံမှန်လေးလုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊စက်ဘီးစီးခြင်းစတာတွေက ကျန်းမာတဲ့ဘဝကိုရရှိဖို့အရေးပါပါတယ်။

သင်လုပ်နိုင်တဲ့အတိုင်းအတာကိုမကျော်တဲ့ လုံခြုံစိတ်ချရတဲ့လေ့ကျင့်ခန်းအစီအစဉ်နဲ့ပတ်သက်ပြီး ဆရဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သင့်လုပ်ဆောင်မှုတွေမြင့်တက်လာဖို့ လိုပါတယ်။ သင်နဲ့သင့်တော်တဲ့အစီအစဉ်ကို ဆရာဝန်ကပြောပြပါလိမ့်မယ်။

သီတင်းပတ်အနည်းငယ်အိပ်ရာထဲလှဲနေရပြီးနောက်မှာတော့

သင့်မိသားစုကိုအကူအညီပေးနိုင်ပါတယ်။ အိမ်အလုပ်လုပ်ခြင်းကလည်း လေ့ကျင့်ခန်းတစ်ခုပါပဲ။ တိတိကျကျလိုက်နာရမယ့် လေ့ကျင့်ခန်းအစီအစဉ်မျိုးမလုပ်ချင်ဘူးဆိုရင် အဲဒီအစား နေ့စဉ်အိမ်အလုပ်လုပ်ပေးနိုင်ပါတယ်။ သင်မောလာရင် နားနိုင်ပါတယ်။ ဒါပေမဲ့ အကြာကြီးထိုင်နေခြင်း

လှဲနေခြင်းမျိုးကိုတော့ လျှော့သင့်ပါတယ်။ အကြာကြီးထိုင်နေတတ်တာကို ရှောင်သင့်ပါတယ်။ တစ်နေ့လုံးအနားယူတတ်တဲ့အကျင့်က သင့်ကိုပျင်းရိစေတတ်ပြီးပြန်လည်သက်သာဖို့ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် သစ်ပင်စိုက်ပါ

ကျန်းမာရေးစောင့်ရှောက်မှုအသင်းတွေက အသည်းအစားထိုးကုသထားတဲ့လူနာတွေ အပင်စိုက်ခြင်းကိုရှောင်ဖို့ တိုက်တွန်းထားပေမဲ့လည်း အပင်စိုက်ခြင်း ရေလောင်းပေါင်းသင်ခြင်းတွေက သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။

သင့်ကျန်းမာရေးအတွက် သစ်ပင်စိုက်ချင်တယ်ဆိုရင်တော့ လိုက်နာရမယ့်အချက်တွေရှိပါတယ်။ လက်အိတ်ဝတ်ခြင်း၊ အပင်စိုက်တဲ့အချိန်တိုင်းမှာ အကောင့်းဆုံးကတော့ ရာဘာလက်အိတ်ဝတ်ခြင်းဖြစ်ပါတယ်။

ထိခိုက်၇ှနာတွေ ၊ဘက်တီးရီးယားတွေ၊ အညစ်အကြးတွေ ခန္ဓါကိုယ်ထဲမဝင်နိင်အောင် ဖြစ်ပါတယ်။ ပြီးတာနဲ့ လက်သေချာဆေးရပါမယ်။ မြေသြဇာ၊ သစ်ရွက်အစိုတွေနဲ့မြေဆွေးတွေကို ဖြစ်နိုင်ရင် ရှောင်သင့်ပါတယ်။

အသက်ရှူလမ်းကြာင်းကူးစက်မှုတွေကို ဖြစ်စေနိုင်တာတွေပါတာကြောင့် ဖြစ်ပါတယ်။

အပျော်ခရီးထွက်ခြင်း

ခရီးထွက်ဖို့ လုံလောက်တဲ့ခွန်အားတွေ ရှိတယ်လို့ထင်ရင် သင့်မိသားစု သူငယ်ချင်းတွေနဲ့အားလပ်ရက်အစီအစဉ်ဆွဲနိုင်ပါတယ်။ ပျော်ပွဲစားထွက်ခြင်း၊ ခရီးထွက်ခြင်းတွေက သင့်စိတ်ခံစားမှုကို မြင့်တက်စေပါတယ်။

မသွားခင်မှာ အရေးပေါ်အခြေအနေအတွက် ယူသွားသင့်တာတွေ လုပ်သင့်တာတွေကို ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သင်သွားလည်မယ့်နေရာရဲ့ အနီးဆုံးမှာရှိတဲ့ဆေးရုံတွေ အစားထိုးကုသမှုဆိုင်ရာဌာနတွေကို သိအောင်လုပ်ထားရပါမယ်။ ခရီးရှည်သွားနိုင်တာကြောင့် ခရီးတစ်ခုလုံးစာအပြင် ဆေးအပိုတွေဆောင်သွားသင့်ပါတယ်။

အရေးပေါ်အခြေအနေတွေမှာ သင့်ကျန်းမာရေးဌာနကို ဆက်သွယ်န်ုငိဖို့ ဖုန်းနံပါတ်တွေလည်း ယူထားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုတွေက သင့်လုပ်ငန်းခွင်သို့ သင့်ကျောင်းသားဘဝကို ပြန်သွားနိုင်အောင် ကူည်ီပေးပါလိမ့်မယ်။

ခက်ခဲပင်ပန်းပြီးချိန် အနားယူဖို့လိုတယ်ဆိုတဲ့အတွေးကြောင့် အိပ်ရာထဲမှာပဲအချိန်မကုန်ပါနဲ့။ သင်လုံလုံလောက်လောက်အနားယူပြီးပြီဖြစ်တာကြောင့် လှုပ်ရှားမှုတွေစသင့်ချိန်ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    အသည်းအစားထိုးကုသပြီးနောက် သင့်ကလေးတွင် ဖြစ်ပွားနိုင်သော ဆိုးကျိုးများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Zin Wai Yan Lin
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 12, 2017 . 4 mins read