အစာအိမ်အနာလား၊ အူအနာလား ဘယ်လိုခွဲမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 20, 2020 . 2 mins read
Share now

ဗိုက်အောင့်တယ်။ တချို့က ဆာရင် အောင့်တယ်။ တချို့က စားရင်အောင့်တယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ မေးကြည့်လိုက်ရင်လည်း အစာအိမ်ရှိတယ်ဆိုတာလောက်ပဲ သိတယ်။ တချို့ကတော့ ဘာဖြစ်မှန်းတောင် မသိဘူး။ ဒီဆောင်းပါးမှာတော့ လက္ခဏာပေါ်မူတည်ပြီး အစာအိမ်အနာလား၊ အူအနာလားဆိုတာ ပြောပြပေးပါမယ်။

လက္ခဏာနဲ့ ပြောတာ ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်ပဲ မှန်မှာပါ။ အတိအကျသိချင်ရင်တော့ ဆေးစစ်ချက်တွေ ထပ်လုပ်ရမှာပါ။

အစာအိမ်အနာလား။ အူအနာလား။

အစာအိမ်အနာကို gastric ulcer လို့ခေါ်ပါတယ်။ အတိုကောက် GUလို့ ခေါ်ရအောင်။ အူအနာကိုတော့ duodenal ulcer လို့ ခေါ်ပါတယ်။ အတိုကောက်  DUလို့ ခေါ်ရအောင်။ အူအနာကတော့ အူသိမ်ဦးပိုင်းမှာ ဖြစ်တာများပါတယ်။

ဖြစ်ရတဲ့ အကြောင်းတွေကလည်း အတူတူလောက်ပါပဲ။

ကွာတာက ခံစားရတဲ့ လက္ခဏာတွေပါ။ အနည်းငယ်တော့ ကွာခြားနိုင်ပါတယ်။

ဘာတွေ ခံစားရမှာလဲ။

  • ဖြစ်တဲ့ပုံစံ

GUက အက်စစ်များလို့ဆိုတာထက် အစာအိမ်နံရံက အချွဲတွေ နည်းသွားလို့ အနာဖြစ်တာပါ။ DUကကျတော့ အက်စစ်တွေများပြီး အူနံရံကို စားလို့ ဖြစ်တာပါ။ အူနံရံက အချွဲတွေက အစာအိမ်နံရံလောက် အက်စစ်တွေကို ခံနိုင်ရည်မရှိပါဘူး။

  • နာတဲ့ပုံစံ

အစာအိမ်နာတာက စားလိုက်ရင် အစာခြေဖို့အတွက် အက်စစ်တွေ ထွက်လာလို့ အချွဲတွေ နည်းသွားသလို ဖြစ်ပြီး နာပါတယ်။ အူနာကတော့ ဗိုက်ထဲမှာ အစာမရှိရင် အက်စစ်နဲ့ အူနဲ့ တိုက်ရိုက်တွေ့လို့ နာတတ်ပါတယ်။

  • သက်သာတဲ့ပုံစံ

အစာအိမ်နာတဲ့သူက စားလိုက်ရင် နာတဲ့အတွက် ဘာမှ သိပ်မစားကြဘူး။ အက်စစ်ဓာတ်ထွက်တာ သက်သာအောင် နို့လေး၊ ဘာလေး သောက်ကြပါတယ်။ အစားမစားတာကြောင့် တဖြည်းဖြည်းနဲ့ ပိန်လာပါတယ်။

အူအနာဖြစ်တဲ့သူကကျတော့ ဆာလို့မရပါဘူး။ ဆာရင် နာလာလို့ တစ်ခု မဟုတ် တစ်ခု စားပြီး သက်သာအောင် နေကြပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ဝိတ်တက်လာပါတယ်။

  • ဖြစ်တဲ့အချိန်

Periodicity ဆိုတာ ရှိပါတယ်။ သီးသန့်နာတဲ့အချိန်ပေါ့။ ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် ဒီအချိန်ရောက်ရင် နာလာပါတယ်။ အထူးသဖြင့် အူအနာမှာ ဒီလိုနာတတ်ပါတယ်။ ၃လလောက် သက်သာသွားလိုက် ပြန်နာလိုက်၊ တချို့ကျတော့ ဆောင်းတွင်းဆိုနာပြီ စသဖြင့်ပေါ့။

  • အနာက သွေးထွက်ရင်

အနာက သွေးထွက်ရင် အစာအိမ်အနာက သွေးအန်တာ၊ ကော်ဖီရောင်အန်တာ များပါတယ်။ အူအနာကတော့ အောက်ကို ဆင်းတာများတာကြောင့် ဝမ်းထဲမှာ သွေးပါတာ များပါတယ်။

ဘယ်အနာလည်း သေချာသိချင်ရင် ဘာဆက်လုပ်နိုင်လဲ။

အခုပြောခဲ့တဲ့ လက္ခဏာတွေက လူအများစုမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကို ပြောထားတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒီထက်ပို သေချာချင်ရင်တော့ အောက်ကဆေးစစ်ချက်တွေ လုပ်ရမှာပါ။

  • H.pyloriကို ရှာဖွေတာ

အန္တရာယ်မရှိတဲ့ ရေဒီယိုသတ္တိကြွ ကာဗွန်ကို သောက်၊ လေပြန်မှုတ်ထုတ်ပြီး စမ်းသပ်တာပါ။ ဗိုက်ထဲမှာ ဘက်တီးရီးယားရှိနေရင် ရေဒီယိုသတ္တိကြွ ကာဗွန်ကို ဖြိုခွဲလိုက်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အနေနဲ့ ပြန်ထွက်လာပါတယ်။ ဒါကို စမ်းသပ်တာပါ။

  • မှန်ပြောင်းကြည့်တာ

အစာအိမ်နဲ့အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ပြီး အနာဘယ်နားမှာလဲဆိုတာကို ရှာတာပါ။ လိုအပ်ရင် အသားစပါ တစ်ခါတည်း ယူပါတယ်။ အကြောင်းက အစာအိမ်အနာတွေက ကင်ဆာ ပြောင်းတတ်လို့ပါ။

  • ဓာတ်မှန်ရိုက်တာ

Bariumလို့ ခေါ်တဲ့ အရည်တစ်မျိုးကို မျိုချပြီး ဓာတ်မှန်ရိုက်တာပါ။ အရည်ပါတဲ့အတွက် အနာရှိတဲ့နေရာကို ထင်ထင်ရှားရှား မြင်ရပါတယ်။

  • သွေးစစ်တာ

တခြား လိုအပ်တဲ့ သွေးစစ်တာတွေလည်း လိုအပ်ရင် လိုအပ်သလို လုပ်ရမှာပါ။

ဒီလောက်ဆိုရင် အစာအိမ်အနာနဲ့ အူအနာနဲ့ နည်းနည်းပါးပါး ခွဲလို့ရမှာပါ။ အကောင်းဆုံးကတော့ ဆေးစစ်တာပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးလေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

သွေးလေးဖက်နာ လေးဖက်နာရောဂါ အရိုးအဆစ်တွေပုံပျက် အရိုအဆစ်အမြစ်တွေရောင်ရမ်း Autoimmune အဆစ်တွေတောင့်တင်း ဆေးလိပ်သောက် အဝလွန်ခုခံအားကမောက်ကမဖြစ် နာတာရှည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်

ကိုယ်တွင်းအင်္ဂါအစားထိုး အသည်းအစားထိုး ကျောက်ကပ်အစားထိုး သွေးအမျိုးအစား ခုခံအားစနစ်ကူးစက်ရောဂါ ကင်ဆာရောဂါ ဆေးလိပ်သောက် အရက်သောက် တက်တူးထိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲ။

လူတွေက ဆေးစွဲတယ်ပြောလိုက်ရင် အမျိုးသားတွေကိုပဲ မြင်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသမီးလေးတွေလည်း ဆေးစွဲနိုင်ပါတယ်။ ဆေးစွဲတာကို ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

စတီးရွိုက် ပန်းနာရင်ကြပ် ပြင်းထန်ဓာတ်မတည့် ကော်တီစောဟော်မုန်း steroid withdrawl syndrome စပ်ဆေး Adrenal crisis tapering အကိုက်အခဲပျောက်ဆေး ဘေးထွက်ဆိုးကျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 3 mins read
အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read