ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 12, 2021 . 2 mins read
Share now

မြန်မာနိုင်ငံလိုပူနွေးစိုစွတ်တဲ့ နိုင်ငံမျိုးမှာ လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ဖူးကြမှာပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ အသေးအဖွဲ ကျန်းမာရေး ပြဿနာတစ်ခုလို့ထင်ရပေမဲ့ တကယ်ဆို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဆိုးရွားပါတယ်။

သမိုင်းမှာလည်း ကာလဝမ်း‌ရောဂါကပ်ဘေးကို (၇) ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး တစ်နှစ်မှာလူ‌ပေါင်း (၁၂၀,၀၀၀) ခန့်ဟာ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံး နေကြရဆဲပါလို့ ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း(WHO) က ကြေညာထားပါတယ်။

ဝမ်းလျှောတာလေးနဲ့ သေသင့်ရဲ့လားဆိုရင်တော့ ဝမ်းလျှောတဲ့အခါ သတိထားလိုက်နာရမယ့် အချက်တွေကို လွဲမှားစွာ သိရှိပြီး လိုက်လံကျင့်သုံးမိရင် အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။

ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။

(၁) ဝမ်းပိတ်ဆေး မသောက်ပါနဲ့။

ဝမ်းလျှောတာရပ်အောင်ဆိုပြီး ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေး ဝယ်‌သောက်ခြင်းဟာ အလွန်အန္တရာယ်များပါတယ်။

ဝမ်းလျှောနေတဲ့အခါ အူလမ်းကြောင်းတစ်လျှောက်မှာ ပိုးမွှားတွေ၊ အကျိအချွဲရည်တွေသာမက ပိုးမွှားတွေက ထုတ်ထားတဲ့ အဆိပ်တွေပါ ရှိနေပါတယ်။ ဒါတွေက ဝမ်းနဲ့အတူ အပြင်ကို  ထွက်သွားရမှာပါ။

ဝမ်းပိတ်ဆေးသောက်လိုက်မယ်ဆိုရင်တော့ အဲ့ဒီလို ထွက်လို့မရ‌အောင် ဝမ်းပိတ်ဆေးက တားဆီးလိုက်ပါတယ်။ ဒါဆိုရင် အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်တွေ၊ ပိုးတွေက ပိတ်မိကာ ပိုမိုများလာပြီး ခန္ဓာကိုယ်အနှံ့ပျံ့သွားကာ သွေးဆိပ်တက်ခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်ပါတယ်။ ဒါကြောင့် ဝမ်းလျှော‌နေစဉ်အတွင်း ဝမ်းပိတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် လုံးဝလုံးဝ မသောက်သင့်ပါဘူး။

(၂) စပ်ဆေး ဝယ်မသောက်ပါနဲ့

ဝမ်းလျှောလို့ နီးစပ်ရာဆေးဆိုင်ကနေ စပ်ဆေးဝယ်သောက်မိတတ်ကြပါတယ်။ စပ်ဆေးမှာ ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ ဝမ်းပိတ်ဆေး ပါလာနိုင်ပါတယ်။

ဒါ့အပြင် မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ ပါလာနိုင်တဲ့အတွက် ဝမ်းလျှောတာသက်သာ သွားစေနိုင်လင့်ကစား ရေရှည်မှာ ဆေးယဉ်ပါးတာ၊ ပိုးဆိပ်ပျံ့ပြီး သွေးဆိပ်တက်တဲ့အခါ ဆေးမတိုးတော့တာတွေ ဖြစ်စေနိုင်ပါတယ်။

(၃) ကော်ဖီ နဲ့ အရက်ကိုရှောင်ပါ။

ဝမ်းပျက်နေချိန် ကာဖင်းဓာတ်ပါတဲ့ ကော်ဖီအပြင် အရက်ကိုလည်း လုံးဝလုံးဝ မသောက်သုံးမိပါစေနဲ့။ ဒီအရာတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းလျှောတာကို ပိုဆိုးစေမှာပါ။

(၄) ဆီကြော်တွေ မစားမိပါစေနဲ့။

ဆီကြော်ထားတဲ့ အစားအစာတွေဟာ ဝမ်းလျှောတာအပြင် ‌ရေရှည်အနေနဲ့ဆို ကျန်းမာရေးအတွက်လည်း မ‌ကောင်းပါဘူး။

(၅) လေထစေတဲ့ အသီးအနှံတွေကို တတ်နိုင်ရင် ရှောင်ပါ။

 ဥပမာ၊ ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အရာတွေကို မစားမိရင် ပိုကောင်းပါတယ်။ အူလမ်းကြောင်းမှာ လေထစေခြင်းဟာ ဝမ်းပျက်တာကို ပိုဆိုးစေနိုင် ပါတယ်။

(၆) နို့နဲ့ နို့ထွက်ပစ္စည်းမစားသင့်ပါ။

အချို့သောလူတွေမှာတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုချေဖျက်ဖို့ အင်ဇိုင်းတစ်မျိုး ချို့တဲ့နေတတ်တာကြောင့် နို့သောက်လိုက်မိတဲ့ အခါတိုင်း ဝမ်းလျှောခြင်းကို ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် မိမိရဲ့ ဝမ်းလျှောမှုဟာ ဘာအကြောင်းကြောင့်ဖြစ်မှန်း မသိရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းကို‌ ရှောင်ထားတာ အကောင်းဆုံးပါ။

(၇) လေ့ကျင့်ခန်း မလုပ်ပါနဲ့။

ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အရည်ဓာတ်ဆုံးရှုံးမှုပမာဏ များတာကြောင့် ချွေးထွက်များစေမယ့် အပြုအမူမျိုးကို မဖြစ်မနေ ရှောင်ကြဉ်သင့်ပါတယ်။ အရည်ဓာတ်ဆုံးရှုံးမှုများတဲ့ အခါ ရှော့ခ်ရပြီး အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ဝမ်းလျှောပြီဆိုရင် ဖော်ပြပါ အချက်တွေကို မလုပ်မိဖို့ အလွန်အရေးကြီးပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုသာ လိုက်နာကျင့်သုံးပါ။

ရေးသားသူ- ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးတိုးရောဂါ (Hypertension)

သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

အမျိုးသားတွေက ဆရာဝန်တွေကို ရှောင်ရှားသူတွေ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားနေရတာမျိုးတွေကို အလေးမထား လျစ်လျူရှု့တတ်သူတွေရယ်လို့ နာမည်ကြီးသူတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစားအသောက်နဲ့ ဝိတ်ချ မယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

ဝိတ်ချမယ်ဆိုရင် ကိုယ်နဲ့ သင့်တော်တဲ့ စားသောက်မှုပုံစံကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ လေ့ကျင့်ခန်းအတွက်လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အင်းဆက် တွေက သင့်ကို ဘာရောဂါပေးနိုင်သလဲ။

အင်းဆက် တွေက သင့်ကို ဘာရောဂါပေးနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 2 mins read
အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read