ရင်ပူနေသူတွေအတွက် ဓါတ်စာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 18, 2020 . 2 mins read
Share now

စိုးရိမ်စိတ်ကြောင့်ဖြစ်တဲ့ရင်ပူမှုမဟုတ်ပါဘူး။ အယ်လ်ကိုဟောပါတဲ့သောက်စရာနဲ့ အစားအသောက်တွေကြာင့်ဖြစ်တဲ့ ရင်ပူမှုအကြောင်းလေးပြောချင်တာပါနော်။ မတည့်တာတွေကို မတည့်မှန်းသိပေမယ့် စားလိုက်မိတယ်၊ပြီးမှ အစာမကြေဘူး။ ရင်ထဲကပူတယ်ဆိုပြီးဖြစ်တတ်တဲ့ သူငယ်ချင်းလေးတွေများရှိလား။ ဒါဆိုရင်တော့ဒီဆောင်းပါးလေးက စားချင်တာတွေကို အကြိုက်စားပြီး ရင်ပူတတ်တယ်ဆိုတဲ့သူတွေအတွက် အသုံးတည့်မှာပါ။

ရင်ပူတယ်

ရင်ပူတယ်ဆိုတာက အစာရေမြိုအတွင်းကို အစာအိမ်ထဲက အက်ဆစ်တွေပြန်ဆန်တက်လာတာကြောင့် ရင်ဘတ်ထဲမှာ ပူစပ်ပူလောင်ကြီးခံစားရတာပါ။ များသောအားဖြင့် ရင်ဘတ်အလည်တည့်တည့်မှာခံစားရနိုင်ပါတယ်။ လှဲအိပ်တဲ့အခါမျိုး ညာဘက်စောင်းအိပ်တဲ့အခါမျိုးမှာ ရင်ပူမှုကို ပိုခံစားရနိုင်ပါတယ်။ ရင်ပူတာက အရမ်းမပြင်းထန်ဘူးဆိုရင် ဆရာဝန်ပြစရာမလိုပါဘူး။ များသောအားဖြင့်ကတော့ ရင်ပူတာက သူ့အလိုလိုသက်သာသွားတာပါ။

တကယ်လို့များ ရင်ပူတာနဲ့အတူ အသက်ရှုရခက်တာမျိုးနဲ့ အခြားပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုပါခံစားရမယ်ဆိုရင်တော့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်သင့်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်မနည်း ရင်ပူတဲ့ဝေဒနာခံစားရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုအပ်ပါမယ်။

ရင်ပူရင် ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ

  • အာခေါင်ထဲမှာ ချဉ်နေသလိုလိုဖြစ်နေမယ်
  • စားထားတာတွေပြန်အန်မယ်
  • လည်ပင်းထဲမှာ အစားတွေရှိနေသလိုခံစားရမယ်
  • ခေါင်းထဲက မူးပြီးချွေးတွေပြန်နေမယ်

ရင်ပူတာသက်သာစေမယ့် အစားအစာတွေက

ရင်ပူတာက အစာအိမ်ထဲမှာရှိနေတဲ့ အက်ဆစ်တွေ အစာရေမြိုထဲကိုပြန်ဆန်တက်လာတာကြောင့်ပဲတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ စားလိုက်တဲ့ အစားအစာတွေမှာပါတဲ့ အက်ဆစ်တွေကြာင့်လည်း ရင်ပူတာကို ခံစားရနိုင်ပါတယ်။ ရင်ပူတာကို သက်သာစေမယ့် အစားအသောက်လေးတွေကို စားသုံးပြီး ရင်ပူတာကို သက်သာအောင်လုပ်လို့ရပါတယ်နော်။

ဖရဲသီး – အသီးတော်တော်များများမှာ အက်ဆစ်ဓါတ်များတတ်ပေမယ့် ဖရဲသီးက အက်ဆစ်ပါဝင်မှုနည်းပါတယ်။ ရင်ပူသူတွေစားသုံးပေးလို့ရပါတယ်။ ဖရဲသီးအပြင်၊ သခွားမွှေးလိုမျိုး အသီးတွေကို စားသုံးပေးလို့ရပါတယ်။

ငှက်ပျောသီး – ငှက်ပျောသီးကလည်း ဖရဲသီးလိုမျိုး အက်ဆစ်ပါဝင်မှုနည်းတဲ့ အသီးတစ်မျိုးပါ။ အလွယ်တကူစားလို့ရသလို အရသာလည်းရှိတဲ့ ရင်ပူသက်သာစေမယ့် အစားအစာလေးတစ်ခုပါ။

အုတ်ဂျုံ – မနက်ခင်းစားတဲ့ အုတ်ဂျုံနဲ့လုပ်ထားတဲ့ Cereal ကလည်း ရင်ပူတာကို သက်သာစေနိုင်ပါတယ်နော်။ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုးမဖြစ်စေနိုင်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျှင်ဓါတ်ကိုရရှိစေနိုင်ပါသေးတယ်။

ပေါင်မုန့် – ရင်ပူနေသူအနေနဲ့ပေါင်မုန့်ကြမ်းစားပေးလို့ရပါတယ်။ အမျှင်ဓါတ်၊ ဗီတာမင်တွေနဲ့ အခြားသောအာဟာရဓါတ်တွေပါဝင်နေပါတယ်။

ထမင် – ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေပြီး ရင်ပူနေသူတွေအတွက် အထူးသင့်တော်ပါတယ်နော်။ ဆန်လုံးညိုဆိုရင် ပိုအဆင်ပြေပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ပဲစိမ်းတောင့် နဲ့ ပန်းဂေါ်ဖီစိမ်းလိုမျိုး အက်ဆစ်ပါဝင်မှုနည်းတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပေးလို့ရပါတယ်။

အဆီနည်းတဲ့ ကြက်သားနဲ့အသား -ပေါင်းထားတဲ့အသား ဒါမှမဟုတ် ကင်ထားတဲ့ အသားတွေစားလို့ရပါတယ်။ အရေခွံတော့မစားပါနဲ့။ကြော်ထားတဲ့ အသားတွေက အဆင်မပြေနိုင်ပါဘူး။
အာလူး – အာလူး၊ကန်စွန်းဥတွေကလည်း ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ကြက်သွန်နီကတော့ အဆင်မပြေနိုင်ပါဘူး။
ငါး – ရင်ပူနေချိန်မှာ အသင့်တော်ဆုံးကတော့ ငါးကို ကင်စားတာပါ။ အဆီအရမ်းမများဖို့တော့ သတိထားရပါမယ်။ကြော်ထားတာမျိုးတော့ မစားသင့်ပါဘူး။
ကြက်ဥအကာ – ပရိုတင်းကြွယ်ဝပြီး အက်ဆစ်ပါဝင်မှုနည်းပါတယ်။ ရင်ပူနေချိန်မှာ ကြက်ဥအနှစ်ကိုတော့ မစားသင့်ပါဘူး။ ကြက်ဥအနှစ်က ရင်ပူတာကို ပိုဆိုးစေနိုင်ပါတယ်။
နာနတ်သီး – နာနတ်သီးမှာပါတဲ့Bromelainဒြပ်ပေါင်းက ပရိုတင်းတွေကိုကြေညက်စေနိုင်ပြီ အစာမကြေတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ရင်ပူတာကိုသက်သာစေပြီး အစာခြေစနစ်ကိုကျန်းမာစေနိုင်ပါတယ်။
နေကြာစေ့ – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် E ပါဝင်တဲ့နေကြာစေ့က စားချဉ့်ရည်ပြန်ဆန်တက်တာကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ရင်ပူတာကို သက်သာစေနိုင်ပါတယ်။
ပန်းသီ – ပန်းသီးမှာပါတဲ့ ဖလေဗာနွိုက်က စားချဉ့်ရည်ပြန်ဆန်တက်တာကို သက်သာစေနိုင်သလို ရင်ပူတာကိုသက်သာစေနိုင်ပါတယ်။ ရင်ပူတာကို သက်သာစေဖို့ ပန်းသီးဖျော်ရည်သောက်လို့ရပါတယ်။
ကဲ ရင်ပူခံမနေနဲ့။ ဒါလေးတွေစားလိုက်နော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ချစ်တင်းမနှောခင် စားစေချင်

လိင် စွမ်းဆောင်ရည်ကို မြှင့်တင်ချင်၊ ကျေနပ်စရာစိတ်ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်ရင် ချစ်တင်းမနှောခင် ခုအစားအစာတွေကို မှီဝဲကြည့်ဖို့ လိုအပ်ပါလိမ့်မယ်

ရေးသားသူ Ye Zon Aung

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

လက်သည်းခြေသည်းလေးတွေက အလှတိုးစေသလို ကျန်းမာရေးကို ဖော်ပြပေးနေတဲ့ အရာလေးတွေဆိုရင်လည်း ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ကိုယ့်ရဲ့ စိတ်ဖိစီးမှုဝေဒနာကို လျော့ပါးစေဖို့ ဘယ်လို သဘာဝအစားအစာတွေကို မှီဝဲရမလဲဆိုတာကို သိနားလည်ထားရအောင် ပြောပြချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
eat for sleep debt

ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read