စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 12, 2021 . 2 mins read
Share now

လူရှေ့မရှောင် သူရှေ့မရှောင်ယားယံလာလို့ တင်ပါးကို ကုတ်နေရပြီလား။ လူအတော်များများ ဒီလို ယားဖူးကြမှာပါ။ နေမထိ ထိုင်မသာနဲ့ ကသိကအောင့်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ တင်ပါး(စအို)ယားတဲ့ကိစ္စကို ဘယ်လိုကုသဖြေရှင်းနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။

တင်ပါး(စအို)ယားခြင်းက ကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်နိုင်သလို နေထိုင်မှုပုံစံကြောင့်လည်းဖြစ်တတ်ပါတယ်။ ဆေးပညာအရ pruritus လို့ခေါ်ဆိုတဲ့ဒီပြဿနာက လူကြားထဲမှာဖြစ်ရင် ကုတ်ရလည်းအခက်၊ ဒီတိုင်းနေပြန်တော့လည်းအနေရခက်နဲ့ အတော်လေးဒုက္ခရောက်ရပါတယ်။ အရေပြားပြဿနာ၊ လိပ်ခေါင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်၊ ကူးစက်ရောဂါ စတဲ့အကြောင်းတွေကြောင့် တင်ပါး(စအို)ယားတတ်ပြီး ဖြစ်ပွားတဲ့ အကြောင်းရင်းကိုလိုက်ပြီး  ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ၊ သက်သာအောင်လုပ်လို့ရမလဲဆိုတာ ပြောပြပါ့မယ်။

ကူးစက်ရောဂါ – များသောအားဖြင့် မှို၊ ပိုးမွှား၊ ကပ်ပါး တစ်မျိုးမျိုးကူးစက်ခံရလို့ဖြစ်ရတာပါ။ ဒီ့အတွက်ကြောင့် ကူးစက်ခံရတဲ့ အကောင်ကိုနှိမ်နင်းပြီးကုသလိုက်လို့ရပါတယ်။ ယားယံတာသက်သာအောင် စတီးရွိုက်ပါတဲ့ လိမ်းဆေးလိမ်းပေးလို့လည်းရပါတယ်။

အရေပြားပြဿနာ – အရမ်းညစ်ပတ်တဲ့သူရော၊ အရမ်းသန့်တဲ့သူရော တင်ပါး(စအို)ယားနိုင်ပါတယ်။ ရှင်းပြပါ့မယ်။ အိမ်သာတက်ပြီးရေသေချာမဆေးကြောရင်၊ အညစ်အကြေးကို ပြောင်စင်အောင်မသုတ်ခဲ့ရင် အရေပြားမှာ ပိုးတွေပေါက်ပွားလာပြီးယားယံနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ တအားအသန့်လွန်ပြီး တင်ပါး(စအို)ကိုအမွှေးဆပ်ပြာဆီနဲ့ ခဏခဏဆေးကြောမယ်၊ စက္ကူနဲ့ပြင်းပြင်းထန်ထန်ပွတ်တိုက်မယ်ဆိုလည်း အရေပြားပါးလာပြီး တင်ပါး(စအို)ယားတတ် ပါသေးတယ်။ဒါ့ကြောင့်တင်ပါး(စအို)ဆေးတာ တော်ရုံသင့်ရုံပဲကောင်းပါတယ်။ ရေသန့်သန့်နဲ့ညင်ညင်သာသာဆေးပြီး အဝတ်သန့်သန့် (ဒါမှမဟုတ်) တစ်ရှူးနဲ့ ရေခြောက်အောင်သုတ်လိုက်ရင်လုံလောက်ပါပြီ။

အစားအသောက် – ကော်ဖီ၊ ကိုကာကိုလာ၊ အရက်၊  ချောကလက်၊ အပူအစပ်တွေနဲ့ ဝမ်းပျော့စေတဲ့အစားအသောက်တွေကို ဆင်ဆင်ခြင်ခြင်စားပါ။ ဝမ်းမချုပ်အောင်နဲ့ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဂရုစိုက်ရပါမယ်။

လိပ်ခေါင်းရောဂါ – ဒါဆိုရင်တော့ ဆေးကုသမှုခံယူဖို့လိုအပ်ပါပြီ။ တင်ပါး(စအို)ယားယံနေရတဲ့အဓိက အကြောင်းရင်းက လိပ်ခေါင်းကြောင့်ဖြစ်တာသေချာရင် လိပ်ခေါင်းအလုံးကို သားရေကွင်းပစ်ကုသတာ (banding) ဒါမှမဟုတ် ခွဲစိတ်ပြီးဖယ်ရှားပစ်တာ လုပ်ဖို့လိုအပ်နိုင်ပါတယ်။ ဘယ်ကုသနည်းက ကိုယ့်အတွက်ပိုအဆင်ပြေနိုင်မလဲဆိုတာ သိအောင်ခွဲစိတ်ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။

တင်ပါး(စအို)ကွဲနေခြင်း – ဝမ်းချုပ်ပြီးအရမ်းညှစ်ရတဲ့အခါမှာ စအိုလမ်းကြောင်းအတွင်းနံရံတွေအက်ကွဲသွားတတ်ပါတယ်။ ဒီလိုကွဲသွားရင် ယားလည်းယားသလို နာကျင်မှုလည်းခံစားမှာပါ။ တင်ပါး(စအို)ကွဲတာသိပ်အခြေအနေမဆိုးရင် လိမ်းဆေး၊ သောက်ဆေးလောက်နဲ့ ပျောက်ပါတယ်။ ကွဲသွားတာအရမ်းကြီးရင်တော့ ခွဲစိတ်ကုသရမှာပါ။

ဂရင်ဂျီနာ – စအိုလမ်းကြောင်းထဲမှာ ပိုးဝင်လို့ပြည်တည်နာဖြစ်ပြီး ပြည်တည်တဲ့လမ်းကြောင်းက အပြင်အရေပြား အထိပေါက်ထွက်သွားရင် ဂရင်ဂျီနာဖြစ်လာပါတယ်။ ဒီအခါမှာ စအိုလမ်းကြောင်းတွင်းက အရည်တွေအပြင်ကိုစိမ့်ထွက်ပြီး တင်ပါး(စအို)ယားယံမှုဖြစ်ပါတော့တယ်။ ဂရင်ဂျီနာဖြစ်ရင် ခွဲစိတ်ကုသမှုခံယူတာ အသင့်တော်ဆုံးပါ။

တင်ပါး(စအို)ယားမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါတွေကတော့

– ယားတဲ့နေရာကို petroleum ဂျယ်လီလိမ်းပေးလို့ရပါတယ်

– မကုတ်ဖို့ကြိုးစားကြည့်ပါ။ ဟုတ်ပါတယ်။ ကြားရတာနည်းနည်းတော့ ထူးဆန်းသလိုဖြစ်နေပေမဲ့ တင်ပါး(စအို)ယားတဲ့ ပြဿနာကယားလို့ကုတ်ရင် ပိုယားတတ်ပါတယ်။ အထူးသဖြင့် တင်ပါး(စအို)ယားတာက ညဖက်အိပ်ချိန်တွေမှာပိုဖြစ် တတ်တဲ့အတွက် ကိုယ့်ဖာသာတောင်မသိလိုက်ဘဲ ကုတ်မိတတ်ပါတယ်။ ကုတ်လိုက်တဲ့အခါမှာ လက်သည်းကြားကအညစ်အကြေးတွေနဲ့ထိတွေ့ပြီး တင်ပါး(စအို)ယားယံတာပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် ညဖက်အိပ်ရင် နူးညံ့တဲ့ချည်သားလက်အိတ်လေးဝတ်အိပ်သင့်ပါတယ်။ ဒါဆိုယားလို့ကုတ်ရင်တောင် လက်သည်းကြားကပိုးမွှားတွေမဝင်နိုင်တော့ဘူးပေါ့။

– အမျှင်ဓာတ်များများပါတဲ့ အစားအသောက်တွေစားပေးပါ။ အပေါ်မှာပြောခဲ့သလိုဘဲ ဝမ်းကျန်းမာရေးကောင်းမှ တင်ပါး(စအို)ယားတာမဖြစ်မှာပါ။ အမျှင်ဓာတ်ပါတဲ့အစားအသောက်တွေက ဝမ်းချုပ်၊ ဝမ်းလျှောတာကိုကာကွယ်နိုင်ပြီး အူလမ်းကြောင်းလှုပ်ရှားမှုကို အားပေးတဲ့အတွက် ကျန်းမာရေးအတွက်သင့်တော်ပါတယ်။

– အတွင်းခံကျပ်ကျပ်တွေမဝတ်ပါနဲ့။ ဖြစ်နိုင်ရင်ချည်သားနဲ့လုပ်တဲ့ အတွင်းခံပွပွတွေဝတ်ဆင်သင့်ပါတယ်။ ဖိုင်ဘာနဲ့ရက်လုပ်တဲ့အတွင်းခံထက် ချည်သားအတွင်းခံကအစိုဓာတ်ကိုပိုစုပ်ယူနိုင်ပါတယ်။ စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက်ဘောင်းဘီ ကျပ်ကျပ်တွေဝတ်လိုက်ရင် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ချည်သားအတွင်းခံဝတ်တဲ့သူတွေလည်း ဘောင်းဘီကိုမှန်မှန်လျှော်ဖွတ်ပေးဖို့ အရေးကြီးပါတယ်။

Dr.Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

Camping သွားတဲ့အခါ ဘယ်လိုကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်သလဲ။ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဘယ်လိုဆောင်ရန် ရှောင်ရန်တွေကို လိုက်နာသင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

မှတ်ဉာဏ်က မျက်စိမှိတ်ထားချိန်မှာတောင် စိတ်ကူးထဲမှာ ပုံရိပ်တွေပေါ်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီလိုလုပ်ဆောင်နိုင်စွမ်း မရှိကြပါဘူး။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ဘရာ Size မှားနေပြီလား

ဘရာ Size မှားနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 4, 2021 . 3 mins read