backup og meta

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အသည်းရောဂါများ


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အသည်းရောဂါများ

    အသည်းက တစ်ကိုယ်လုံးကျန်းမာဖို့အတွက် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဘောလုံးတစ်လုံးစာလောက်ပဲအရွယ်အစားရှိပေမယ့် လုပ်ပေးတဲ့တာဝန်တွေက တော်တော်လေးများပါတယ်။ ဒီလိုအရေးပါတဲ့ အသည်းကဘယ်လောက်ထိအရေးပါလဲဆိုတာနဲ့ ဘယ်လိုရောဂါတွေခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။

    အသည်းက ဘာတွေလုပ်ပေးတာလဲ

    အရေးပါတဲ့ ကိုယ်တွင်းအစိတ်အပိုင်းဖြစ်တဲ့ အသည်းက –

    အသည်းကို ထိခိုက်စေနိုင်တဲ့ အပြုအမူအချို့

    တစ်ခါတလေမှာ အမှတ်မထင်လုပ်မိတဲ့အပြုအမူတွေကြောင့် အသည်းထိခိုက်မှုတွြေဖစ်နိုင်ပါတယ်။ ဒီလိုအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းဟာ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ အပြုအမူတွေကြောင့် ထိခိုက်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့မိနေတဲ့အရာတွေကြောင့်လည်း အသည်းမှာထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာတော့ အသည်းရောဂါက မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်တတ်ပါသေးတယ်။

    မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အသည်းရောဂါတွေ

    အသည်းရောဂါကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့များသား။ စားသုံးလိုက်တဲ့အစားအစာတွေ ကိုင်တွယ်ထိတွေ့မိတဲ့အရာတွေမှာ ကပ်ညှိနေတဲ့ ရောဂါပိုးတွေက ခန္ဓါကိုယ်ထဲရောက်ရှိသွားပြီး အသည်းမှာသွားရောက်ကူးစက်မိတဲ့အခါ အသည်းရောင်ရမ်းလာပြီး အသည်းရဲ့စွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ဒီလိုကနေတဆင့် အချိန်ကြာလာနဲ့အမျှ ကုသရခက်တဲ့ အသည်းရောဂါတွေခံစားလာရနိုင်ပါတယ်။

    အသည်းကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးတွေက ဒီလိုနည်းတွေနဲ့ ကူးစက်နိုင်ပါတယ်

    • ရောဂါပိုးကူးစက်ခံထားရသူတွေရဲ့ သွေး၊ သုက်ပိုးကနေတဆင့်
    • ရောဂါပိုးရှိတဲ့ အစားအသောက်နဲ့ရေကနေတဆင့်
    • ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။

    အများဆုံးတွေ့ရှိရတဲ့ အသည်းရောဂါများ

    အသည်းရောင် အသားဝါ ဘီပိုး ရောဂါပိုးကူးစက်ခံထားရသူရဲ့သွေးနဲ့ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့အရည် ၊ သုက်ပိုးနဲ့ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါအသည်းမှာ အမာရွတ်ဖြစ်တာ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းသွားတာ၊ အသည်းကင်ဆာဖြစ်တာတွေခံစားရနိုင်ပါတယ်။ သေချာမကုသဘဲထားမယ်ဆိုရင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သွေးနဲ့ထိတွေ့မိတာ၊ အနာပေါက်ရှိနေပြီး အနာကနေတဆင့်ရောဂါပိုး ကူးစက်ဝင်ရောက်တာ၊ ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့မိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက –

    • အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်။
    • ဝမ်းအရောင်ဖျော့ဖျော့တွေသွားမယ်
    • အဖျားတက်မယ်
    • ရက်ရှည်လများ ပင်းပန်းနုံးချိသလိုခံစားနေရမယ်
    • အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ်
    • ဗိုက်ထဲကအောင့်မယ်။

    အသည်းရောင် အသားဝါ စီပိုးဒီရောဂါကလည်း သွေးကနေတဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံထားရသူတော်တော်များများမှာ ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရသူတွေမှာ များသောအားဖြင့်တော့ အခုလိုမျိုးရောဂါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက

  • အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်
  • ဆီးမည်းမည်းတွေသွားမယ်
  • ဗိုက်အောင့်မယ်
  • အစားစားချင်စိတ်မရှိဖြစ်မယ်
  • ပင်ပန်းနွမ်းနယ်မယ်
  • ခြေကုန်လက်ပန်းကျမယ်။
  • အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ – အရက်ကို နှစ်ရှည်လများ အလွန်အကျွံသောက်သုံးတာကြောင့် ခံစားရတဲ့ အသည်းရောဂါတစ်မျိုးပါ။ ဒီရောဂါက အချိန်ကြာလာတာနဲ့မျှ အသည်းခြောက်ရောဂါကိုဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ အသည်းတဝိုက်မှာ အဆီတွေဖြစ်လာစေပြီး အသည်းကိုရောင်ရမ်းစေနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက –

    အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းအရက်သောက်တာကြောင့်မဟုတ်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကြောင့် အသည်းတဝိုက်မှာ အဆီတွေစုလာပြီး ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါပါ။ ကိုယ်အလေးချိန်ရှိသင့်တာထက်များနေတာ၊ ဆီးချိုရောဂါရှိတာ၊ သွေးတွင်းကိုလက်စထရောများတာ၊သွေးတိုးရှိတာတွေကြောင့် အသည်းအဆီဖုံးရောဂါခံစားရနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက –

    • အသည်းကြီးလာမယ်
    • အမောမခံနိုင်ဖြစ်မယ်
    • ဝမ်းဗိုက်ညာဘက်အထက်ပိုင်းက အောင့်မယ်
    • အသားတွေ၊ မျက်လုံးအဖြူသားတွေ ဝါလာမယ်
    • လက်ဖဝါးတွေရဲလာမယ်
    • အမျိုးသားတွေမှာ ရင်သားတွေကြီးလာမယ်
    • သရက်ရွက်ကြီးလာမယ်။

    အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေက

    အသည်းရောဂါတွေက ကြောက်စရာကောင်းတယ်ဆိုပေမယ့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်လို့ရပါတယ်။ နေ့စဉ်နေထိုင်နေတဲ့ အမူအကျင့် စားသောက်မှုပုံစံတွေကို ပြောင်းလဲပေးတာကလည်း အသည်းရောဂါကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပေါ့။ အသည်းရောဂါတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ –

    • အရက်ဖြတ်ပါ။ မဖြစ်နိုင်ရင် အရက်လျှော့သောက်ပါ
    • အပ်တွေမျှဝေသုံးစွဲတာကိုရှောင်ကြဉ်ပါ
    • လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ
    • တက်တူးထိုးတာ၊ နားပေါက်ဖောက်တာတွေလုပ်တဲ့အခါ သန့်ရှင်းမှုရှိတဲ့ ဆိုင်ကိုရွေးချယ်ပါ
    • ကာကွယ်ဆေးထိုးထားပါ
    • ရောဂါပိုးရှိနေသူရဲ့ သွေးနဲ့ ခန္ဓါကိုယ်ကထွက်တဲ့ အရည်တွေကို အကာအကွယ်မပါဘဲ ထိတွေ့တာမျိုးမလုပ်ပါနဲ့
    • ဆေးတွေကို မလိုအပ်ဘဲ မသောက်ပါနဲ့
    • အဆိပ်ရှိတဲ့ ဓါတုပစ္စည်းတွေကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့
    • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
    • ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးပေးပါ
    • ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ ဘဝနေထိုင်မှုပုံစံကို ပျိုးထောင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement