backup og meta

အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတဲ့အခါ မြန်မြန်သက်သာစေဖို့ ဒါတွေဂရုစိုက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတဲ့အခါ မြန်မြန်သက်သာစေဖို့ ဒါတွေဂရုစိုက်ပါ

    အစာအိမ်ရောဂါဖြစ်လာတဲ့အခါ ခံစားရတာ မသက်သာလှပါဘူး။ ဆန်ပြုတ်သောက်ရုံ၊ နားနေရုံနဲ့ သက်တောင့်သက်သာ အမြန်နေကောင်းလာမယ်ထင်ပါသလား။ ပုံမှန်အတိုင်း အစားစားလို့လည်းမရ၊ မစားလို့လည်းမရ၊ စားလိုက်လည်း အစာအိမ်ကသိပ်လက်မခံတာ၊ အန်ချင်လာတာနဲ့ အတော်ခံစားရခက်ပါတယ်။

    ပြောတော့သာ အစာအိမ်ပြဿနာ၊ တကယ်တမ်းဖြစ်တဲ့ လက္ခဏာကျတော့ ဗိုက်အောင့်ရုံတင်မကဘဲ လက္ခဏာပေါင်းစုံစုပေးထားသလိုမျိုး။ ခေါင်းကိုက်ရင်ကိုက်မယ်၊ မအီမသာလည်းဖြစ်တယ်၊ အဖျားတက်သလို ချမ်းတုန်ရင်တုန်နေမယ်၊ အစာဝင်တာနဲ့ ထအန်ရင်အန်မယ်၊ ဝမ်းလျှောထားတဲ့ လူတစ်ယောက်လို အားကုန်နုံးချိနေမယ်၊ ပူလိုက်အေးလိုက်နဲ့ ခန္ဓာကိုယ်အပူချိန်မမှန်တာလည်း ဖြစ်ရင်ဖြစ်မယ်၊ ရင်ခေါင်းတွေအောင့်မယ်၊ တစ်ခါတစ်ခါ အလူးအလိမ့်ခံစားရတာတွေက  လူတစ်ယောက်နဲ့တစ်ယောက် လက္ခဏာချင်းမတူနိုင်ပါဘူး။

    ဒီလိုအချိန်မှာ ဆေးခန်းပြထားတယ်၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသောက်နေတယ်ဆိုပေမယ့်လည်း မြန်မြန်သက်သာအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားမယ်ဆို ခံစားရတဲ့ဒဏ်တွေလျော့တာပေါ့။

    ရေများများသောက်ပါ။

    ချွေးထွက်တာ၊ အန်တာတွေကြောင့် ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့အရည်ဓာတ်တွေ ကို ပြန်ရရှိဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ရေသောက်ဖို့ အဆင်မပြေသေးဘူးဆိုရင်လည်း ဇွန်းလေးနဲ့ တစ်ဇွန်းချင်းဖြစ်ဖြစ်၊ တစ်ငုံချင်းဖြစ်ဖြစ် အရည်ဝင်အောင် သောက်သင့်ပါတယ်။ ဘာတွေသောက်လို့ရလဲဆိုတော့ –

    • ရေ သို့မဟုတ် စွပ်ပြုတ်ရည်တို့လို အရည်အကြည်
    • ဓာတ်ဆားရည်တို့ကို သောက်လို့ရတယ်။

    ဒါတွေမသောက်ပါနဲ့။

    • ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊
    • အယ်လ်ကိုဟော ပါတဲ့၊ ကဖင်းဓာတ်များတဲ့သောက်စရာတွေကို ရှောင်ပါ။

    ဒါတွေမစားပါနဲ့။

    အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းနေတဲ့အချိန်မှာ နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေနဲ့ အပူအစပ်တွေကို ရှောင်ပါ။

    • နို့ထွက်ပစ္စည်း –

    အစာအိမ်ပြဿနာဖြစ်နေတဲ့အချိန်မှာ နွားနို့နဲ့မတည့်တာက လူတိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့မှာတော့ နို့ထွက်ပစ္စည်းတွေကြောင့် အစာကြေဖို့ခက်ခဲပြီး လေပွတာ၊ ဝမ်းပျက်တာတွေ ဖြစ်စေနိုင်ပါတယ်။

  • အမျှင်ဓာတ် 

  • ဒီအချိန်မှာ အမျှင်ဓာတ်ကို မလိုအပ်ပါဘူး။

  • အဆီများတာတွေ 

    အဆီများ၊ အငန်များတဲ့ အစားအသောက်တွေက အစာခြေလမ်းကြောင်းကို ဒုက္ခပေးနိုင်တာကြောင့် ရှောင်ပါ။

  • အပူအစပ် 

  • ရောဂါမသက်သာမချင်း ငရုတ်သီးများတဲ့၊ အနှစ်များတဲ့ ဟင်းတွေမစားပါနဲ့။

    ကောင်းကောင်းအနားယူပါ။

    အစာအိမ်ရောင်တဲ့အချိန်မှာ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်ဖို့ အနားယူဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင်အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်းမခံဘဲ နားနားနေနေ နေပါ။

    ဆေးမှန်မှန်သောက်ပါ။

    ဒါကတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရင် ရပါတယ်။ ဆေးပုံမှန်သောက်ပြီး ဆင်ခြင်နေထိုင်လိုက်ရုံနဲ့ မြန်မြန်သက်သာနိုင်ပါလိမ့်မယ်။ ကျန်းမာရေးပြန်လည်နာလန်ထူနိုင်ဖို့က ဆရာဝန်ရဲ့ကုသမှုတင်မက ကိုယ့်အပေါ်လည်း မူတည်နေပါသေးတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement