backup og meta

ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဘယ်လို ဖယ်ရှားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဘယ်လို ဖယ်ရှားမလဲ

    ဝက်ခြံအမာရွတ်များသည် ဝက်ခြံဖြစ်ပြီးနှစ်ပေါင်းများစွာ အထိကျန်ရှိနေနိုင်ပါသည်။ ထိုအခါ မိမိကိုယ်ကို ယုံကည်ကြည်မှုကျဆင်းခြင်းနှင့် စိတ်အားငယ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ သို့သော် သင့်တော်သောကုသမှုများခံယူပါက သင့်ကိုချက်ချင်း ပျောက်ကင်းသွားစေနိုင်သလို အမာရွတ်များ သေးငယ်သွားအောင်ကူညီပေးနိုင်ပါသည်။

    ၁။ ဓါတုဗေဒနည်းဖြင့် ချေးချွတ်ခြင်း

    ၎င်းသည် အမာရွတ်ဖြစ်နေသော အရေပြားအပါ်လွှာကိုဖျက်ဆီးပစ်လိုက်ပြီး အရေပြားအသစ်ပွားလာစေရန် ဓါတုဗေပစ္စည်းတမျိုးအသုံးပြုခြင်းဖြစ်သည်။ အသက်ကြီး၍အရေပြားပျက်စီးလာခြင်း၊ ချိုင့်ခွက်များရှိခြင်းနှင့် ဝက်ခြံအမာရွတ်များအတွက် ထိုနည်းကိုအသုံးပြုနိုင်သည်။

    အသုံးပြုသော ဓါတုပစ္စည်းများမှာအောက်ပါအတိုင်းဖြစ်သည်။

  • Glycolic အက်ဆစ် – ၎င်းသည်အသီးများနှင့် နို့မှရရှိသော Alpha hydroxyl acid အမျိုးအစားဖြစ်ပြီး အရေပြားအပေါ်ယံလွှာကိုပါးသွားစေပြီး အမာရွတ်ကိုဖျော့သွားစေသည်။ အချို့သူများတွင် ဓါတ်မတည့်မှုအနည်းငယ်ကိုတွေ့ရသော်လည်း ကြီးမားသောဆိုးကျိုးများတွေ့ရလေ့မရှိပါ။
  • Jessner’s အရည် – ၎င်းသည် Salicylic acid, resorcinol နှင့် lactic acid တို့ပေါင်းစပ်ထားသော အရည်တမျိုးဖြစ်ပြီး ရောဂါပိုးဝင်နေသောဝက်ခြံနေရာကိုသာလျှင်လိမ်းပေးရသည်။ အနာကျက်ရန် ၆ လတာမျှကြာမြင့်သည်။
  • Trichloroaceetic acid – ၎င်းကို ၁၈၈၂ ခုနှစ်တွင် ဂျာမဏီမှ အရေပြားဆရာဝန်တယောက်မှစတင်ဖော်စပ်ခြင်းဖြစ်သည်။ ဠင်းသည် အရေပြား၏ ပရိုတင်းဓါတ်ကိုပြောင်းလဲလိုက်ကာ အဖြူရောင် အမြှုပ်များဖြစ်လာစေပြီးဝက်ခြံအမာရွတ်များကိုသက်သာစေသည်။
  • ၂။ အသေးစားအရေပြားအလွှာ ဖယ်ရှားခြင်း

    ၎င်းတို့ကိုပြုလုပ်ခြင်းဖြင့် အရေပြားအပါ်ယံလွှာဆဲလ်များပိုပွားကာ အရေပြားကိုကြည်လင်လာစေပြီး အမာရွတ်များကိုထိရောက်စွာသက်သာစေပါသည်။ ထိုကုသမှု ၂ခု၏ကွာခြားချက်မှာ နည်းပညာပင်ဖြစ်သည်။

    အရေပြားအလွှာဖယ်ရှားခြင်းသည် အရေပြားပေါ်ရှိ ပရိုတင်းတည်ဆောက်ပုံများကိုပြောင်းလဲစေပြီး အရေပြားအပေါ်ယံလွှာထဲသို့ထိုးဖောက်ကာ အမာရွတ်များကိုကုသပေးသည်။

    အသေးစား အရေပြားအလွှာဖယ်ရှားခြင်းသည်သည် အရေပြားအပေါ်ယံ တစ်လွှာတည်းကိုသာဖယ်ရှားပေးပြီး အချိန်တိုတွင်းထပ်ခါထပ်ခါပြူလုပ်ရန်လိုအပ်ပြီးအရေပြားအလွှာဖယ်ရှားခြင်းနှင့်နှိုင်းစာလျှင် အရေပြားအတွင်းထိနက်နဲသော အမာရွတ်များကိုမူ ဖယ်ရှားနိုင်ခြင်းမရှိပါ။

    ၃။ လေဆာရောင်ခြည်ဖြင့်ကုသခြင်း

    အတွင်းထိနက်သော အမာရွတ်များနှင့် ချိုင့်ခွက်များကို လေဆာရောင်ခြည်အသုံးပြုကာဖယ်ရှားနိုင်ပါသည်။Carbon dioxide နှင့် Erbrium YAG ဖြင့်ကုသခြင်းသည် အမာရွတ်ရှိနေသော အသားစများကို အရည်ပျော်သွားစေခြင်း၊ အငွ့ပျံသွားစေခြင်းဖြင့် ကုသပေးသည်။

    ထိုသို့မဟုတ်ဘဲ NDYAG / DIODE laser ဟုခေါ်သော အရေပြားတွင် ဆဲလ်အသစ်များဖြစ်စေကာ အမာရွတ်များကို တဖြေးဖြေးမှိန်ဖျော့သွားစေအောင်ကုပေးသော လေဆာရောင်ခြည်ကုထုံးလည်းရှိပါသည်။

    အချူပ်ဆိုရသော် သင့်အရေပြားတွင် ဝက်ခြံကြောင့်အမာရွတ်များဖြစ်ပြီး စိတ်ညစ်နေရလျှင် သင့်ဆရာဝန်နှင့်တိုင်ပင်ပြီးမှန်ကန်သော ကုသမှုများကိုရွေးချယ်ပါ။ ဝက်ခြံအမာရွတ်ကုသမှုများသည် သဘာကုထုံး၊ ဆေးများ၊ လေဆာကုထုံးစသည်ဖြင့် အမျိုးမျိုးရှိကြောင်းသိရှိနိုင်စေရန်မျှဝေလိုက်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement