backup og meta

ဝက်ခြံအမာရွတ်တွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအမာရွတ်တွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ

    ဝက်ခြံဆိုတာဘက်တီးရီးယားကြောင့် ဖြစ်ပွားလေ့ရှိတဲ့အရေပြားရောဂါတမျိုးဖြစ်ပြီးမျက်နှာ၊လည်ပင်း၊ကျောနဲ့ရင်ဘတ်တွေမှာအဓိက ဖြစ်လေ့ရှိပါတယ်။ ဝက်ခြံရဲ့အထင်ရှားဆုံးသောနောက်ဆက်တွဲ ပြဿနာကအမာရွတ်ကျန်ခဲ့တာဖြစ်ပြီးဒီလိုအမာရွတ်တွေကိုကုသဖို့နှစ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ ဒါကြောင့်ထိရောက်တဲ့ကုသမှုနည်းလမ်းကိုဆုံးဖြတ်နိုင်စေဖို့အတွက်ဝက်ခြံအမာရွတ်တွေဘာလို့ဖြစ်ရတာလဲဆိုတာသိရှိနားလည်ဖို့အရေးကြီးပါတယ်။

    ဝက်ခြံအမာရွတ်တွေဘာလို့ကျန်ခဲ့တာလဲ။

    အမေရိကန်အရေပြားဗေဒအဖွဲ့ကြီးရဲ့အဆိုအရဝက်ခြံပေါက်နေသူတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းဟာသူတို့ရဲ့အမာရွတ်တွေကြောင့်စိတ်ဆင်းရဲနေကြရတယ်လို့ဆိုပါတယ်။ တကယ်တော့အမာရွတ်ဆိုတာကျွန်တော်တို့ခန္ဓါကိုယ်ကဝက်ခြံပျောက်အောင်တိုက်ထုတ်ပေးလိုက်တဲ့အမှတ်အသားတခု ဖြစ်ပါတယ်။ ဝက်ခြံပေါက်တာဟာလည်းအရေပြားထိခိုက်မှုတမျိုးဖြစ်တာကြောင့်နီရဲရောင်ရမ်းတဲ့အဆင့်ကျော်လွန်လို့ပျောက်ကင်းသွားပြီဆိုရင်အမာရွတ်ဖြစ်ပြီးကျန်ရစ်ခဲ့မှာပါ။ နီရဲရောင်ရမ်းတဲ့ ဖြစ်စဉ်အတွင်းအရေပြားမှာရှိတဲ့ကော်လဂျင်ဓါတ်တွေဖျက်ဆီးခံလိုက်ရပြီးအမာရွတ်တွေ၊အရေပြားချိုင့်ခွက်တွေဖြစ်ပြီးကျန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာအရေပြားတစ်ရှူးတွေရောအရေပြားကိုထောက်ပံ့ပေးထားတဲ့အရာတွေအားလုံးပါပျက်စီးဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ဝက်ခြံအမာရွတ်အများစုဟာမျက်နှာမှာပဲဖြစ်လေ့ရှိတာမို့လူနာအနေနဲ့မိမိကိုယ်ကိုယုံကြည်မှုကျဆင်းစေပါတယ်။ အသက်ကြီးလာလေလေကော်လဂျင်ဓါတ်တွေနှစ်စဉ်ပိုမိုဆုံးရှုံးလေဖြစ်တာမို့အမာရွတ်ဟာပိုပိုပြီးထင်ရှားလာမှာပဲ ဖြစ်ပါတယ်။

    ဝက်ခြံအမာရွတ်ဘယ်နှစ်မျိုးရှိသလဲ။

    ပုံမှန်ခပ်သေးသေးအမာရွတ်၊အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ဆိုပြီးအတွေ့ရအများဆုံးအမာရွတ်အမျိုးအစားသုံးမျိုးရှိပါတယ်။ လူတယောက်နဲ့တယောက်အမာရွတ်ဖြစ်ပေါ်ပုံကမတူညီနိုင်ပါဘူး။

    ၁။ ပုံမှန်ခပ်သေးသေးဝက်ခြံအမာရွတ် ။

    ဒါဟာအဖြစ်အများဆုံးဝက်ခြံအမာရွတ်အမျိုးအစား ဖြစ်ပြီးအရေပြားမှာချိုင့်တွေဖြစ်စေတဲ့အမာရွတ်၊လေးထောင့်ပုံစံရှိတဲ့အမာရွတ်နဲ့ခပ်ထူထူလှိုင်းပုံစံရှိပြီးအသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ဆိုပြီးထပ်မံခွဲခြားနိုင်ပါတယ်။ အရေပြားချိုင့်ဖြစ်စေတဲ့အမာရွတ်လေးတွေဟာ၂ မီလီမီတာလောက်ပဲရှိတတ်တဲ့အတွက်သေးငယ်ပြီးခပ်နက်နက်ဖြစ်ကာအင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရှိပါတယ်။ အသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ကတော့၄-၅ မီလီမီတာလောက်ရှိတတ်တဲ့အတွက်အနည်းငယ်ပိုကြီးပြီးအင်္ဂလိပ်အက္ခရာ M ပုံသဏ္ဍာန်ရှိပါတယ်။ လေးထောင့်ပုံစံရှိတဲ့အမာရွတ်ကတော့အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန်ရှိပြီးအောက်ခြေကျယ်ပါတယ်။

    ၂။ ကော်လဂျင်ဓါတ်မညီမျှမှု

    (နည်းလွန်းတာ၊များလွန်းတာတွေ)ကြောင့်အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမာရွတ်အထူအကြီးစားဟာအရေပြားပေါ်မှာထူထဲတဲ့ကော်လဂျင်ဖုတွေ ဖြစ်ပေါ်လာတာကြောင့်ဖြစ်ပြီးအများအားဖြင့်ပန်းရောင်ရှိပါတယ်။ အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ကတော့ခရမ်းရောင်ပုပ်ပုပ်ဖြစ်ပြီးအမာရွတ်အထူအကြီးစားထက်အနည်းငယ်ပိုသေးပါတယ်။

    တကယ်လို့သင့်အနေနဲ့ဝက်ခြံတွေပေါက်နေပြီဆိုရင်စနစ်တကျစစ်ဆေးပြီးမှန်ကန်သင့်တော်တဲ့ကုသမှုတွေကိုခံယူနိုင်ဖို့အတွက်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သဘာဝနည်းနဲ့ကုသတာ၊ဆေးဝါးအသုံးပြုပြီးကုသတာဒါမှမဟုတ်လေဆာသုံးပြီးကုသတာစသဖြင့်ကုသနည်းအမျိုးမျိုးရှိပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement