backup og meta

မျက်နှာမှာမပေါက်တဲ့ဝက်ခြံများအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာမှာမပေါက်တဲ့ဝက်ခြံများအကြောင်း

    ဝက်ခြံဆိုရင် အားလုံးနီပါး မျက်နှာပေါ်က အဖြူဝတ်ဆံတွေနဲ့ ရဲမှည့်နေတဲ့ အဖုကြီးတွေကိုပဲ အရင်ဆုံး မြင်မိကြမှာပါ။ တချို့လူတွေမှာတော့ ဝက်ခြံက မျက်နှာမှာ ပေါက်ပေမယ့် တချို့တွေမှာ မျက်နှာမဟုတ်ဘဲ နား၊ လည်ပင်း၊ ကျောပြင်နဲ့ ဝမ်းဗိုက်တွေမှာ ပေါက်လေ့ ရှိကြပါတယ်။ တော်တော်များများက မျက်နှာပေါ်က ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေဖို့ ကြိုးစားအားထုတ်ကြပေမယ့် ခန္ဓါကိုယ်ပေါ်က ဝက်ခြံတွေကိုတော့ မေ့လျော့နေပါတယ်။ တကယ်တော့ ခန္ဓါကိုယ်က ဝက်ခြံတွေ ရောင်ရမ်းပြီး နာကျင်တာကလည်း ခံရခက်တဲ့ ဝေဒနာပါပဲ။

    ခန္ဓါကိုယ်မှာ ဝက်ခြံထွက်ပေါ်ရတဲ့အကြောင်းရင်းများ

    American Academy of Dermatology အရ ခန္ဓါကိုယ်မှာ ချွေးပေါက်တွေ ပိတ်ဆို့နေခြင်း၊ ဆဲလ်သေတွေ ရှိနေခြင်းနဲ့ ခန္ဓါကိုယ်ကထွက်တဲ့ သဘာဝအဆီတွေက ချွေးပေါက်တွေထဲ ပိတ်မိနေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်စေပြီး ဝက်ခြံထွက်စေပါတယ်။ ဒါကဝက်ခြံတွေအပြင် ခန္ဓါကိုယ်မှာ ဆားဝက်ခြံတွေပါ ဖြစ်လာစေတယ်လို့ သိရပါတယ်။ ခန္ဓါကိုယ်မှာ ဝက်ခြံထွက်စေတဲ့ နောက်ထပ်အကြောင်းရင်း တစ်ချက်ကတော့ ကျပ်လွန်း၊ ခန္ဓါကိုယ်နဲ့ကွက်တိဖြစ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်တာကြောင့်ပါ။ အင်္ကျီတွေကျပ်လွန်းတာကြောင့် အရေပြားဟာ လေကောင်းကောင်းမရဘဲ ယားယံကာ ဝက်ခြံတွေ ထွက်စေပါတယ်။ ရေချိုးတဲ့အခါမှာလည်း ကျောပြင်ဘက်အခြမ်းက လက်လှမ်းမှီဖို့ ခက်တာကြောင့် ဆပ်ပြာသေချာ မတိုက်မိတာတွေ ဖြစ်ရင် ဘက်တီးရီးယားတွေ ရှိပြီး ဝက်ခြံထွက်စေပါသေးတယ်။ ဝက်ခြံတွေ ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ သတိမထားမိတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ အိပ်ရာခင်းပါ။ အိပ်ရာခင်းမှာ အညစ်အကြေးတွေ၊ ချွေးအဆီတွေ ကပ်နေတတ်ပြီး အိပ်တဲ့အခါ ခန္ဓါကိုယ်ကို ထိတွေ့တာကြောင့် ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

    ခန္ဓါကိုယ်ရှိဝက်ခြံတွေ ပျောက်စေမယ့်နည်းလမ်းများ

    မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါက ဝက်ခြံတွေ ပျောက်ကင်းစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ အသားအရေရဲ့ ရေဓါတ်ကို ထိန်းညှိပေးတာမို့ ဝက်ခြံတွေ ကင်းစေပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း(၄) ဇွန်းကို ရေလေးနည်းနည်းနဲ့ ရောပြီး ခပ်ပျစ်ပျစ်လေး မွှေပါ။ နောက်တော့ ဝက်ခြံနေရာတဝိုက်မှာ လိမ်းထားပေးပြီး မိနစ်အနည်းငယ်ကြာမှ ရေဆေးချပါ။

    ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်က ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အသားအရေကို ကြည်လင်အောင် အားဖြည့်ပေးနိုင်တာမို့ ကျောဘက်က ဝက်ခြံတွေ ပျောက်ကင်းစေပါတယ်။ ကျောဘက်ရှိ ဝက်ခြံတွေနေရာမှာ ပန်းသီးရှာလကာရည်လေး သုတ်လိမ်းထားပေးပါ။ ညမအိပ်ခင် လိမ်းရင် ပိုကောင်းပါတယ်။ နောက်မှ ရေဆေးချပါ။ တပတ်ကို (၃) ကြိမ်လောက်လုပ်မယ်ဆိုရင် ပျောက်ကင်းသွားမှာပါ။

    ပျားရည်

    ပျားရည်ကတော့ အစိုဓါတ်ကို ထိန်းပေးတာမို့ အသားအရေကို ချောမွေ့စေပါတယ်။ ပျားရည်ကို အုတ်ဂျုံမှုန့်လေး နည်းနည်းနဲ့ ရောပြီး ဝက်ခြံရှိတဲ့နေရာမှာ လိမ်းပြီး အအေးခံပါ။ ခြောက်သွားတယ်မှ ရေအေးလေးနဲ့ဆေးပါ။ မိနစ်(၂၀) လောက်တော့ ကြာအောင် ထားပါ။ ခန္ဓါကိုယ်မှာရှိတဲ့ ဝက်ခြံတွေ ပျောက်ကင်းသွားမှာ သေချာပါတယ်။

    ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ကတော့ ဝက်ခြံအတွက် ဆေးဖက်ဝင်ပါပဲနော်။ ရှားစောင်းလက်ပပ်ကို အပြင်ခွံတွေ လှီးပြီး အတွင်းပိုင်း ဂျယ်လ်လေးနဲ့ ယူလိုက်ပါ။ နောက်တော့ ဝက်ခြံရှိတဲ့နေရာမှာ ကပ်ထားပါ။ ခြောက်သွားမှ ရေအေးအေးလေး ဆေးချပါ။ ဒီလိုလေး လုပ်မယ်ဆိုရင်တော့ မကြာခင် ပျောက်သွားမှာ သေချာပါတယ်။

    ခန္ဓါကိုယ်မှာ ဝက်ခြံထွက်စေတဲ့ အကြောင်းရင်းတွေကို သိပြီးပြီဆိုတော့ ရှောင်ရှားရင်း ဝက်ခြံတွေ ပျောက်ကင်းစေမယ့် နည်းလမ်းလေးကို လုပ်ဆောင်ကြည့်ပေးနော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement