backup og meta

မိတ်ကပ်သုံးစွဲမှုသည် ဝက်ခြံကုသမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသလား


Dr. K Zin Thwe မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိတ်ကပ်သုံးစွဲမှုသည် ဝက်ခြံကုသမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသလား

    မကြာသေးမီက လေ့လာချက်များအရ ဘရာဇီးနိုင်ငံမှအမျိုးသမီးများ၏ ၄၅%သည် အလှကုန်ပစ္စည်းများကြောင့် အရေပြားရောဂါများ ခံစားနေကြရပြီး ၁၄% ခန့်သည် အလှကုန်ပစ္စည်းသုံး၍ဖြစ်သော ဝက်ခြံကြောင့်အရေပြားပျက်စီးမှုများဖြစ်နေသည်ကိုတွေ့ရသည်။

    မိတ်ကပ်ပစ္စည်းများသုံးခြင်းသည် ဝက်ခြံကိုဖြစ်စေသည်။ သို့သော် ၎င်းတို့ကိုရှောင်ကြဉ်ခြင်းဖြင့်လည်း အသားရေပျက်စီးမှုကို လျှော့ချနိုင်ပါသည်။ အများစုက အလှကုန်ပစ္စည်းများသည် ဝက်ခြံပေါက်စေနိုင်ကြောင်းလက်ခံထားကြသည်။ အောက်ပါအချက်များသည် သင့်အရေပြားကို ထိန်းသိမ်းနိုင်ရန်ကူညီပေးလိမ့်မည်။

    မိတ်ကပ်လိမ်းလျှင် ဝက်ခြံပေါက်ရခြင်းအကြောင်းရင်းများ

    အဓိကကြောင်းရင်းသည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းအချို့တွင်ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် မွေးညင်းပေါက်များကိုပိတ်စေကာ ထိုအပေါက်များထဲမှ အဆီနှင့် အရေပြားဆဲလ်အသေများကိုမစွန့်ထုတ်နိုင်သောကြောင့် ဝက်ခြံပိုဖြစ်လာရခြင်းဖြစ်သည်။

    မွေးညင်းပေါက်များ ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများသည် အရေပြားလွှာထဲတွင်ခိုအောင်းကာ ရောင်ရမ်းမှုကိုဖြစ်စေသည်။ အချို့သော မိတ်ကပ်များသည် ဂျုံမှရသော ဆီတစ်မျိုး၊ အနီရောင်ရေမှော် ၊ ရေညှိနှင့် Sodium chloride / potassium Chloride တို့ပါဝင်ပြီး ၎င်းတို့သည် မွေးညင်းပေါက်ပိတ်ခြင်းနှင့် အရေပြားဓာတ်မတည့်မှုဖြစ်ကာရောင်ရမ်းခြင်းတို့ဖြစ်စေကာ ဝက်ခြံပိုပေါက်စေပါသည်။

    မိတ်ကပ်ကြောင့်ဖြစ်သော ဝက်ခြံများကို ဘယ်လိုကုသမလဲ။

    အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် မိတ်ကပ်ကြောင့်ဖြစ်သောဝက်ခြံများကို သက်သာစေလိမ့်မည်။

    ပထမဦးစွာ သင်ဝယ်သုံးမည့်အလှကုန်ပစ္စည်းများတွင် Non comedogenic(ဝက်ခြံမဖြစ်စေသော)၊ hypoallergic (ဓါတ်မတည့်မှုကိုလျှော့ချပေးသော)၊ oil free hypoallergenic (အဆီမပါသော ၊ အရေပြားဓာတ်မတည့်မှုနည်းစေသော) စသဖြင့်ရေးသားထားသော စာများပါမှဝယ်သုံးပါ။

    အကယ်၍သင်သည် မိတ်ကပ်အမျိုးအစားသစ်တစ်မျိုးကို စမ်းသုံးမိ၍ ဝက်ခြံများရက်ဆက်ပေါက်လာလျှင် ၄င်းတွင်ပါဝင်သောပစ္စည်းများနှင့် ဓာတ်တည့်မှုရှိမရှိသိရန် ဆရာဝန်ထံသွားပြပါ။ အချို့သော ဝက်ခြံအတွက်ထုတ်ထားသော အလှကုန်ပစ္စည်းအများစုတွင် Salicylic acid ပါဝင်ပြီး ၎င်းသည် ဝက်ခြံကုရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည်။

    သင်သည် လေ့ကျင့်ခန်းမလုပ်မီနှင့် အိပ်ရာမဝင်မီ မိတ်ကပ်ဖျက်ရန်လိုအပ်သည်။

    အထူးသဖြင့် သင်သုံးနေသော မိတ်ကပ်တွင်ပါဝင်သော ပစ္စည်းအမျိုးအစားများကို တိတိကျကျသိခြင်းဖြင့် ဝက်ခြံမပေါက်အောင်ထိန်းသိမ်းနိုင်ပါမည်။

    အိပ်ရာမဝင်မီမျက်နှာသစ်ရန်လည်း မမေ့ပါနှင့်။ အကြောင်းမှာ မိတ်ကပ်ကိုကြာရှည်စွာ လိမ်းထားခြင်းသည် မျက်နှာရှိချွေးပေါက်များကိုပိတ်စေပြီး ရေနှင့်သန့်စင်ရန်ပိုခက်ခဲစေသောကြောင့်ဖြစ်သည်။ ထိုအခါ ဝက်ခြံပိုဖြစ်စေပါသည်။

    အကယ်၍ သင်အသုံးပြုနေသော မိတ်ကပ်ကြောင့်မျက်နှာယားလာခြင်း၊ နီရဲရောင်ရမ်းလာခြင်းတို့ဖြစ်လာပါက မိတ်ကပ်ကိုဆက်မသုံးဘဲ တိုးတက်မှုရှိမရှိစောင့်ကြည့်ပါ။

    မိတ်ကပ်ကြောင့်ဖြစ်သော ဝက်ခြံများသည် ပိုဆိုးရွားနိုင်ပြီး ခဏခဏပြန်ဖြစ်စေသောကြောင့် နှစ်ကာလကြာရှည်စွာမပျောက်ဘဲဖြစ်တတ်သည်။ တစ်ခါတရံတွင် ဝက်ခြံပျောက်ပြီးလများစွာကြာမှပြန်ဖြစ်သောကြောင့် အကြောင်းရင်းရှာမရဖြစ်နေတတ်သည်။ အကြောင်းမှာ အလှကုန်ပစ္စည်းများကြောင့်ပင်ဖြစ်ပါသည်။၎င်းသည် အချိန်ကာလတစ်ခုတိုင်အလျင်းမပျောက်ဘဲ ပြန်ဖြစ်နေခြင်းဖြစ်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement