backup og meta

အိုမင်းရင့်ရော်လာတဲ့ အသားအရေကို ဘယ်လို ဂရုစိုက်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုမင်းရင့်ရော်လာတဲ့ အသားအရေကို ဘယ်လို ဂရုစိုက်မလဲ

    တစ်နေ့မှာ သင့်အရေပြားဟာ တွန့်လာပြီး အရေးအကြောင်းတွေ ထင်လာပါလိမ့်မယ်။ သွေးကြောတွေနဲ့ အရိုးတွေဟာ ပိုမို ထင်ရှားလာပြီး ထိရှဒဏ်ရာတွေဟာ အနာကျက်ဖို့ အချိန်ပိုယူလာရပါလိမ့်မယ်။ ဒီလိုနေ့ကိုရောက်ဖု့ိ ကို ကြောက်လန့်နေကြသော်လည်း ဒါဟာ လူတိုင်းအတွက် မဖြစ်မနေ ဖြစ်လာမယ့် အရာတွေပါပဲ။ နှစ်ပေါင်းများစွာ အသားညိုစေဖို့ နေရောင်ခံခြင်း (သို့) နေရောင်အောက်မှာ အကြာကြီးနေခြင်းတွေဟာ အရေးအကြောင်းတွေ၊ အရေပြား ခြောက်သွေ့မှုတွေ၊ အစက်အပြောက်တွေနဲ့ ကင်ဆာရောဂါကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒီလို အရေပြား တွန့်လာခြင်းကို အနည်းငယ်တော့ နှေးကွေးအောင် ပြုလုပ်နိုင်ပေမယ့် ရှောင်လွှဲလို့တော့ မရပါဘူး။

    ဒါပေမယ့် သင့်အသားအရည်ကို ကာကွယ်ပေးပြီး ပိုမိုကြည့်ကောင်းစေတဲ့ နည်းလမ်းတွေ ရှိပါတယ်။

    အရေပြားခြောက်သွေ့ခြင်းနဲ့ ယားယံခြင်း

    အရေပြားဟာ အသက်ကြီးလာတာနဲ့ အမျှ ရေဓါတ်ဆုံးရှုံးလာတတ်ပါတယ်။ လူကြီးအတော်များများဟာ သူတို့ရဲ့ အရေပြားပေါ်၊ အထူးသဖြင့် ခြေထောက်၊ တံတောင်ဆစ်နဲ့ လက်မောင်အောက်ပိုင်းတွေမှာ အစက်အပြောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုခြောက်သွေ့တဲ့ အရေပြားဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။

  • ရေလုံလောက်အောင် မသောက်ခြင်း
  • နေပူခံလွန်းခြင်း
  • ခြောက်သွေ့တဲ့လေတွေနဲ့ ထိတွေ့မှုများခြင်း
  • ဆေးလိပ်သောက်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အသက်ကြီးတဲ့သူတွေမှာ ချွေးနဲ့ အဆီဂလင်း လျော့နည်းခြင်း
  • ရေပူဖြင့်ရေချိုးခြင်း (သို့) ဆပ်ပြာ၊ ချွေးနံ့ပျောက်ဆေး၊ ရေမွှေး သုံးစွဲခြင်း
  • ဆီးချို (သို့) ကျောက်ကပ် အစရှိတဲ့ အခြားအခြေအနေများ
  • ဆေးများ
  • ဒီလို ခြောက်သွေ့တဲ့ အရေပြားကို သက်သာစေဖို့ အစိုဓါတ်ထိန်းအလှကုန် တွေကို လိုးရှင်းပုံစံနဲ့ရော လိမ်းဆေးအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ ဆပ်ပြာကို ပြောင်းလဲအသုံးပြုနိုင်ပြီး ရေပူနဲ့ ရေချိုးအစား ရေနွေးနဲ့သာ ချိုးသင့်ပါတယ်။ အခန်းထဲမှာ ရေဓါတ်ကိုထိန်းပေးဖို့အတွက် စိုထိုင်းမှု ထိန်းစက်တွေကို အသုံးပြုသင့်ပါတယ်။

    သွေးခြေဥခြင်း

    အသက်ကြီးတဲ့သူတွေဟာ ငယ်ရွယ်သူတွေထက် ပိုသွေးခြည်ဥလွယ်ပြီး ပျောက်ကင်းဖို့လည်း အချိန်ကြာတတ်ပါတယ်။ ဆေးတွေနဲ့ ရောဂါတွေဟာလည်း သွေးခြည်ဥစေပါတယ်။ ဘာကြောင့် ဖြစ်မှန်းမသိတဲ့ အညိုအမည်းစွဲခြင်းတွေ ဖြစ်လာခဲ့ရင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။

    အရေးအကြောင်းများ

    အရေးအကြောင်းတွေဟာ အသက်ကြီးလာခြင်းရဲ့ ပထမ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရွယ်တစ်ခုရောက်ရင် လူတိုင်းအရေးအကြောင်းတွေ ဖြစ်လာတယ်ဆိုတဲ့ မှော်နံပါတ် တစ်ခုတော့ မရှိပါဘူး။ နေနဲ့ ထိတွေ့မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ မျိုးရိုးဗီဇတို့က အရေးအကြောင်းထွက်ခြင်းကို ဖြစ်စေပါတယ်။

    အရေးအကြောင်းတွေနဲ့ ပတ်သက်လို့ကတော့ ရှောင်လွှဲလို့ကို မရနိုင်ပါဘူး။ အလှကုန် ပစ္စည်း အတော်များများက အရေးအကြောင်း သက်သာစေတယ်ဆိုပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ အရေးအကြောင်းကို တကယ်သက်သာစေတဲ့ ခွဲစိတ်ခြင်း (သို့) ဆေးထိုးခြင်းတွေ ရှိပေမယ့် သူတို့က ပြန်ဖြစ်လာတတ်ပါတယ်။ ပြီးတော့ ဒီလို ခွဲစိတ်မှုတွေဟာ အန္တရာယ်ရှိပြီး လိုင်စင်ရှိတဲ့ ဆရာဝန်ကသာ ပြုလုပ်သင့်တာဖြစ်ပါတယ်။

    အရေပြား အစက်အပြောက်များ

    အသက်ကြီးလို့ပေါ်လာတဲ့ အစက်အပျောက်တွေကို အသက်ကြီးရင့်သူတွေမှာ တွေ့ရပြီး များသောအားဖြင့် မှည့်ခြောက် အရွယ်အစားထက် ကြီးတတ်ပါတယ်။ လည်ပင်း၊ လက်၊ လက်မောင်း၊ နောက်ကျောနဲ့ ခြေထောက်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ သူတို့တွေကို အသည်းအစက်အပြောက်တွေလို့ ခေါ်ကြပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်ဖြစ်စေတယ်လို့ ယူဆကြပါတယ်။

    အသားပို တွေဟာ သေးငယ်ပြီး ဖေါင်းနေတဲ့ အရေပြားတွေ ဖြစ်ပါတယ်။ သူတို့ဟာ အသားရောင်ရှိပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ မျက်ခွံ၊ လည်ပင်းနဲ့ ကိုယ်ခန္ဓါ ချောင်ကြိုချောင်ကြားတွေမှာ အဖြစ်များပါတယ်။ အစက်အပြောက်တွေနဲ့ အသားပိ တွေဟာ အန္တရာယ် မရှိပါဘူး။

    အရေပြား ကင်ဆာ

    အရေပြားကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပါတယ်။ အရေပြား ကင်ဆာဟာ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် တွေကြောင့် ဖြစ်တာ ဖြစ်ပါတယ်။ လူတိုင်းက အရေပြားကင်ဆာ ဖြစ်နိုင်ပြီး မှဲ့ခြောက်ရှိတဲ့ အသားဖြူသူတွေက ပိုမိုဖြစ်နိုင်ခြေ ရှိပါတယ်။ အရေပြား ကင်ဆာဟာ အခြားနေရာတွေဆီကို ပြန့်ပွားမသွားခင် တွေ့ရှိရင် ကုသ ပျောက်ကင်းနိုင်ပါတယ်။

    အရေပြားကင်ဆာဟာ နာကျင်ခဲပါတယ်။ အရေပြား (သို့) အရေပြား ကင်ဆာရဲ့ လက္ခဏာတွေကို ရှာဖွေသင့်ပါတယ်။ အသစ်ဖြတ်လာတဲ့ အဖု (သို့) အနာ မကျက်တော့ရင် (သို့) သွေးထွက်နေတဲ့ မှဲ့တွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။

    အရေပြား ကင်ဆာကို ကာကွယ်ဖို့ နေရောင်ထဲမှာ အသားညိုစေဖို့ အကြာကြီးမနေသင့်ပါဘူး။ အထူးသဖြင့် နေအလွန်ပူတဲ့ နေ့လည်ချိန်တွေမှာ မနေသင့်ပါဘူး။ ရေထဲမှာ နေရင်လည်း နေလောင်နိုင်ပါတယ်။

    နေ့လည်မှာ နေပူစာလှုံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အသားညိုစေတဲ့ အလှပြင်ဆိုင်တွေ ကိုလည်း မသွားသင့်ပါဘူး။ အသားညိုစေတဲ့ နည်းတွေဟာ အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။

    အပြင်မထွက်ခင် နေလောင်ခံလိမ်းဆေးတွေကို လိမ်းသင့်ပါတယ်။ SPH 15 အထက်တွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ နေလောင်ခံလိမ်းဆေး တွေကို ၂နာရီ ၃နာရီ ခြားတစ်ခါလိမ်းသင့်ပြီး ရေကူးပြီးရင် (သို့) လှုပ်ရှားမှု လုပ်လို့ ချွေးထွက်ပြီးရင်လည်း ပြန်လိမ်းသင့်ပါတယ်။

    နေရောင်ကာကွယ်တဲ့ အဝတ်စားတွေဖြစ်တဲ့ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် တွေကို နေလောင်ဒဏ်ကို ကာကွယ်ဖို့ အသုံးပြုသင့်ပါတယ်။ နားပန်းအကျယ်ကြီး ပါတဲ့ ဦးထုပ်ဟာ ခေါင်း၊ မျက်နှာ၊ လည်ပင်းတွေကို နေရောင်ကနေ ကာကွယ်ပေးပါတယ်။

    အကာအကွယ်ပေးတဲ့ အဝတ်အစားတွေကို အသုံးပြုပါ။ နားပန်းအကျယ်ကြီးပါတဲ့ ဦးထုပ်ဟာလည်ပင်း၊ နားရွက်၊ မျက်လုံးနဲ့ ခေါင်းတွေကို အရိပ်ရစေပါတယ်။ နေရောင်ခြည်ကို ၉၉ရာခိုင်နှုန်း ကနေ ၁၀၀ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တွေကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့နေရောင်ထဲမှာ နေမှဖြစ်မယ်ဆိုရင် ပွပြီး ပေါ့တဲ့ အဝတ်အစားတွေ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ စကတ်ရှည်တို့ိကိ ဝတ်ဆင်သင့်ပါတယ်။

    သင့်အရေပြားဟာ အသက်ကြီးလာတာနဲ့ အမျှ ပြောင်းလဲမှု ရှိပါတယ်။ ဒါဟာ သင့်ရဲ့ ဉာဏ်ပညာကြွယ်ဝမှု ရင့်ကျက်လာမှုကို ဖော်ပြတာဖြစ်တာမို့ ဒီလိုအပြောင်းအလဲတွေကို လက်ခံသင့်ပါတယ်။ ဒါပေမယ့် သင့်ကိုစိတ်ပူစေတဲ့ အပြောင်းအလဲတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement