backup og meta

ကြွက်နို့ တွေကို အိမ်မှာတင် ကုကြမယ်။

ကြွက်နို့ တွေကို အိမ်မှာတင် ကုကြမယ်။

ကြွက်နို့ ဖြစ်ဖူးတဲ့သူတွေဆို သိပါတယ်။ ဒီအဖုလေးတွေက အင်မတန် စိတ်ရှုပ်စရာ ကောင်းပါတယ်။ ကုတ်မရ ဖဲ့မရ ဘယ်လို လုပ်လုပ် မကွာသွားပါဘူး။ ဒါ့ပြင် တစ်လုံး ထွက်ပြီးရင် နောက်က ဇယ်ဆက်သလို လိုက်ထွက်လာပါတော့တယ်။ ဒီလိုအချိန်မှာ ဘယ်သူကမှ ကြွက်နို့အတွက် ဆေးခန်း သွားမပြချင်ကြပါဘူး။ ဒါကြောင့် အိမ်မှာတင် အလွယ်တကူ ကြွက်နို့သတ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။

ကြွက်နို့ ဆိုတာ ဘာလဲ။

ကြွက်နို့ဆိုတာ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ တစ်ယောက်နဲ့ တစ်ယောက်ထိမိရင် ကူးတတ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ လက်တွေ၊ လက်ချောင်းတွေ၊ ခြေထောက်နဲ့ မျက်နှာတွေပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါမှာ ဖြစ်တဲ့ ကြွက်နို့လည်း ရှိပါတယ်။ HPV ဗိုင်းရပ်စ် အမျိုးပေါင်း ၁၀၀လောက်ရှိပေမယ့် အနည်းစုကပဲ ကြွက်နို့ ဖြစ်တာပါ။ အောက်မှာ ကြွက်နို့ကို အိမ်မှာတင် ဖယ်လို့ ရတဲ့ နည်းလမ်းတွေကို ဆက်ကြည့်ရအောင်။

ကြွက်နို့ တွေကို အိမ်မှာတင် ကုကြမယ်။

  • Salicylic acid

Salicylic acid က ကြွက်နို့ကို ဖယ်တဲ့နေရာမှာ အသိသာဆုံးပါပဲ။ စျေးကွက်ထဲမှာ လိမ်းဆေး၊ ဂျယ်၊ ကပ်ခွာ အမျိုးစုံရှိပါတယ်။ အက်စပရင်မှာလည်း ပါပါတယ်။ အရင်ဆုံး ကြွက်နို့ ရှိတဲ့နေရာကို ရေနွေးနွေးလေးထဲမှာ ၁၀မိနစ် ၁၅မိနစ်လောက် စိမ်လိုက်ပါ။ ဒါမှ ပျော့လာမှာပါ။ ပြီးရင် ချေးတွန်းကျောက်နဲ့ ဖြစ်ဖြစ်၊ တံဇဉ်းနဲ့ ဖြစ်ဖြစ် တိုက်ပြီး အသားမာတွေ ဖယ်ပါ။ ပြီးတော့မှ ကြွက်နို့ပေါ် လိမ်းပေးပါ။ ရက်သတ္တပတ်နည်းနည်းတော့ ကြာတတ်ပါတယ်။ စိတ်ရှည်ပါ။ Salicylic acid ကြောင့် အရေပြားတွေ နီလာရင်၊ နာလာရင် ဆက်မသုံးပါနဲ့။

  • ပန်းသီးရှာလကာရည်

ပန်းသီး ရှာလကာရည်မှာလည်း အက်စစ်အပျော့စားပါတဲ့အတွက် ကြွက်နို့တွေကို ပါးစေပါတယ်။ ဒါ့ပြင် HPV ဗိုင်းရပ်စ်ကိုလည်း သေစေပါတယ်။ ပန်းသီးရှာလကာရည် ၂ဆနဲ့ ရေ ၁ဆရောပြီး ဂွမ်းလုံးလေးနဲ့ ကြွက်နို့ကို တို့ပါ။ ပြီးရင် အပေါ်ကနေ ပတ်တီးနဲ့ တစ်ညပတ်ထားပါ။ ကြွက်နို့ မပျောက်မချင်း ညတိုင်း လုပ်ပေးပါ။

  • သံပုရာရည်

သံပုရာရည်ကို သုံးမယ်ဆိုရင် ရေရောပေးပါ။  ပန်းသီးရှာလကာရည်လိုပဲ ရေနဲ့ ၂ဆ ၁ဆ ရောပေးပါ။ ကြွက်နို့ကို တို့ပြီး ပတ်တီးနဲ့ စီးထားပါ။ တဖြည်းဖြည်းနဲ့ ပါးလာပါလိမ့်မယ်။

  • ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ allium sativum လို့ ခေါ်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဒြပ်ပေါင်းပါဝင်ပါတယ်။ ကြက်သွန်ဖြူကို ချေပြီး ကြွက်နို့ပေါ်ကို တိုက်ရိုက်အုံပေးပါ။ ပြီးရင် အပေါ်က ပတ်တီးစီးထားပါ။ နေ့တိုင်း လုပ်ပေးမယ်ဆိုရင် သက်သာလာမှာပါ။ ကြက်သွန်ဖြူနဲ့ မပွတ်ခင် ကြွက်နို့ကို ပါးသွားအောင် ချေးတွန်းကျောက်နဲ့ အရင်တိုက်ပေးတာက ပိုပြီး ထိရောက်စေပါတယ်။

  • လက်သည်းနီ

ဒါက အဘိုးအဘွားတွေလက်ထက်က နည်းလမ်းပေါ့။ ကြွက်နို့ပေါ်ကို လက်သည်းနီနဲ့တို့။ နောက်နေ့လောက်ဆို လက်သည်းနီကို ခွာရင်း အောက်က ကြွက်နို့ပါ တဖြည်းဖြည်း ပါးလာလိုက်တာ တစ်ပတ်လောက်နေရော လုံးဝပျောက်သွားတာပါပဲ။

ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ။

ဒါတွေကတော့ အိမ်တွင်း နည်းလမ်းတွေပေါ့။ ဆရာဝန်ဆီကို သွားသင့်တဲ့ အခြေအနေတွေကတော့

  • ကြွက်နို့က ပိုးဝင်လာရင်
  • ကြွက်နို့က အများကြီး ပွားလာရင်
  • အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာရင်
  • လိင်အင်္ဂါ ကြွက်နို့ဆိုရင် (လိင်အင်္ဂါကြွက်နို့ကိုတော့ ကိုယ့်ဟာကိုယ် မကုပါနဲ့။ ဆရာဝန်နဲ့ပဲ ပြသဖို့ အကြံပြုလိုပါတယ်။)

ကြွက်နို့က အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ဘူး ဆိုပေမယ့် ဒီအဖုလေးတွေက စိတ်ရှုပ်စရာ ကောင်းပါတယ်။ နောက်ပြီး အင်မတန် ပွားပါတယ်။ တစ်လုံးပေါက်ပြီး သိပ်မကြာဘူး နောက်တစ်လုံး တပ်ထွက်ပါတယ်။ ဒါကြောင့် အရင်ထွက်တဲ့ အလုံးကို အမြန်ကုပါ။ အရပ်အခေါ်တော့ ကြွက်နို့မကြီးလို့ ခေါ်ကြပါတယ်။ သူမြန်မြန်ပျောက်သွားရင် နောက်က အလုံးတွေ ဆက်မထွက်တော့ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/removing-wart-on-finger#removing-warts

https://www.healthline.com/health/home-remedies-for-warts#why-home-remedies-may-work

ယခုပုံစံ

11/04/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြွက်နို့ ဘယ်လိုကုသကြမလဲ

ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement