ဗီတာမင် အေ
ဗီတာမင် အေ က အရေပြားကို ပြန်လည်ပြင်ဆင်ပေးပြီး ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် အေ မလုံလောက်ခြင်း က သင့်အရေပြားကိုခြောက်သွေ့စေမှာပါ။ ဗီတာမင် အေ လိမ်းဆေးတွေကို ဝက်ခြံနဲ့ တခြားအရေပြားပြဿနာတွေကို ကုသဖို့သုံးပါတယ်။ ဗီတာမင် အေ ပါဝင်မှုများတဲ့အစားအစာတွေက အသည်း၊ ငရုတ်သီး၊ မုန်လာဥ၊ တရုတ်ဇီးသီး၊ ကိုက်လန်၊ ကန်ဇွန်းဥနဲ့ ဟင်းနုနွယ်တို့ပဲဖြစ်ပါတယ်။ ဗီတာမင် အေ ကို အားဆေး အနေနဲ့သောက်တာထက်စာရင် အစားအစာကနေ ယူတာကပိုကောင်းပါတယ်။ ဗီတာမင်အေ က လိုတာထက်ပိုသုံးမိရင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။ သင့် အနေနဲ့ ဗီတာမင် အေ ရဲ့ရှေ့ပြေးပုံစံဖြစ်တဲ့ beta carotene ကိုသောက်သုံးသင့်ပါတယ်။ သူက ဗီတာမင် အေ လို ဆေးပမာဏလွန်ပြီး ဆိုးကျိုးမဖြစ်ပါဘူး။
ဗီတာမင် စီ
ဈေးကွက်ထဲမှာ အရွယ်တင်စေပါတယ်ဆိုတဲ့ ထုတ်ကုန်တွေအရောင်းထိုင်းတာမရှိပါဘူး။ အဲဒီထုတ်ကုန်တွေရဲ့ အဓိကပါဝင်တာတွေထဲကတစ်ခုက ဗီတာမင် စီ ပါ။ ဗီတာမင် စီ ဟာ သူ့ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတိနဲ့ ကော်လဂျင် (Collagen) စုဆောင်းမှုမှာ အရေးပါတဲ့အတွက် အရေပြားကို အထောက်အကူပြုပါတယ်။ ဗီတာမင် စီ ကိုသောက်သုံးခြင်းက လိမ်းထားတဲ့ နေလောင်ဒဏ်ခံ ခရင်မ်တွေကို ပိုပြီးထိရောက်စေပါတယ်။ အကြောင်းက ဗီတာမင် စီ က ဆဲလ်ထိခိုက်မှုကိုကာကွယ်ပေးပြီး အရေပြားထိခိုက်တာတွေကို ပြန်လည်ကုသပေးလို့ပါ။ ဗီတာမင် စီ က လူ့ကိုယ်ရဲ့ ကော်လဂျင် စုဆောင်းမှုမှာ အဓိကကျတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ သူကပျက်စီးနေတဲ့အရေပြားကိုပြန်လည်အားဖြည့်ပေးရုံသာမက နေလောင်ကွက်တွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။