backup og meta

နှင်းကိုက်နာ ။ ဘယ်လိုရှာဖွေ၊ကုသ၊ကာကွယ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှင်းကိုက်နာ ။ ဘယ်လိုရှာဖွေ၊ကုသ၊ကာကွယ်မလဲ

    အေးလွန်းတဲ့အခါ ရေတွေ ရေခဲအဖြစ်ပြောင်းသွားသလို ‘နှင်းကိုက်တယ်’ ဆိုတာလည်း လက်ချောင်းလေးတွေ၊ လက်၊ ခြေချောင်း၊ ခြေထောက်တွေ ကာကွယ်မထားဘဲ အေးခဲနေတဲ့ရာသီဥတုထဲ ထွက်မိတဲ့အခါဖြစ်တတ်ပါတယ်။ အများစုကတော့ အရေပြားလောက်ပဲထိခိုက်တာဖြစ်ပြီး ပြင်းထန်ရင်တော့ တစ်သျှူးအသေတွေပိုနက်သွားကာ ချက်ခြင်းကုသမှုခံယူဖို့လိုပါတယ်။

    နှင်းကိုက်နာလက္ခဏာများ

    နှင်းကိုက်နာရဲ့ရှေ့ပြေးတွေကတော့ အေးလွန်းတဲ့ရာသီဥတုမှာ အရေပြားနီရဲရောင်ရမ်းလာခြင်းပါ။ အကာအကွယ်မရှိထားတဲ့ အရေပြားဘယ်လောက်ထိခိုက်သွားလဲပေါ်မှာမူတည်ပြီး နှင်းကိုက်နာသုံးဆင့်ခွဲနိုင်ပါတယ်။

    • အစောဆုံးအခြေအနေဟာ အရေပြားအပေါ်ယံသာထိခိုက်ပြီး အရေပြားအရောင်ပြောင်းကာ ယားယံခြင်း၊ အပ်များထိုးသကဲ့သို့ စူးခြင်းတွေသာရှိနိုင်ပါတယ်။

    • ပိုဆိုးလာတဲ့အခြေအနေမှာ ကြွက်သားတွေ၊ အရိုးတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ထိုအလယ်အလတ်အဆင့်မှာ အရေပြားဟာတင်းပြောင်လာပြီး အရည်ကြည်ဖုတွေပေါက်လာပါလိမ့်မယ်။ ပိုဆိုးလာတာနဲ့အမျှ ထိုနေရာကိုမခံစားနိုင်တော့တာကြောင့် တချို့လူတွေက နှင်းကိုက်နေကြောင်းမသိတော့တာလည်း ဖြစ်လာနိုင်ပါတယ်။

    • နောက်ဆုံးအဆင့်မှာတော့ အရေပြားမည်းညစ်သွားပါတော့တယ်။ အရေပြားအရောင်ပြောင်းခြင်းဟာ နှင်းကိုက်ခြင်းရဲ့အဖြစ်များဆုံး လက္ခဏာတွေပါ။

    နှင်းကိုက်ခြင်းကို ဘယ်လိုရှောင်ရမလဲ

    ဒါတွေကတော့ အရေပြားဆရာဝန်တွေညွှန်းထားတဲ့ အကြံပေးချက်တချို့ပါ။

    ခေါင်းကိုကာထားပါ ။ ။တင်းကြပ်တဲ့အဝတ်အစားတွေက နှင်းကိုက်နာရနိုင်ချေများသလိုပဲ ပေါ့ပါးချောင်ချိတဲ့အဝတ်အစားတွေက လေပူတွေကိုထိန်းထားဖို့ကူညီပေးပြီး အဆင်ပြေစေမှာပါ။ အရေပြားဆရာဝန်တွေက အေးတဲ့ဒေသကလူတွေကို သုံးထပ်ဝတ်ဖို့အကြံပေးပါတယ်။ အတွင်းဆုံးကအလွှာဟာ ခန္ဓါကိုယ်စိုထိုင်းမှုကိုကာကွယ်နိုင်ပြီး အလယ်လွှာကတော့ သိုးမွှေးကဲ့သို့အပူထိန်းနိုင်သင့်ပါတယ်။ အပေါ်ဆုံးအလွှာကတော့ ခြောက်သွေ့နွေးထွေးနေအာင် ထိန်းပေးထားနိုင်ဖို့ လေဒဏ်၊ ရေဒဏ်ခံနိုင်တဲ့အလွှာဖြစ်သင့်တယ်။ ခေါင်းနဲ့နားတွေကို ဦးထုတ် ဒါမှမဟုတ် နားကာတဲ့ပစ္စည်းနဲ့ ကာထားသင့်ပါတယ်။

    လက်တွေ၊ ခြေထောက်တွေကိုကာထားပါ ။ ။ ဖုန်းသုံးဖို့လိုရင် ဖုန်းသုံးဖို့အဆင်ပြေနိုင်မယ့် လက်အိတ်မျိုးကိုရှာပါ။

    နွေးနွေးထွေးထွေးဝတ်ဆင်ပြီး ရေစိုခံဖိနပ်တွေစီးသင့်ပါတယ်။ ခြေထောက်တွေဟာ နှင်းကိုက်ခံရနိုင်ချေများတာကြောင့် ခြေချင်းဝတ်ထိကာထားတဲ့ဖိနပ်တွေစီးသင့်ပါတယ်။ အစိုဓါတ်စုပ်ယူနိုင်တဲ့ သိုးမွှေးခြေအိတ်မျိုးသုံးပါ။

    ရေဓါတ်ထိန်းသိမ်းထားပါ ။ ။ ရေဓါတ်ဆုံးရှုံးခြင်းဟာ နှင်းကိုက်ခံရနိုင်ချေများစေပါတယ်။ ရေမငတ်ရင်တောင်မှ အပြင်သွားခါနီးတိုင်း အနည်းဆုံးရေတစ်ခွက်သောက်သွားပါ၊ ရေငတ်တိုင်းလည်းရေသောက်ပေးပါ။

    လက္ခဏာတွေများသိရှိခြင်း ။ ။အစောပိုင်းအဆင့်တွေက ကုသလို့ရပါတယ်။ ဒါကြောင့် လက္ခဏာတွေကိုသိထားဖို့လိုတယ်။ ပထမဆုံးလက္ခဏာတွေကတော့ ထုံကျဉ်လာပြီး နီရဲလာခြင်း၊ စူးခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ တဆစ်ဆစ်ထိုးခြင်း တွေဖြစ်တယ်။ ထိုလက္ခဏာတွေတွေ့လာပြီဆိုရင်တော့ ချက်ခြင်းအိမ်ထဲဝင်သင့်ပါတယ်။

    ဘယ်လိုကုသမလဲ

    ပထမဆုံးအချက်ကတော့ ထိခိုက်ရာနေရာကို နွေးထွေးအောင်ထားရပါမယ်။ လက္ခဏာတွေတွေ့လာရင် နွေးထွေးမယ့်နေရာမှာနေပြီး ပုံမှန်ပြန်ဖြစ်အောင်စောင့်ပါ။

    ရေပူပူတွေ၊ မီးတွေကနေ အပူခံခြင်းထက် ရေနွေးနွေးလေးကိုသုံးပြီး ပြန်နွေးလာအောင်လုပ်ပါ။ နှင်းကိုက်ထားတဲ့ခြေချောင်းတွေ၊ ခြေထောက်တွေနဲ့ လမ်းမလျှောက်ပါနဲ့။ အနားမှာရေမရနိုင်ရင် လက်ခုပ်ထဲအာငွေ့မှုတ်ထည့်ပြီး ထိခိုက်တဲ့နေရာနားထားနိုင်ပါတယ်။ ပွတ်သပ်ခြင်း၊ နှိပ်ခြင်း၊ အရည်ကြည်ဖုတွေကိုဖောက်ခြင်းဟာ တစ်သျှူးတွေပျက်စီးစေပါတယ်။ လက္ခဏာတွေမသက်သာဘူး၊ အရေပြားညိုလာမယ်ဆိုရင် ချက်ခြင်းဆေးအကူအညီယူဖို့လိုပါတယ်။

    ကုသမှုခံယူပြီးတာနဲ့ နောက်တစ်ဆင့်ကလူနာပေါ်မူတည်ပါတယ်။ များသောအားဖြင့်ကတော့ ဆေးရုံမှာရက်အနည်းငယ်ထပ်နေပြီး ရောဂါအခြေအနေရှာဖွေသင့်တယ်။ အစပိုင်းအနေနဲ့ ဆရာဝန်တွေက အရည်ကြည်ဖုတွေကိုဖယ်ပစ်မှာဖြစ်တယ်။ Ibuprofen လိုဆေးမျိုးနဲ့လည်း ရောင်ရမ်းမှု၊ ရောဂါပိုးဝင်မှုကိုသက်သာစေပါလိမ့်မယ်။ ရေဓါတ်ခန်းခြောက်နေပါက အကြောဆေးသွင်းနိုင်ပါတယ်။ ကုသမှုမှာ သွေးလည်ပတ်မှုပြန်ကောင်းစေဖို့ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားကုသမှုတွေပါနိုင်ပါတယ်။ ရှားပါးတဲ့အခြေအနေတချို့မှာဆိုရင် တစ်သျှူးအသေတွေကို ဖယ်ထုတ်ပစ်ဖို့ခွဲစိတ်ဖို့လိုတတ်တယ်။ လူနာကရက်အနည်းငယ်ဆေးရုံတတ်နေရနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement