နွေရာသီမှာ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ ရေဓါတ်မဆုံးရှုံးရအောင် ဘယ်လိုကာကွယ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

ရေဓါတ်ဆုံးရှုံးခြင်းဆိုတာဘာလဲ

ရေဓါတ်ဆုံးရှုံးခြင်းဆိုတာ ကိုယ်သောက်သုံးလိုက်တဲ့အရည်ဓါတ်ပမာဏထက် ခန္ဓါကိုယ်ကပိုသုံးစွဲမိတာ ဒါမှမဟုတ် ပိုဆုံးရှုံးနေတဲ့အခါဖြစ်လာတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခန္ဓါကိုယ်မှာရေနဲ့အရည်ဓါတ်အလုံအလောက်မရှိရင် ပုံမှန်လုပ်ဆောင်ချက်တွေ မှာ ချို့ယွင်းလာမှာဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်းမှာ အသက်ရှူထုတ်လိုက်တိုင်း၊ချွေးထွက်လိုက်တိုင်း၊ ဆီးသွားလိုက်တိုင်း၊ မစင်စွန့်လိုက်တိုင်း ခန္ဓါကိုယ်ကရေဓါတ်လျော့ပါးရလေ့ရှိပါတယ်။ ခန္ဓါကိုယ်မှာဆုံးရှုံးသွားတဲ့ရေနဲ့ အရည်ဓါတ်တွေကိုပြန်လည်မဖြည့်တင်းနိုင်ဘူးဆိုရင်ရေဓါတ်ခန်းခြောက်လာ မှာဖြစ်ပါတယ်။ရေဓါတ်ခန်းခြောက်မှုက နွေရာသီမှာ အရမ်းကိုအဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာ ပိုအန္တရာယ်များပါတယ်။

ရေဓါတ်ခန်းခြောက်မှုခံစားရနိုင်ခြေများသူတွေ

ကလေးငယ်တွေ၊မွေးကင်းစအရွယ်တွေမှာ သူတို့ရဲ့ခန္ဓါကိုယ်သေးသေးလေးတွေက အရည်ဓါတ်ဆုံးရှုံးမှု အနည်းအကျဉ်းကိုတောင်မှ ခံနိုင်ရည်မရှိတဲ့အတွက်ရေဓါတ်ဆုံးရှုံးမှုခံစားရနိုင်ခြေပိုများပါတယ်။

သက်ကြီးပိုင်းအရွယ်တွေမှာလည်းရေသောက်ဖို့ သတိမရတာတွေရှိနိုင်တာကြောင့်ရေဓါတ်ဆုံးရှုံးရနိုင်ပြီး ဆိးမထိန်းနိုင်တဲ့ပြဿနာ၊ပျို့အန်ခြင်း၊ဝမ်းပျက်ခြင်းတို့ိလိုလက္ခဏာတွေအပြင် ဆေးဝါးတွေကြောင့်လည်းရေဓါတ်ဆုံးရှုံးမှုခံစားရနိုင်ပါတယ်။ ဆီးဆေးလိုမျိုးဆေးဝါးသောက်သုံးမှုတွေကြောင့် လူကြီးတွေကိုချွေးပိုထွက်စေပြီး တစ်နေ့တာလုံးရေပိုလိုအပ်စေပါတယ်။

ဆီးချိုကိုသေချာမကုသရင် ရေဓါတ်ခန်းခြောက်မှုကိုဖြစ်စေနိုင်သလို ကျောက်ကပ်ဆေးတွေကလည်း ဆီးပိုသွားစေတာကြောင့် ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါ၊ အရက်စွဲခြင်းတို့လို နာတာရှည်ဝေဒနာရှိသူတွေမှာလည်း ရေဓါတ်ခန်းခြောက်မှုဖြစ်နိုင်ပါတယ်။

အားကစားသမားတွေ အထူးသဖြင့် မာရသွန်၊စက်ဘီးစီး၊ရေကူးအားကစားပြိုင်ပွဲတွေ၊တံခွန်စိုက်ပွဲစဉ်တွေမှာလိုမျိုး အားကစားသမားတွေမှာချွေးထွက်များပြီး ခန္ဓါကိုယ်ထဲက အရည်ဓါတ်ပမာဏဆုံးရှုံးမှုကြောင့် ထိခိုက်နိုင်ပါတယ်။

ဆောက်လုပ်ရေးဝန်ထမ်းလိုမျိုး အလုပ်ကြမ်းတွေလုပ်ရတဲ့သူတွေမှာနေရောင်ထိတွေ့မှုများပြီးချွေးထွက်များကာရေဓါတ်ဆုံးရှုံးမှု များနိုင်ပါတယ်။

ရေဓါတ်ခန်းခြောက်မှုလက္ခဏာများ

ရေဓါတ်ခန်းခြောက်တဲ့အခါ ခန္ဓါကိုယ်မှာသိသာထင်ရှားတဲ့သက်ရောက်မှုတွေရှိနိုင်ပါတယ်။ အဖြစ်များတဲ့ ရေဓါတ်ခန်းခြောက်မှု လက္ခဏာတွေ တချို့ ကတော့ –

  • ရေအရမ်းငတ်ခြင်း
  • ခေါင်းမူးခြင်း
  • ရင်တလှပ်လှပ်တုန်ခြင်း (နှလုံးက တဒုန်းဒုန်းခုန်သလို ခံစားနေရခြင်း)
  • ဆီးသွားနည်းခြင်း
  • အာခေါင်ခြောက်ခြင်း
  • ဆီးအရောင် ရင်ြ့ခင်း
  • ကြွက်သားအားနည်းခြင်း
  • အသားအရေခြောက်ခြင်း

ရေဓါတ်ခန်းခြောက်ခြင်းရဲ့ စိုးရိမ်စရာလက္ခဏာများ

ကလေးတွေမှာ

ကလေးတွေမှာရေဓါတ်ခန်းခြောက်မှုဟာ မပေါ့ဆသင့်တဲ့အရာဖြစ်ပါတယ်။ဖြစ်လာပြီဆိုရင် ခန္ဓါကိုယ်က အရည်ဓါတ်မလုံလောက်တော့သလို လုပ်ဆောင်ချက်မမှန်ကန်တော့ပါဘူး။

ကလေးက အငမ်းမရရေဆာလာတဲ့အထိ မဖြစ်စေပါနဲ့။ သူတို့တကယ်ရေဆာလာပြီဆိုရင်ရေဓါတ်လိုအပ်နေတာဖြစ်နိုင်ပါတယ်။ သင့်ကလေးမှာ အောက်ပါလက္ခဏာတွေအတိုင်းဖြစ်လာခဲ့ရင် သတိထားပါ –

  • နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်း
  • ဆီးအရောင် မည်းခြင်း
  • ၈ နာရီအတွင်း ဆီးသွားနည်းလွန်းခြင်း သို့မဟုတ် လုံးဝဆီးမသွားခြင်း
  • အသားအရေအေးစက်ခြင်း၊ခြောက်သွေ့ခြင်း
  • ငယ်ထိပ်ချိုင့်နေခြင်း၊ မျက်တွင်းကျနေခြင်း (မွေးကင်းစအရွယ်)
  • အိပ်လွန်းခြင်း
  • အားမရှိသလိုဖြစ်နေခြင်း
  • ငိုတဲ့အခါ မျက်ရည်မထွက်ခြင်း
  • ဂျီကျလွန်းခြင်း
  • အသက်ရှူမြန်ခြင်း သို့မဟုတ် နှလုံးခုန်မြန်ခြင်း

အပြင်းထန်ဆုံးဖြစ်လာရင်တော့ ကလေးက ကယောင်ကတမ်းဖြစ်တာ၊ သတိလစ်တာတွေဖြစ်လာနိုင်ပါတယ်။

လူကြီးမိဘတွေမှာ

စစချင်းလက္ခဏာတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ဝမ်းချုပ်ခြင်း၊ ကြွက်တက်ခြင်း၊ လျှာနဲ့အာခေါင်ခြောက်ခြင်း၊ အိပ်ငိုက်ခြင်း၊လေးလံထိုင်းမှိုင်းခြင်း တို့ခံစားရတတ်ပြီး ဆီးအရောင်ကလည်းပြောင်းနေတတ်ပါတယ်။ ထိုက်သင့်သလောက် ရေဓါတ်ပြည့်ဝနေသူတစ်ယောက်ရဲ့ ဆီးအရောင်ဟာ အဝါဖျော့ဖျော့နဲ့ ကြည်နေရပါမယ်။

ရေဓါတ်ဆုံးရှုံးလွန်းနေချိန်မှာသေချာမထိန်းသိမ်းနိုင်ရင် ဓါတ်ဆားဓါတ်မမျှတခြင်း၊ ခန္ဓါကိုယ်ထဲမှာသွေးထုထည်နည်းခြင်း(hypovolemic shock)၊ကျောက်ကပ်ပျက်စီးခြင်း၊ အပူဒဏ်သင့်ခြင်းတို့ကြောင့် တက်ခြင်း၊ သတိလစ်ခြင်းအပြင် ကိုမာ ရခြင်း၊သေဆုံးခြင်းတို့အထိဖြစ်စေနိုင်ပါတယ်။

ရေဓါတ်ခန်းခြောက်မှုရဲ့ အန္တရာယ်လက္ခဏာများ

ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင် အမြန်ဆုံးဆရာဝန်နဲ့ပြသပြီးဆွေးနွေးအကြံပြုချက် ရယူသင့်ပါတယ်။

  • ဆီးမသွားတော့ခြင်း
  • ဆီးအရောင်မည်းခြင်း
  • ဆွဲဆိတ်ကြည့်ပြီးနောက် တွန့်ခေါက်သွားတဲ့ အရေပြားကပြန်မပြန့်တော့လောက်အောင်ခြောက်သွေ့နေခြင်း
  • စိတ်ဆတ်ခြင်း၊ခေါင်းမူးခြင်း၊ အာရုံရှုပ်ထွေးခြင်း
  • သွေးပေါင်ကျခြင်း
  • ခြေလက်များအေးစက်ခြင်း
  • သွေးခုန်နှုန်းစမ်းမရခြင်း
  • အသက်ရှူမြန်ခြင်း

ကြိုတင်ကာကွယ်ဖို့

အောက်ပါအချက်တွေအတိုင်း လိုက်နာရုံနဲ့နွေရာသီအပူဒဏ်အောက်မှာ ရေဓါတ်ခန်းခြောက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ –

  • လှုပ်လှုပ်ရှားရှားမလုပ်ခင်နဲ့ လုပ်ပြီးနောက်ပိုင်းရေများများသောက်ပါ။ အပြင်မှာ ရာသီဥတုပူနေချိန်နဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်တွေမှာ သတိထားဖို့ ပိုအရေးကြီးပါတယ်။ ဓါတ်ဆားရည်သောက်နိုင်ပါတယ်။
  • ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီးနောက်ပိုင်းရေများများသောက်ပါ။
  • လှုပ်လှုပ်ရှားရှားအလုပ်လုပ်နေရတာ တစ်နာရီထက်ပိုကြာမယ်ဆိုရင် ၁၅ မိနစ်၊ မိနစ် ၂၀ တစ်ကြိမ်လောက်ရေ သို့မဟုတ် ရေဓါတ်ဖြည့် အချိုရည်တွေ နည်းနည်းချင်းသောက်ပါ။
  • ကလေးကို အရည်များများသောက်ချင်လာအောင်ချော့တိုက်ပါ။
  • ပရိုတင်းဓါတ်များလွန်းတဲ့အစားအစာတွေရှောင်ပါ။ ပရိုတင်းပါဝင်မှုများတဲ့အခါ တစ်နေ့ကိုအနည်းဆုံးရေ ၈ ခွက်ကနေ ၁၂ ခွက်အထိ သောက်ရပါလိမ့်မယ်။
  • အရက်၊ဘီယာ၊ ဝိုင်တို့ကိုရှောင်ပါ။ သူတို့ကရေဓါတ်ဆုံးရှုံးမှုကို ပိုဆိုးစေပြီး ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကို အားနည်းစေပါတယ်။
  • လူကြီးတွေကိုရော၊ ကလေးတွေကိုပါရေဓါတ်ပါဝင်မှုများတဲ့ အစာအာဟာရတွေကျွေးပါ။ စွပ်ပြုတ်ရည်၊ ဒိန်ချဉ်၊ အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။ ဒီအစားအစာတွေက သက်ကြီးပိုင်းတွေအတွက်နေ့စဉ်လိုအပ်တဲ့ရေဓါတ်ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။
  • ခေါင်းမူးနေရင်၊ အရမ်းနုံးချိနေရင်အပြင်ထွက်ပြီး အလုပ်မလုပ်ပါနဲ့။
  • အပြင်က နေပူထဲမှာ အလုပ်လုပ်ရဖို့ ၊ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ပေါ့ပါးပြီး အရောင်ဖျော့တဲ့ အဝတ်အထည်ကို တစ်ထပ်တည်းဝတ်ပါ။ချွေးတွေရွှဲလာရင် အမြန်ဆုံးအဝတ်ခြောက်နဲ့လဲဝတ်ပါ။ ဆွဲသားဝတ်စုံနဲ့ ဘယ်တော့မှ အားကစားမလုပ်ပါနဲ့။

Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

မေမေ ကလေး ကလေးအာဟာရ အစားအသောက် ထမင်းကျွေးချိန် မိဘများအတွက်လမ်းညွှန် ကလေးကျန်းမာရေး အာဟာရ အာဟာရဓာတ် အကြံဉာဏ် အစာစားချင်စိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား………..

ကလေး ဒူးရင်းသီး အာဟာရပါဝင်မှု ကျန်းမာရေး ပရိုတင်း ဗီတာမင် ကယ်လ်ဆီယမ် အမျှင်ဓာတ် သကြားဓာတ် ဝမ်းချုပ် သားသားမီးမီး လည်ချောင်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေး ငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်း တချို့

ကလေး ကလေးငယ်ငယ် ကလေးငယ် မိဘ သတိထားစောင့်ကြည့်ခြင်း ကလေးပြုစုစောင့်ရှောက်ခြင်း ကလေးကျန်းမာရေး အန္တရာယ် ထိန်းကျောင်းမှု အိမ်သုံးပစ္စည်း လျှပ်စစ်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

မိုး မိုးရာသီ မိုးတွင်း အစားအသောက် ကလေးအာဟာရ ကလေးကျန်းမာရေး မကျွေးသင့်တဲ့ အစားအစာ ကန့်သတ် ရှောင်သင့်တဲ့ အစားအစာ ဝမ်းပျက်ဝမ်းလျှော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့မှာ စီမံပေးပါဦးနော်

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
ကလေး က ညဘက် ချောင်းထဆိုးနေသလား

ကလေး က ညဘက် ချောင်းထဆိုးနေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 1 min read
တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 mins read

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read