backup og meta

သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

    သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ သွေးပျစ်တဲ့ ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ သူ့ဘာသာသူဆို ပြဿနာ မဖြစ်တတ်ပေမယ့် ဒီလို သွေးပျစ်တဲ့ ပြဿနာ ခံစားနေရတဲ့သူတွေဟာ နောက်ပိုင်း ကြာလာရင် သွေးကြော တွေထဲ သွေးခဲတဲ့ပြဿနာတွေဖြစ်၊ သွေးကြောတွေ ပိတ်သွားတတ်လို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်သွားတတ်ပါတယ်။ ဒ့ါကြောင့် ဒီသွေးပျစ်တဲ့ ကိစ္စဟာလည်း ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။

    သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

    လူတိုင်းမှာ သွေးတွေရှိကြတာပဲ။ နောက်ပိုင်း အသက်တွေ ကြီးလာရင် ပျစ်လာမှာလား။ သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

    လူတိုင်းမှာ သွေးရှိတယ် ဆိုပေမယ့် လူတိုင်း သွေးပျစ်တဲ့ ပြဿနာကို ခံစားရမှာ မဟုတ်ပါဘူး။ သွေးပျစ်တဲ့ ဝေဒနာကိုခံစားရဖို့ အလားအလာ များတဲ့သူတွေ သပ်သပ် ရှိပါတယ်။ သူတို့တွေကတော့

    သွေးပျစ်တဲ့ ပြဿနာကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေ ကတော့

    • မိဘမျိုးရိုး

    မိသားစုထဲ သွေးပျစ်တဲ့ မျိုးရိုး ရှိရင် ကိုယ့်မှာလည်း သွေးပျစ်နိုင်ဖို့ အလားအလာတွေ များတတ်ပါတယ်။

    • Polycythemia vera (PV) သွေးကင်ဆာ

    Polycythemia vera (PV) လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ အများကြီးထုတ်လုပ်တဲ့ ကင်ဆာတစ်ခုဟာ သွေးပျစ်ခြင်းကိုဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ ဒီလို PV ဝေဒနာခံစားနေရတဲ့ လူတွေမှာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥ၊ သွေးဖြူဥ၊ သွေးတိတ်ဆဲလ်( platelets) တွေ အများကြီးထုတ်လိုက်တာကြောင့် သွေးပျစ်သွားရတာဖြစ်ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ပိုဖြစ်နိုင်ပါတယ်။

    • Waldenstrom macroglobulinemia – သွေးဖြူဥကင်ဆာ

    Waldenstrom macroglobulinemia ဆိုတာ သွေးဖြူဥကင်ဆာတစ်မျိုးဖြစ်တဲ့ ရှားပါး non-Hodgkinlymphomaတစ်မျိုးဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ macroglobulin ပရိုတင်းတွေ သွေးထဲများနေတာကြောင့် သွေးပျစ်စေပြီး သွေးခဲခြင်းပြဿနာတွေကိုဖြစ်စေတတ်ပါတယ်။

    • SLE အရေပြားလေးဖက်နာ နဲ့ lupus ရောဂါ

    ခုခံအားကနေ ကိုယ့်ရဲ့ဆဲလ်တွေကိုပြန်တိုက်တဲ့ အရေပြားလေးဖက်နာလို့ လူသိများကြတဲ့ SLE နဲ့ Lupus ေရာဂါတို့မှာ autoimmuneinflammationလို့ခေါ်တဲ့ ခုခံအားကပြန်တိုက်လို့ ရောင်ရမ်းတဲ့ပြဿနာကြောင့် Procoagulants သွေးပျစ်ပစ္စည်းတွေ အများကြီးထွက်လာတတ်ပါတယ်။ ဒီ Procoagulants တွေများများထွက်လေ သွေးများများပျစ်လေပါပဲ။

    • Factor V Leiden – သွေးခဲစေမယ့် factor V ပုံမှန် မဟုတ်တဲ့ပြဿနာ

    ထိခိုက်ဒဏ်ရာတစ်ခုခုရလို့ သွေးထွက်တဲ့အခါ သွေးတိတ် စေဖို့ ကိုယ်တွင်းစနစ်က အလုပ်လုပ်ရပါတယ်။ ဒီထဲမှာ factor V လည်း တစ်ခု အပါအဝင်ပါ။ ဒီ factor V နည်းတဲ့အခါ သွေးမတိတ်တဲ့ပြဿနာတွေဖြစ်သွားတတ်ပြီး ပုံမှန် မဟုတ်တဲ့အခါမျိုးတွေမှာတော့ သွေးပျစ်တဲ့ပြဿနာတွေဖြစ်စေပြီး အတွင်းပိုင်းသွေးကြောတွေမှာ သွေးခဲတဲ့ ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။

    • protein C protein S နည်းနေတဲ့ပြဿနာ

    မျိုးရိုးဗီဇပြဿနာတစ်ခုဖြစ်တဲ့ protein C နဲ့ protein S နည်းနေတဲ့ပြဿနာမှာ သွေးခဲတွေ ပိုဖြစ်နိုင်တတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပျစ်တဲ့ပြဿနာခံစားရတတ်ပါတယ်။

    • Prothrombin Gene 20210A mutation

    မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတစ်ခုကြောင့် သွေးခဲ စေတဲ့ ပရိုတင်း prothrombin မှာ ပြဿနာရှိနေတဲ့အခါမှာ သွေးပျစ်တာ သွေးခဲတာစတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement