• ကြွက်သားပျက်စီးခြင်းနဲ့ ကိုယ်အပူချိန် မကြာခဏတိုးလာခြင်း
• ခွဲစိတ်မှုအပြီး ရက်ပေါင်းများစွာ ကြာသည်အထိ ဝမ်းချုပ်ခြင်း
• ထုံဆေး ကို မြောက်မြားစွာ သုံးစွဲခဲ့မယ်ဆိုရင် ဒီဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေကိုပါ ရောက်ရှိနိုင်ပြီး သင့်ဦးနှောက်နဲ့ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။
• ခါးရိုးထုံဆေး ပြီးတဲ့နောက်မှာလည်း တချို့သူတွေက ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်ပါတယ်။
သင့်ပေါ်မှာ အသုံးပြုခဲ့တဲ့ မေ့ဆေးအမျိုးအစားတွေဟာ သင့်ရဲ့အခြေအနေ၊ ကျန်းမာရေး၊ အသက်အရွယ်နဲ့ သုံးစွဲခဲ့တဲ့ဆေးတွေအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို အကျိုးသက်ရောက်စေပါတယ်။ တကယ်လို့ သင့်မှာ ကျန်းမာရေး ပြဿနာတစ်ခုခုရှိခဲ့မယ်ဆိုရင် ဥပမာ- နှလုံး သို့မဟုတ် အဆုတ် ရောဂါတစ်ခုခုရှိခဲ့မယ်ဆိုရင်ဒါတွေက မေ့ဆေး၊ ထုံဆေး သက်ရောက်မှုကို ပိုတိုးလာစေနိုင်ပါတယ်။ အခြားသောဆေးဝါးများသောက်သုံးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ တရားမဝင်ဆေးဝါးတွေသုံးစွဲခြင်းဟာ သင့်အတွက် ပြဿနာဖြစ်နိုင်ချေကို ပိုပိုတိုးလာစေနိုင်ပါတယ်။
သင်သုံးစွဲရမယ့် မေ့ဆေး၊ထုံဆေး ပေါ်မှာတော့ သိပ်ပြီး စိုးရိမ်ကြောင့်ကြမနေပါနဲ့။ ဆရာဝန်တွေက သင့်အတွက်အကောင်းဆုံးဖြစ်ပြီး ကောင်းကျိုးတွေ၊ ထိရောက်မှုတွေနဲ့ အန္တရာယ်ဖြစ်စေနိုင်တာတွေကို ပြောပြပေးနိုင်ပါတယ်။
ခွဲစိတ်မှုအပြီးမှာ ဘာတွေကို မျှော်လင့်ပြင်ဆင်ထားရမလဲ။
ခွဲစိတ်မှုပြီးတဲ့နေ့မှာပဲ အိမ်ပြန်လာတယ်ဆိုရင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။