backup og meta

ခန္ဓာကိုယ်က နာကျင်မှု ကို အထိရောက်ဆုံးသက်သာစေမယ့် အစားအစာ (၅) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်က နာကျင်မှု ကို အထိရောက်ဆုံးသက်သာစေမယ့် အစားအစာ (၅) မျိုး

    နာကျင်မှုကြောင့် တစ်နေ့တာမှာ စိတ်ရှုပ်နေရပြီလား။ ရောင်ရမ်းမှုတွေကြောင့် နာကျင်မှုတွေနဲ့ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ကဲ နာကျင်မှုခံစားနေရတဲ့ Helloဆရာဝန်ပရိသတ်ကြီးရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    နာကျင်မှု

    ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းတာကြောင့် နာကျင်တာ၊ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ နာကျင်တာအပါအဝင် ထိခိုက်မှုတွေကြောင့် နာကျင်တာတွေကို ခံစားရနိုင် ပါတယ်။

    နာကျင်မှု တွေ သက်သာစေဖို့ ဘာစားရမလဲ……………..

    နာကျင်မှုကို အစားအသောက်ကနေတဆင့် ကုစားလို့ရပါတယ်။ ကဲ…ခံစားနေရတဲ့ ခန္ဓာကိုယ်နာကျင်မှုသက်သာဖို့ ဘာတွေစားပေးရမလဲ ဆက်ကြည့်လိုက်ရအောင်လား။

    (၁) လက်ဖက်စိမ်းရေနွေးကြမ်း

    နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အကောင်းဆုံးသောစားစရာတွေထဲကတစ်ခုပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက နာကျင်တာကိုပဲ သက်သာစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်တာပါ။ နေ့တိုင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ လက်ဖက်စိမ်းရဲ့အခြားကျန်းမာရေး အာနိသင်တွေအနေနဲ့ကတော့ ကင်ဆာ ကာကွယ်ပေးနိုင်တယ်၊ ဗိုက်အဆီကျစေနိုင်တယ်၊ စိတ်ဓာတ်ကျနိုင်ခြေနည်းစေတယ်၊ စသဖြင့် အကျိုးပြုတာတွေရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာပြီး နာကျင်မှုကင်းစေဖို့ တစ်နေ့ကို လက်ဖက်စိမ်းရေနွေးကြမ်းတစ်ခွက်သောက်ပေးပါ။

    (၂) ကြက်သွန်ဖြူ

    အစိမ်းလိုက်တို့စားကြသလို ဟင်းထဲမှာထည့်ချက်တာမျိုးလည်းရှိပါတယ်။ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကင်ဆာတိုက်ဖျက်ပေးသလို နှလုံးရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသေးတယ်။ တစ်နေ့တာမှာ ကြက်သွန်ဖြူ အရွယ်တော် ၄ မွှာအထိစားပေးသင့်ပါတယ်။

    ဆေးဖက်ဝင်တယ်လို့ ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။ နေ့တိုင်းလိုလို ဟင်းတွေထဲမှာ မပါမဖြစ်ပါနေတတ်တဲ့ နနွင်းက နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါယ်။ နနွင်းမှာ curcumin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် ခန္ဓာကိုယ်က နာကျင်ရောင်ရမ်းမှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

    (၄) ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့အတွက် ဆဲလ်တွေကို free radicals တွေကြောင့် ပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှာ နာတာရှည်ရောင်ရမ်းမှုမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးပါသေးတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်းကလည်း ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

    (၅) ချင်း (ဂျင်း)

    ချင်း (ဂျင်း) ကလည်း နာကျင်ရောင်ရမ်းမှုကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ရေနွေးစိမ်သောက်လို့ရသလို ချင်း (ဂျင်း) သုပ်စားတာမျိုးလည်းရပါတယ်။ လေးဖက်နာအဆစ်ရောင်ရောဂါရှိသူတွေနဲ့လည်း အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ ချင်း (ဂျင်း) က ကြွက်သားတွေနာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှုတွေ ကင်းချင်ရင်တော့ တစ်နေ့ကို ချင်း (ဂျင်း) ၂ ဂရမ် စားပေးပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဗိုက်အောင့်ဗိုက်နာဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။

    အပန်းလည်း မကြီးဘဲ နေ့တိုင်းစားနေတဲ့ အစားအစာလေးတွေကို စားပေးရုံနဲ့ နာကျင်ရောင်ရမ်းမှု သက်သာစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေမယ်ဆိုတော့ ဘယ်လိုလဲ Helloဆရာဝန်ပရိသတ်ကြီးရေ……စားမယ်ဟုတ်………..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement