backup og meta

အတက်ရောဂါရှိခြင်းဟာ မျိုးအောင်နိုင်စွမ်းပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတက်ရောဂါရှိခြင်းဟာ မျိုးအောင်နိုင်စွမ်းပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။

    အတက်ရောဂါရှိခြင်းဟာ အမျိုးသမီးများနှင့်အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ယူဆထားကြပါတယ်။ အမှန်မှာတော့ အတက်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေထက်စာရင် ကိုယ်ဝန်ရဖို့ အချိန်ပိုကြာနိုင်ပါတယ်။ ဒါ့အပြင်ဝက်ရူးပြန်ရောဂါရှိသော အမျိုးသားများဟာလည်း ရောဂါမရှိသောသူများထက်စာလျှင် မျိုးအောင်မှု မြန်ဆန်ခြင်းမရှိတာ ဖြစ်နိုင်ပါတယ်။

    တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ကြိုးစားနေသော်လည်း မရနိုင်သေးတဲ့အခါ သင့်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်များက သင်ကိုယ်ဝန်မရခြင်းရဲ့အကြောင်းအရင်းကို အဖြေရှာနိုင်ပြီးလိုအပ်ပါက ကုသမှုပြုရန်အကြံပေးနိုင်ပါတယ်။

    အတက်ရောဂါဟာ အမျိုးသားများရဲ့မျိုးအောင်နိုင်စွမ်းကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။

    ဝက်ရူးပြန်ရောဂါ ရှိသော အမျိုးသားများ၏ မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ကောင်းစွာမလုပ်ဆောင်နိုင်ခြင်းဟာ အချိုးမညီစွာပဲ သိသိသာသာမြင့်တက်လျက်ရှိပါတယ်။ ၎င်းဟာ အမျိုးသားများတွင် လိင်အင်္ဂါကောင်းစွာ မတောင့်တင်းနိုင်ခြင်း နှင့်သုတ်ပိုးများတွင် ပုံမှန် မဟုတ်သော လက္ခဏာများတွေ့ရခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပြီး မျိုးအောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းကို အကျိုးသက်ရောက်နေတဲ့ အရာအချို့ကတော့

    • အတက်ရောဂါ ပျောက်ဆေးတွေဟာသင့်ရဲ့ သုတ်ပိုးထုတ်လုပ်မှုပမာဏကို လျော့ကျစေနိုင်ပါတယ်။ သို့မဟုတ် ၎င်းသုတ်ပိုးရဲ့ အရည်အသွေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ Carbamazepine နဲ့sodium valproate တွေလို ဆေးမျိုးတွေဟာ ဒီလိုဘေးထွက် ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။

    • သင့်မှာ ကျားဟော်မုန်းဖြစ်တဲ့ testosteroneဟော်မုန်း ပမာဏဟာ ပုံမှန်ထက်လျော့နည်းနေနိုင်ပါတယ်။

    • ဝက်ရူးပြန်ရောဂါရှိသော အမျိုးသားဖြစ်စေ၊ မရှိသောအမျိုးသားဖြစ်စေ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများကို ထိခိုက်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ ပင်ပန်းခြင်း၊ ဖျားနာခြင်း၊ အရက်သောက်ခြင်းနှင့်နာတာရှည်ရောဂါရှိခြင်း စတာတွေပဲဖြစ်ပါတယ်။

    မျိုးအောင်ခြင်းဆိုင်သော ပြဿနာများကိုကုသခြင်း။

    တကယ်လို့ သင်ဟာလည်း ကလေးရဖို့ ကြိုးစားနေသူဖြစ်ပြီး သင့်ရဲ့လက်တွဲဖော်ကလည်း ကိုယ်ဝန်ဆောင်ရန်အချိန်ကျပြီး ကြိုးစားနေသူဖြစ်လျှင် သင့်ရဲ့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဒီလိုကလေးမရခြင်းဟာ သင်နဲ့သာမက သင့်ရဲ့လက်တွဲဖော်နှင့်ပတ်သက်တဲ့အကြောင်းအရာများစွာကြောင့် ဖြစ်နိုင်ပါတယ်။

    တကယ်လို့ သင့်ရဲ့ဆရာဝန်က သင့်မှာဝက်ရူးပြန်ရောဂါရှိနေ၍ ကလေးမရခြင်းသို့မဟုတ် အတက်ရောဂါအတွက်သောက်သောဆေးများကြောင့် ကလေးမရသေးခြင်းဟု ယူဆလျှင်သင့်ရဲ့အတက်ပျောက်ဆေးတွေကိုပြောင်းလဲပေးပါလိမ့်မယ်။ တကယ်လို့ သင့်ရဲ့ သုတ်ပိုးအရည်အသွေး သို့မဟုတ် အရေအတွက်ကို စိတ်ပူတယ်ဆိုရင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ သင့်ရဲ့သုတ်ပိုးကိုစစ်ဆေးဖို့ရာ ဆရာဝန်များအတွက်လွယ်ကူပါတယ်။

    အတက်ရောဂါဟာ အမျိုးသမီးများရဲ့မျိုးအောင်နိုင်စွမ်းကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။

    တက်ရောဂါ ရှိတဲ့ အမျိုးသမီးတွေဟာမရှိသူများထက်စာရင် မျိုးအောင်ခြေလျော့နည်းနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ သားဥကြွေစဉ် အချိန်တစ်ဝိုက်မှာ တက်ခြင်း ဖြစ်ခဲ့ရင် မျိုးအောင်ခြင်းဖြစ်စေတဲ့ အချိတ်အဆက်လမ်းကြောင်းတွေကို ပျက်စီးနိုင်ပါတယ်။ မျိုးအောင်ခြင်းကို ထိခိုက်စေသော ပိုပြီးအသေးစိတ်ကျတဲ့ အကြောင်းအရာတွေထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်။

    ဝက်ရူးပြန်ရောဂါရှိတဲ့ အမျိုးသမီးများဟာpolycystic ovarian syndromeခေါ်သော သားဥအိမ်ပေါ်တွင် အရည်အိတ်များဖြစ်သည့် ရောဂါကဲ့သို့မျိုးမအောင်ခြင်းကို ဖြစ်စေသောအကြောင်းအရင်း အချို့ရှိပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ အမျိုးသမီးများဟာ ရာသီစက်ဝန်းပုံမှန် မဟုတ်တာလည်း ဖြစ်နိုင်ပါတယ် သို့မဟုတ် မျိုးဥကိုကောင်းစွာ မထုတ်နိုင်တဲ့ အတွက်ကိုယ်ဝန်ရရန် ပိုပြီး ခက်ခဲနိုင်ပါတယ်။ အချို့သော အတက်ရောဂါပျောက်ဆေးတွေဟာ သင့်ရဲ့ သားဥမှာ ရှိတဲ့ ဟော်မုန်း ပမာဏတွေကိုထိခိုက်နိုင်ပါတယ်။ ဒါဟာ မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်ဖို့ရာ လိုအပ်သော ဟော်မုန်းတွေဟာ ပုံမှန်မရှိတတ်ပါဘူး။

    သင်ဟာကိုယ်ဝန်ရပြီဆိုတာနဲ့ သင့်ရဲ့အတက်ရောဂါကို ထိန်းချုပ်ဖို့ရာ ပို၍အရေးကြီးလာပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တက်ခြင်းဟာ သင့်ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သင်ကိုယ်တိုင်ဟာ လဲကျနိုင်တဲ့အပြင် တက်နေစဉ်တွင်လည်း ကလေးမှာ အောက်စီဂျင် ပျက်လတ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ကလေးကိုဒဏ်ရာရစေနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေပါတယ်။

    သင့်ဆရာဝန်က သင့်ကိုအကြံပေးနိုင်တဲ့ကုသမှု တစ်ခုကတော့ဟော်မုန်းအခြေခံထားသည့် မျိုးအောင်ဆေးများသောက်ရန် ဖြစ်ပါတယ်။ အချို့သော ဝက်ရူးပြန်ရောဂါ ရှိတဲ့အမျိုးသမီးတွေဟာ ဒီဆေးတွေကိုသောက်နေစဉ်မှာ ပိုပြီးတက်တယ်လို့ဆိုကြပါတယ်။ သို့သော် ဒီဟော်မုန်းအခြေခံ မျိုးအောင်ဆေးများကိုသောက်ခြင်းမှ မရပ်ပစ်ပါနှင့်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုဖြစ်ခြင်းဟာ သင့်မှာ ဝက်ရူးပြန်ရောဂါရှိနေ၍ သို့မဟုတ် အတက်ရောဂါအတွက်သောက်သောဆေးများကြောင့်သာဖြစ်ပါတယ်။ အထူးသဖြင့် ဦးနှောက်နှင့်ကျောရိုးနာ့ဗ်ကျောမကို ထိခိုက်စေသောအာရုံကြောပြွန်ချို့ယွင်းခြင်းကဲ့သို့ ကလေးများတွင် မွေးရာပါချို့ယွင်းမှုများဖြစ်နိုင်ခြေကို လျော့ကျစေရန် ဝက်ရူးပြန်ရောဂါ ရှိတဲ့ အမျိုးသမီးတွေဟာသူတို့ ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားမီကတည်းက ဖောလစ်အက်စစ် ဝ.၄ မီလီဂရမ်ကို အနည်းဆုံး တစ်နေ့တစ်ကြိမ်သောက်သင့်ပါတယ်။

    အတက်ရောဂါ ဟာအမျိုးသမီးများ၊ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းကိုအကျိုးသက်ရောက် နိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေး အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ရန် တိကျသေချာတဲ့နည်းလမ်းများကို ရယူနိုင်ရန် ဆရာဝန်နှင့်ချက်ချင်း ဆက်သွယ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးကိုရော သင့်ကလေးရဲ့ကျန်းမာရေးကိုပါ ကာကွယ်ပေးနိုင်ရန်ကူညီနိုင်ပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement