backup og meta

တက်တတ်သောသူတို့အတွက် ဘဝနေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တက်တတ်သောသူတို့အတွက် ဘဝနေထိုင်နည်းများ

    သင့်ရဲ့နေထိုင်မှုကို ပြုပြင်ပြောင်းလဲပြီး အတက်ရောဂါ ဝက်ရူးပြန်တာကို ထိန်းချုပ်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေနဲ့ သင့်ရောဂါကို ကူညီနိုင်ပါလိမ့်မယ်

    ၁။ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်ပြီး မှတ်စု လုပ်ထားပါ။

    • သင့်ရဲ့ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်ပြီး မှတ်စု လုပ်ထားပါ်တာဟာ အရေးကြီးပါတယ်။ဥပမာ
    • ဘယ်ချိန်မှာဖြစ်တာ ဘယ်လိုဖြစ်တာ
    • ဖြစ်ရင်ဘယ်လိုရပ်ဖို့လုပ်သလဲ ။ မဖြစ်ခင် ဘယ်လိုထူးထူးဆန်းဆန်း ခံစားရသလဲ
    • သင့်ရဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ဆရာဝန်ကို နားလည်စေနိုမယ့် အချက်တွေ
    • သင်ဒီရောဂါပျောက်ဖို့ သောက်နေတဲ့ဆေးဆိုးကျိုးတွေ လက္ခဏာတွေ အာနိသင်တွေ အချိန်တွေ
    • ဖြစ်ပွားချိန်မှာ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ထူးခြားခံစားရမှုတွေ စတာတွေဖြစ်ပါတယ်။

    ၂။ ဆရာဝန်နှင့် အချိန်မှန် ပြသခြင်း

    သင်ဆရာဝန်နဲ့ မမကြာမကြာ သွူားရောက်ပြသပြီးတော့ :

    • သင့်ရဲ့ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်တဲ့ မှတ်စုကို ပြသပါ
    • သင့်ရောဂါအခြေအနေတိုးတက်ဖို့ ထိုသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။
    • သင့်ရောဂါကို ပိုမိုအကောင်းဆုံးထိမ်းချုပ်နိုင်ဖို့ အတွက် သင်လိုအပ်မယ်ထင်တဲ့ ကုသနည်းသစ်တွေကို ပြောပြတိုင်ပင်ပါ။
    • သင်သုံးစွဲနေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာပြောပြပါ။

    ၃။ ဆေးကို ကျော်တာမသောက်မိတာ မဖြစ်ပါစေနှင့်

    တက်ခြင်းက ဆေးတစ်ခွက်နှစ်ခွက်လောက်မသောက်ပဲနေမိရုံနဲ့ ဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဆေးကိုသောက်နေတဲ့ သူမြင်သာတဲ့ နေရာမှာထားပါ။ ညွှန်ကြားတဲ့ အတိုင်းသောက်ပါ။ သင့်ရောဂါကုသပေးသူကို မပြောပဲနဲ့ ဆေးကိုရပ်လိုက်တာမျိုး မလုပ်ပါနဲ့။

    ၄။ အိပ်ရေးဝဝအိပ်ပါ။

    အိပ်ရေး မဝတာဟာ ထိန်းချုပ်မှုရှိပြီးသားလူနာတွေတောင် တက်ခြင်းဖြစ်စေနိုင်ပါတယ်။ အချိန်ဇယားနဲ့ အပြည့်အဝအနားယူပါ။ တုညီတဲ့အချိန်တွေမှာ အိပ်တာ အိပ်ယာထတာဟာ အိပရေးဝစေနိုင်ပါတယ်။ အရမ်း နိုးကြားနေအောင်လုပ်တဲ အာရုံစိုက်ရတဲ့ အပြုအမူတွေ ဥပမာ တီဗွီ ကြည့်တာ ဂိမ်းဆော့တာ အားကစားလုပ်တာတွေကို မအိပ်ခင်မှာမလုပ်သင့်ပါဘူး။

    ၅ ။ အရက်မသောက်ပါနှင့်

    အရက်သောက်တာဟာ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အရက်အလွန်အကျွံသောက်တာဟာ တက်ခြင်းကို လှုံ့ဆော်တာ စဖြစ်စေတာရောဖြစ်နိုင်ပါတယ်။

    ၆။ အပန်းဖြေနည်းများ သင်ယူပါ။

    စိတ်ဖိစီးမှုဟာ အဓိကပြသနာဖြစ်တဲ့ အတွက် ထိန်းချုပ်နိင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဉ် တရားထိုင်ခြင်း နဲ့ ယောဂကျင့်တာဟာ သင့်ကို ကူညီနိငင်ပါလိမ့်မယ်။

    ၇။ မျက်လုံးကို အရမ်းလှုံဆော်မှုမဖြစ်အောင် သတိထားပါ။

    တက်တဲ့သူတွေဟာ အလင်းဒဏ်ကို sensitive ဖြစ်ကြပါတယ်။ တီဗွီ , ဂိမ်းနဲ့ ဓါတ်မီးကအလင်းတွေတောင်မှ တက်တာကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့လူနာက TV ကြည့်မယ်ဆိုရင် ကျွမ်းကျင်သူရဲ့ အကြံလိုအပ်ပါတယ်။ အဆိုအရ အခန်းတစ်ခုလုံးလင်းနေဖို့လိုပြီး ကြည့်သူဟာ TV နဲ့ ရှစ်ပေအကွာမှာရှိရပါမယ်။

    ၈။ လေ့ကျင့်ခန်းလုပ်ပါ

    နေ့စဉ်လေ့ကျင့်ခန်းတွေဟာ သင့်ကိုရွှင်လန်းစေပြီး သင့်တင့်တဲ ကိုယ်အလေးချိန်ရစေကာ စိတ်ကျေနပ်မှုလည်းပေးနိုင်ပါတယ်။ ဆရာဝန်တွေက chiropractic therapy, နှိပ်နယ်တာနဲ့ cranial sacral therapy တွေလုပ်ခိုင်းပြီး ရေကူး, hiking, တောင်တက်တာ, အခြားကစားနည်းတွေကို အန္တရာယ်မဖြစ်စေဖို့အတွက်ရှောင်ခိုင်းပါတယ်။

    ၉။ မျှတတဲ့ အစားအသောက်ကိုစားပါ

    လူနာတွေအတွက်အချို့သတ်မှတ်ချက်တွေရှိပါတယ်။ အချို့တွေမှာ antiepileptic drugs (AEDs) တွေက calcium, magnesium, and sodium ပမာဏတွေက်ု နှောင့်ယှက်နိုင်ပါတယ်။vit D လိုအရိုးတွေအတွက်အရေးကြီးတဲ့အရာကလည်း antiepileptic drugs (AEDs) ကြေုင့် ကျနိုင်ပါတယ်။ ဆရာဝန်နဲ့ ဗီတာမင် သတ္ထုဓါတ် ပမာဏကို စစ်ဆေးမှုလုပ်ပါ။

    ၁၀။ အကူအညီ ရှာဖွေပါ

    တက်ခြင်း ဝက်ရူးပြန်ခြင်းခံစားရတဲ့လူနာတွေကူညီပေးတဲ့ အဖွဲ့ကို သင်ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို စိတ်ပိုင်းရုပ်ပိုင်း ကူညီပေးတဲ့ အဖွဲ့တွေကိုလည်း ရှာဖွေနိုင်ပါတယ်။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ, ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ လုပ်ဆောင်မည်မဟုတ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement