backup og meta

အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့

    ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ မတော်တဆထိခိုက်မိတာတွေကြောင့်ဖြစ်ဖြစ် အရိုးကျိုးတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရိုးကျိုးတာက သာမန်မျက်စိနဲ့ မြင်ဖို့ခက်သလို သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အရိုးပြန်ဆက်တဲ့အချိန်မျာ အစားအသောက်၊ အနေအထိုင်ကို သေချာလေးဂရုစိုက်ပေးမှာ အရိုးက အကောင်းဆုံးပြန်ဆက်နိုင်မှာပါ။ ဒီတော့ အကြောင်းအရင်းတစ်ခုခုကြောင့် အရိုးကျိုးသွားတဲ့အခါ အရိုးမြန်မြန်ဆန်ဆန်ပြန်ဆက်စေဖို့ ဘာတွေလိုက်နာဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ မျှဝေပါရစေ။

    ခန္ဓာကိုယ်ရဲ့ ငြမ်းဖြစ်တဲ့အရိုးတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲ…………

    ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ငြမ်းတွေဖြစ်တဲ့ အရိုးတွေကို ကော်လာဂျင်လို့ ခေါ်တဲ့ (ပရိုတင်း) နဲ့ဖွဲ့စည်းထားပြီး အပေါ်ကနေမှ သတ္တုဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့က ကြံ့ခိုင်မှုကို အားဖြည့်ပေးထားကြပါတယ်။ ဒါကြောင့် အရိုးတွေကျန်းမာနေစေဖို့ ထိခိုက်သွားတဲ့အခါ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့အတွက် အာဟာရတွေကို ပြည့်ဝမျှတအောင်စားသုံးပေးဖို့ လိုပါမယ်။

    ကျိုးသွားတဲ့အရိုး မြန်မြန်ပြန်ဆက်စေဖို့

    အရိုးတွေကျိုးသွားတဲ့အခါ ပြန်ဆက်ပြီး အမြန်ဆုံးအကောင်းပကတိပြန်ဖြစ်စေဖို့ဆိုရင် ပုံမှန်ထက် အာဟာရဓာတ်တွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါမယ်။ ဒီတော့ ဘာတွေစားမလဲ………

    ကယ်လ်ဆီယမ်

    အရိုးတွေနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်မယ့်ဓာတ်တစ်မျိုးပါ။ အရိုးရဲ့ သိပ်သည်းဆကို ကောင်းစေပြီး ကျိုးနေတဲ့အရိုးတွေကို ပြန်ဆက်စေဖို့လည်း အကောင်းဆု့းအားဖြည့်ပေးနိုင်ပါတယ်။ ကျန်းမာတဲ့ အရိုးတွေဖြစ်ပေးစေဖို့လည်း အထိရောက်ဆုံးအားဖြည့်ပေးမှာပါ။ ဒီတော့ အရိုးတွေကျိုးသွားတဲ့အခါ လလ်ဆီယမ်ကြွယ်ဝတဲ့အစာတွေကိုစားပေးဖို့တော့ လိုမှာပေါ့။

    နို့၊ ဒိန်ချဉ်၊ ချိစ်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့၊ ပေါင်မုန့်၊ ဆီရီယယ်လ်တို့ကိုစားပေးပါ။

    ဗီတာမင် C 

    ကော်လာဂျင်တွေထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ အရိုးတွေကို ပြန်ဆက်စေဖို့လည်း အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေထိခိုက်မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး နာကျင်ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။

    ချဉ်တဲ့အရသာရှိတဲ့ သံပရိုသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ ဘယ်ရီသီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။

    အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ ကယ်လ်ဆီယမ်စုပ်ယူနိုင်မှုကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် D ကို အဓိကရရှိနိုင်တာကတော့ နေရောင်ခြည်ကနေပါ။
    ကြက်ဥ၊ မက်ကာရယ်၊ ဆယ်လ်မွန်၊ တူနာငါးတွေကို စားသုံးပေးလို့ရပါတယ်။
    အရိုးတွေ အထူးသဖြင့် တင်ပဆုံးရိုးတွေကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပေါ့။ နေစဉ်စားသုံးမှုမှာ ပါဝင်အောင်ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
    ကိုက်လန်၊ ပန်းဂေါ်ဖီနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် K ပမာဏကိုဖြည့်ပေးလိုက်ပါ။

    ပိုတက်ဆီယမ်

    တရုတ်ဇီးသီး၊ ဇီးသီး၊ တူနာ၊ ပဲပိစပ်၊ ထောပတ်သီးတို့ကို စားသုံးပေးလို့ရပါတယ်။

    မဂ္ဂနီဆီယမ်

    အရိုးတွေရဲ့ သိပ်သည်းဆကိုကောင်းမွန်စေပြီး အရိုးတွေ မြန်မြန်ပြန်ဆက်အောင် အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ မဂ္ဂနီဆီယမ်ဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်းလောက်က အရိုးမှာရှိနေတာပါ။

    ထမင်း၊ ဟင်းနုနွယ်၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့တို့စားပေးလို့ရပါတယ်။

    သံဓာတ်

    ကော်လာဂျင်ဖြစ်ပေါ်စေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ သွေးတွင်းမှာ ဟီမိုဂလိုဘင်ပမာဏတိုးအောင် လုပ်ဆောင်ပေးပါတယ်။ အရိုးတွေပြန်ဆက်ဖို့အတွက် အရေးပါတဲ့ အောက်ဆီဂျင်အလုံအလောက်ရစေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုက အရိုးတွေပြန်ဆက်ရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ်ပြည့်အောင် စားသုံးပေးဖို့လည်း လိုပါမယ်။

    အနီရောင်အသားတွေ၊ ကြက်သား၊ ဟင်းနုနွယ်၊ အသည်းတို့ကို စားသုံးပေးလို့ရပါတယ်။

    အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ အရိုးဆဲလ်တွေဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးနိုင်တဲ့ သတ္တုဓာတ်တစ်မျိုးပေါ့။ ကျိုးသွားတဲ့ အရိုးတွေပြန်ဆက်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
    ဂုံး၊ ဂဏန်း၊ ပုစွန်တုပ်၊ ကြက်သား၊ ဒိန်ချဉ်တို့ကိုစားသုံးပေးလို့ရပါတယ်။

    ကော်လာဂျင်ထွက်ရှိစေဖို့နဲ့ အရိုးတွေပြန်ဆက်ဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အရိုတွေမြန်မြန်ပြန်ဆက်ဖို့ဆိုရင် ပရိုတင်းပြည့်ဝဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ပရိုတင်းပြည့်ဝမှာ အရိုးတွေကိုမြန်မြန်ပြန်ဆက်စေနိုင်ပြီး ကယ်လ်ဆီယမ်စုပ်ယူမှုကိုလည်း ကောင်းစေမှာပါ။ အရိုးတွေအသစ်ပြန်လည်ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

    အနီရောင်အသား၊ ကြက်သား၊ ငါး၊ ပဲနို့၊ အခွံမာသီးတွေ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေစားသုံးပေးလို့ရပါတယ်။

    အရိုးတွေမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေကိုတော့ရှောင်ဖို့လိုပါမယ်

    အရိုးတွေမြန်မြန်ပြန်ဆက်စေဖို့ဆိုရင် ဒီအစားအစာတွေကိုတော့ရှောင်ရပါမယ်။

    • ဆား (အငန်ကဲတဲ့အစားအစာတွေ)
    • ကဖင်း
    • အယ်လ်ကိုဟော
    • ဆေးရွက်ကြီး၊ ဆေးလိပ်စတာတွေကိုရှောင်ကြဉ်ရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement