၂. လေ့ကျင့်အားအစွမ်းကို လျှော့မတွက်ပါနဲ့
ခန္ဓာကိုယ်အတွက် အရမ်းဒဏ်ဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးတွေမဟုတ်ဘဲ အဆစ်အမြစ်တွေသန်စွမ်း စေမယ့် လေ့ကျင့်ခန်းတွေကို ရွေးလုပ်ကြည့်ပါ။ မျက်စိထဲမြင်အောင်ပြောရရင် အေရိုးဗစ်လေ့ကျင့်ခန်းတွေပေါ့။ လေ့ကျင့်ခန်းလုပ်တာက အဆစ်အမြစ်ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ စိတ်ဖိစီးမှုလျော့နည်းစေသလို ကြွက်သားနာကျင်မှုကိုလည်း သက်သာစေတာတွေ့ရပါတယ်။ နောက်ပြီး အသက်ကြီးသူတွေခံစားရလေ့ရှိတဲ့ အရိုးကြွက်သားပမာဏလျော့နည်းသွားတာကိုလည်း ကာကွယ်နိုင်ပါတယ်။
၃. ရှိသင့်တဲ့ကိုယ်အလေးချိန်ပဲထားပါ
လေ့ကျင့်ခန်းတော့ လုပ်ချင်ပါရဲ့၊ ခန္ဓာကိုယ်ကအရမ်းဝနေပြန်ရင်လည်း အဆင်မပြေပါဘူး။ နောက်ပြီး ကိုယ်အလေးချိန်အရမ်းများလာရင် အဆစ်အမြစ်တွေပေါ်ဝန်ပိပြီး အရိုးနုတွေမြန်မြန်ပျက်စီးစေနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းတာ ဟာ အဝလွန်တာ၊ သွေးတိုး၊ ဆီးချိုရောဂါတွေနဲ့လည်း ဆက်စပ်နေတာကြောင့် ကိုယ်အလေးချိန်ထိန်းထားဖို့က အရေးကြီးလှပါတယ်။
၄. အနားယူပါ
လေ့ကျင့်ခန်းလုပ်ရင် အရိုးနဲ့အဆစ်အမြစ်တွေ သန်မာစေတာမှန်ပေမယ့် တန်ဆေးလွန်ဘေးဆိုတာလည်း မမေ့နဲ့နော်။ အသုံးပြုတာများရင်လည်း အဆစ်အမြစ်ရောင်တတ်တာပါပဲ။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်လိုက်၊ အနားယူလိုက်ပဲလုပ်ပါ။ အဆစ်အမြစ်တွေရောင်ကိုင်းလာတဲ့အထိလည်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့၊ ဖြစ်ပြီးမှကုသတာထက် မဖြစ်ခင်ကတည်းက ဆင်ခြင်တာပိုကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း ကြွက်သားတွေ ပြည့်ပြည့်၀၀ပြန်ကြီးထွားနိုင်ဖို့ အိပ်ရေး၀၀အိပ်ဖို့လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။