backup og meta

မောတန်စ်နူရိုးမား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မောတန်စ်နူရိုးမား

    Morton’s Neuroma မောတန်စ်နူရိုးမား ဆိုတာဘာလဲ။

    Neuroma ဟာ ကိုယ်ခန္ဓါအစိတ်အပိုင်းများစွာမှာ ဖြစ်ပေါ်နိုင်တဲ့ အာရုံကြောတစ်ရှူးထူတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ခြေထောက်မှာ အဖြစ်အများဆုံး Neuroma ကတော့ Morton’s neuroma ဖြစ်ပြီး တတိယနဲ့ စတုတ္ထခြေချောင်းကြားမှာ အဖြစ်များပါတယ်။ သူ့ကို တခါတရံ Intermetatarsal neuroma ဆိုပြီး ခေါ်ကြပါတယ်။ Intermetatarsal ဟာ metatarsal အရိုးတွေကြားမှ ခြေဖနောင့်မှာရှိတဲ့ သူ့ရဲ့ နေရာကိုဖေါ်ပြခြင်းဖြစ်ပါတယ်။ Neuromas တွေဟာ ခြေထောက်ရဲ့ အခြားနေရာတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။

    Neuromas တွေဟာ အာရုံကြောဖိမိခြင်းနဲ့ ယားယံခြင်းတွေကြောင့် အာရုံကြောထူထဲခြင်း၊ ကြီးလာခြင်းပဲ ဖြစ်ပါတယ်။ ဖိမိခြင်းဟာ အာရုံကြောကို ကြီးလာစေပြီး နောက်ဆုံးမှာတော့ အာရုံကြော ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

    Morton’s Neuroma ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    Morton’s Neuroma ဟာ အဖြစ်များပါတယ်။ ခြေဖဝါး ချို့ယွင်းချက်ရှိသူတွေဖြစ်တဲ့ bunions, hammertoes, flatfeet ရှိတဲ့သူတွေဟာ Neuromas ပိုဖြစ်နိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    Morton’s Neuroma ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Morton’s Neuroma ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    • ထုံကျင်ခြင်း၊ ပူလောင်ခြင်း
    • နာကျင်ခြင်း
    • ခြေဖနောင့်အတွင်း တစ်ခုခုရှိနေသလို ခံစားရခြင်း
    • ဖိနပ်အတွင်း တစ်ခုခုရှိနေတဲ့ ခံစားမှုမျိုးရှိခြင်း

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်မှာ Neuromas လက္ခဏာတွေ ရှိပြီး သက်သာမှုမရှိဘူးဆိုရင် ခြေဖဝါးပြဿနာကို အထူးကုသတဲ့ ကျွမ်းကျင်သူ podiatrist ကို ချိန်းဆိုပြီး ပြသသင့်ပါတယ်။

    ဖြစ်ပွားမှုအကြောင်းရင်းများ။

    ဘာတွေက Morton’s Neuroma ဖြစ်ပွားစေသလဲ။

    အာရုံကြော ဖိမိခြင်း၊ ယားယံခြင်း ဖြစ်စေတဲ့အရာတိုင်းဟာ Neuromas ကို ဖြစ်စေနိုင်ပါတယ်။

    Neuromas ဟာ အောက်ပါအခြေအနေတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

    • တင်းကျပ်သော၊ ဒေါက်ချွန်သော ဒေါက်မြင့်ဖိနပ်များစီးခြင်း
    • တက်ကြွခြင်း၊ အားကစားပြုလုပ်ခြင်း – ပြေးခြင်း၊ ပြေးခြင်းနဲ့ ခြေထောက်အပေါ် ဖိအားသက်ရောက်စေသော အားကစားများ
    • ခြေဖဝါးပြဿနာများ (ဥပမာ flat feet, high arches, bunions, hammertoes)

    ဒီအရာတွေဟာ Neuromas ကို တိုက်ရိုက်ဖြစ်စေတာလား၊ ပိုဆိုးစေတာလားဆိုတာကိုတော့ သေချာ သိရှိခြင်းမရှိပါဘူး။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Morton’s Neuroma ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Morton’s Neuroma ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Morton’s Neuroma ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    ရောဂါကို မှန်ကန်စွာ အမည်တပ်နိုင်ဖို့ ဆရာဝန်က လက္ခဏာတွေကိုသေချာစွာ မေးမြန်းပြီး ခြေဖဝါးကို စစ်ဆေးပါလိမ့်မယ်။ စစ်ဆေးချိန်မှာ ဆရာဝန်ဟာ ခြေဖဝါးကို ကိုင်တွယ်ပြီး လက္ခဏာပေါ်ထွက်လာအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ အခြားစစ်ဆေးမှုတွေ Imaging tests တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

    လက္ခဏာပေါ်ထွက်မှုရဲ့ အစောပိုင်းအဆင့်တွေမှာ သင်ဟာ ခြေဖဝါးနဲ့ ခြေချင်းဝတ်အထူးပြုဆရာဝန်ကို ပြသသင့်ပါတယ်။ Neuromas ကို စောစီးစွာ သိရှိခြင်းဟာ ခွဲစိတ်ရမှုကို ရှောင်ကျဉ်နိုင်ပြီး ကိုယ်ခန္ဓါထိုးဖေါက်မှုလိုအပ်တဲ့ ကုသမှုတွေကို လိုအပ်ချက်ကို နည်းပါးစေနိုင်ပါတယ်။

    Morton’s Neuroma ကို ဘယ်လိုကုသလဲ။

    ခွဲစိတ်ရန်မလိုသော ကုသမှု

    • Padding – Padding နည်းပညာတွေဟာ metatarsal arch ကို ထောက်ပံ့ပေးပြီး အာရုံကြောပေါ်သက်ရောက်နေတဲ့ ဖိအားတွေကိုနည်းပါးစေကာ လမ်းလျှောက်စဉ်မှာ ဖိမိမှုကို ကျဆင်းစေပါတယ်။
    • ရေခဲကပ်ခြင်း – ဖြစ်ပွားရာနေရာကို အရောင်ကျစေဖို့ ရေခဲကပ်နိုင်ပါတယ်။
    • Orthotic devices – ခြေထောက်နဲ့ ခြေချင်းဝတ်ခွဲစိတ်ကုဆရာဝန်က ပေးထားတဲ့ orthotic စက်ဟာ ဖိအားနည်းစေဖို့နဲ့ အာရုံကြောကို ဖိမိခြင်းနည်းပါးစေဖို့ အသုံးဝင်ပါတယ်။
    • လှုပ်ရှားမှုကို ပြင်ဆင်ခြင်း – Neuromas ပေါ်ထပ်ခါထပ်ခါ ဖိအားသက်ရောက်စေတဲ့ လှုပ်ရှားမှုတွေကို ဒီအခြေအနေ မသက်သာမချင်း ရှောင်ကျဉ်သင့်ပါတယ်။
    • ဖိနပ်ပြောင်းလဲစီးခြင်း – ခြေချောင်းချောင်ချိတဲ့ ဖိနပ်တွေကို စီးခြင်း၊ ခြေချောင်းကျပ်သော ဖိနပ်တွေနဲ့ ဒေါက်မြင့်ဖိနပ်တွေကို ရှောင်ကျဉ်ခြင်း
    • ဆေးများ – အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ Ibuprofen ဆေးကို နာကျင်ရောင်ရမ်းမှုလျော့ကျစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။
    • ဆေးထိုးခြင်း – ကုသမှုမှာတော့ cortisone ထိုးခြင်း၊ ထုံဆေးထိုးခြင်းနဲ့ အခြားဆေးတွေ ထိုးခြင်းတွေ ပါဝင်ပါတယ်။

    ခွဲစိတ်ကုသမှု –

    Morton’s neuroma အတွက် ခွဲစိတ်ကုသမှုကို နာကျင်မှုပြင်းထန်လွန်းရင်သော်လည်းကောင်း အထက်ဖေါ်ပြပါနည်းလမ်းများနဲ့ မပျောက်ကင်းရင်သော်လည်းကောင်း အကြံပေးနိုင်ပါတယ်။

    • ခွဲစိတ်မှုအပြီးမှာ ခွဲထားတဲ့နေရာကို ကျက်သွားပြီး ပုံမှန်ဖိနပ် ပြန်မဝတ်နိုင်ခင်မှာ အထူးပြုလုပ်ထားတဲ့ဖိနပ်တွေကို ဝတ်ဖို့ လိုအပ်နိုင်ပါတယ်။ လုံးဝပြန်ကောင်းသည်အထိ ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ လိုအပ်နိုင်သော်လည်း ခွဲစိတ်မှုအပြီးမှာ ပုံမှန်အားဖြင့် လမ်းလျှောက်နိုင်ပါတယ်။
    • Morton’s neuroma ရှိပြီး ခွဲစိတ်မှုခံယူသူ လူနာအများစုဟာ ကောင်းကျိုးတွေ ခံစားရပြီး နာကျင်မှုလည်းပျောက်သွားနိုင်ပါတယ်။
    • ခွဲစိတ်မှုဖြစ်တာကြောင့် ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်း၊ နာကျင်ခြင်းအစရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမပြုလုပ်ခင် ခွဲစိတ်ဆရာဝန်နဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement