backup og meta

ဒူးအစားထိုးကုသ ပြီးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ

ဒူးအစားထိုးကုသ ပြီးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ
ဒူးအစားထိုးကုသ ပြီးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ

ဒူးဆစ်ခွဲစိတ်ကုသ မှု ခံယူထားတဲ့ လူနာတစ်ယောက်ဟာ ခွဲစိတ်မှုအမျိုးအစား၊ ဝေဒနာပြင်းထန်မှု အတိမ်အနက်၊ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ ဆေးရုံတက်ရပါလိမ့်မယ်။

နာကျင်မှု ရှိနိုင်ပေမယ့် ကုသမှုအပြီး နောက်တစ်ရက်မှာ အထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်း လျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက ဂရုစိုက်ပေးမှာပါ။

ဝန်ဆောင်မှုပေးတဲ့ ဆေးရုံမှ ကျွမ်းကျင်သူတွေရဲ့ ပြန်လည်ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ ရည်ရွယ်တဲ့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ရှိမယ်၊ ဒါတွေက အနည်းငယ် နာကျင်ရနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ခြေ နည်းစေပါတယ်။

အများစုက ဒူးဆစ်ခွဲစိတ်ကုသ ပြီး ၆ ပတ်အကြာမှာ ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ၃ လလောက်ထိတော့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတချို့ ရှိနိုင်တယ်၊ တစ်ရှူးနဲ့ ကြွက်သားအမာရွတ်တွေ ပျောက်ကင်းဖို့ ၂ နှစ် ကြာနိုင်ပါတယ်။

– အနာကျက်မြန်စေဖို့နဲ့ ကြွက်သားသန်မာစေဖို့ အထောက်အကူဖြစ်မယ့် သံဓာတ်အားဆေး သောက်ပါ။

– အနာပိုးမဝင်အောင် ဂရုစိုက်ပါ။ ပိုးဝင်တဲ့လက္ခဏာတွေ တွေ့တာနဲ့ ဆရာဝန်အမြန်ပြပါ။

– ကိုယ်အလေးချိန်ကို ဒူးက သေချာထမ်းနိုင်လောက်တဲ့ အနေအထား မရောက်မချင်း လမ်းလျှောက်အကူကိရိယာ၊ ချိုင်းထောက်၊ တုတ်ကောက် တို့ကိုသုံးပါ။

– ညွှန်ကြားချက်အတိုင်း ဆေးကို ပုံမှန်သောက်ပါ။

– ဒူးကျန်းမာရေး အတွက် သင်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။

– ထိုင်ခုံမှာ ထိုင်တဲ့အခါ ခွဲစိတ်ထားတဲ့ ခြေထောက်ကို ခွေးခြေခုံလေးနဲ့ မြှင့်ထားပါ။

– နီမြန်း၊ ရောင်ရမ်း၊ သွေးထွက်၊ ပြည်တည်၊ အရည်ထွက်၊ ကိုယ်ပူတာတွေ အပါအဝင် အနာပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာသလား သတိထား စောင့်ကြည့်ပါ။

– ချော်လဲတာမျိုး ထပ်ပြီးထိခိုက်တာ မဖြစ်စေဖို့ ဂရုစိုက်ပါ။

– ကုသမှု လုပ်ပြီးပြီးချင်း တစ်ပတ်၊ နှစ်ပတ်အတွင်း ဒူးကွေးမချဖို့၊ အလေးအပင် မ မ ဖို့ သတိထားပါ။

– အနာသေချာမကျက်သေးဘဲ ရေစိုမခံပါနဲ့။ အနာပိုးဝင်ဖို့ လွယ်စေနိုင်ပါတယ်။

– အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။ ခြေကျင်းဝတ်တွေ ရောင်လာနိုင်တယ်။

– ထိုင်တဲ့အခါ ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့။

– ဒူးကို ဖိအားများစေမယ့် လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

– နာကျင်မှုကို လျစ်လျူမရှုပါနဲ့။ လိုအပ်ရင် သောက်ဖို့ ပေးထားတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ။ ပိုဆိုးလာရင်၊ ထူးခြားတဲ့လက္ခဏာရှိလာရင် ဆရာဝန်ပြန်ပြပြီး တိုင်ပင်ပါ။

တကယ်လို့ ဒူးဆစ်ခွဲစိတ်ကုသ ထားတဲ့နေရာက ပိုပြီး ရောင်ရမ်းလာတာ၊ နီမြန်းလာတာ၊ အရည်ထွက်လာတာ၊ ပြည်တည်လာတာ၊ အဖျားတက်လာတာ လိုမျိုး ပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာရင် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/osteoarthritis/knee-replacement-18/slideshow-knee-surgery-recovery-timeline

Accessed Feb-25, 2020.

https://www.nhs.uk/conditions/knee-replacement/recovery/

Accessed Feb-25, 2020.

https://www.webmd.com/osteoarthritis/knee-replacement-18/knee-surgery-new-knee-info

Accessed Feb-25, 2020.

https://www.healthline.com/health/knee-replacement-surgery

Accessed Feb-25, 2020.

 

 

 

ယခုပုံစံ

06/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။။

အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement