အရေးပေါ်ကုသမှုလိုအပ်တဲ့ အရိုးအကြောအဆစ်ပြဿနာများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရိုးအကြောအဆစ်မှာ ဖြစ်တဲ့ ထိခိုက်မှုတွေက မကြုံဖူးတဲ့သူမရှိပါဘူး။ ခံစားရတဲ့ဝေဒနာအတိမ်အနက်မတူတာတာဘဲရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေထဲမှာမှ အရေးပေါ်မကုသရင် နောက်ဆက်တွဲအခြေအနေပြင်းထန်နိုင်သွားတဲ့ထိခိုက်မှုတွေဆို အမြန်ဆုံးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဘယ်လိုထိခိုက်မှုတွေလဲဆိုတော့ ရုတ်တရက်မတော်တဆအရိုးအဆစ်ထိခိုက်မှုတွေကြောင့် နဂိုရှိပြီးသားရောဂါအခံ သို့မဟုတ် ခွဲစိတ်မှုရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့် ဖြစ်လာတာမျိုးတွေပါ။

အရေးပေါ်ကုသမှုလိုအပ်တဲ့ အရိုးအကြောအဆစ်ြပဿနာများ

ထိခိုက်မှုဖြစ်တဲ့အခါပဲဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှုနောက်ပိုင်းပဲဖြစ်ဖြစ် အရိုးအကြောအဆစ်မှာ ပြဿနာဖြစ်လာတဲ့အခါ ဒီလိုအခြေအနေမျိုးတွေဆိုရင်လည်း ကျွမ်းကျင်ဆရာဝန်တွေဆီ အမြန်ဆုံးပြသပြီး အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။

  • ခွဲစိတ်ကုသမှုခံယူဖူးသူမှာ ခွဲစိတ်ဒဏ်ရာက အရည်တွေထွက်လာရင်
  • ရောင်ရမ်းနေတဲ့ အရိုးအဆစ်ကြောင့် နာကျင်ရတဲ့အထဲ အဖျားတက်လာရင် (အဆစ်တွေမှာရောဂါပိုးဝင်တာဖြစ်နေနိုင်ပါတယ်)
  • ကျောက်ပတ်တီးစည်းထားရတဲ့ လက် သို့မဟုတ်ခြေထောက်မှာ ပိုပြီးနာကျင်လာ၊ရောင်ရမ်းလာ၊ ထုံလာရင်
  • ခါးကအရမ်းနာနေတဲ့အပြင်ခြေထောက်တွေပါ အားနည်းနေရင်
  • ခွဲစိတ်ကုသဖူးတဲ့လူနာကချော်လဲ သို့မဟုတ် ဟန်ချက်ပျက်သွားပြီးနောက် နာကျင်မှုသိသာလာခဲ့ရင်(ခွဲစိတ်ထားတဲ့ အရိုးအဆစ်က လွဲသွားတာ၊ ပုံစံပျက်ယွင်းသွားတာဖြစ်နိုင်ပါတယ်။
  • အရိုးပွရောဂါရှိသူက ထိခိုက်မှုအနည်းအကျဉ်းလောက်နဲ့တောင် ပေါင်ရင်းအဆစ် သို့မဟုတ်ပေါင်မှာ နာကျင်ကိုက်ခဲမှြုဖစ်လာပြီး လမ်းမလျှောက်နိုင်တဲ့အထိဖြစ်လာရင် (အရိုးပွရာကနေ ပေါင်ရိုးကျိုးအက်တြာဖစ်နိုင်ပါတယ်) မပေါ့ဆသင့်ပါဘူး။

သိပ်မပြင်းထန်တဲ့အရိုးအဆစ်ထိခိုက်မှုဆိုလည်းပေါ့ပေါ့ဆဆမနေသင့်ပါဘူး။စောစောစီးစီးရောဂါရှာဖွေစမ်းသပ်မှုတွေလုပ်ပြီး ကုသမှုခံယူသင့်ပါတယ်။ ဒါမှ အထက်မှာဖော်ပြခဲ့သလိုကြောက်စရာဆိုးကျိုးတွေကိုရှောင်ရှားနိုင်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 19, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။