အဆစ်များတောင့်တင်းခြင်းကို သက်သာစေမည့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အဆစ်များ တောင့်တင်းခြင်းဖြစ်ပါက သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာများကို နှောက်ယှက်ပါတယ်။ အဝတ်အစားဝတ်ခြင်း၊ ကွန်ပြူတာ စာရိုက်ခြင်း၊ စာရေးရန် ဘောပင်ကိုင်ခြင်း စသည်တို့ ခက်ခဲလာပါတယ်။ အားကစားလုပ်ခြင်း နှင့် ဆေးသောက်ဆေးလိမ်းခြင်းများ မှအပ အစားအသောက်များကလည်း ကူညီပေးနိုင်ပါတယ်။

အိုးလစ် အဆီ

အိုးလစ် အဆီ သည် အဆစ်များ ရောင်ရမ်း တောင့်တင်းခြင်း ကို သက်သာစေပါတယ်။ အိုးလစ် အဆီ တွင် ပါဝင်သော oleocanthal ဓါတ်သည် စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ ကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ extra virgin အိုးလစ် အဆီ သည် refined light အိုးလစ် အဆီ ထက်ပိုကောင်းပါတယ်။ အဆစ်များရောင်ခြင်းက နှလုံးကို ထိခိုက်စေပါတယ်။ ထို့ကြောင့် ကျန်းမာရေးနဲ့ ညီသော အဆီများ က နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ အိုးလစ် အဆီ ကို အသုပ်များ ၊ ချက်ပြုတ်ခြင်းများတွင် ထည့်သုံးနိုင်ပါတယ်။ အခြား သော ထောပတ်ကဲ့သို့ အဆီများကို အစားထိုးသုံးနိုင်ပါတယ်။

အသီးအရွက်များ

အသီးအရွက်များက အမြဲ ကောင်းပါတယ်။ အစိမ်းရင့်ရောင် အသီးအရွက်များ သည် ခန္ဓါကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ အဆစ်များ တောင့်တင်းခြင်း အတွက် ကောင်းစေပါတယ်။ ပိုနေသော ကိုယ်အလေးချိန်ကို လည်း ကျစေပါတယ်။ ထို့ကြောင့် အဆစ်များအပေါ် သက်ရောက်သော ဖိအားကို နည်းစေပါတယ်။ မုန်လာဥနီ၊ ငရုတ်ကောင်း စသည်တို့က အဆစ်များ အတွက် အာဟာရများ ပါဝင်ပါတယ်။ အဆစ်များ ပျက်စီးပါက ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ အရောင်လည်း ကျစေပါတယ်။

သို့သော် အသီးအရွက်များကို မချက်ပြုတ်ခင် သေချာစွာ ဆေးကြောသင့်ပါတယ်။ အသီးအရွက်များကို သုပ်ခြင်း၊ ပြုတ်ခြင်း များက ပိုကောင်းပါတယ်။ သင့်အတွက် ချက်ပြုတ်ရခက်ပါက စားသောက်ဆိုင်များတွင် သွားစားနိုင်ပါတယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါး တွင် အိုမီဂါ အဆီအက်စစ်များ ပါဝင်ပါတယ်။ ၎င်းသည်လည်း ခန္ဓါကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ အဆစ်များ တောင့်တင်းခြင်း အတွက် ကောင်းစေပါတယ်။ ထို့ပြင် ဆယ်လ်မွန်ငါး တွင် ဗီတာမင် ဒီ ပါဝင်ပြီး အရိုးများအတွက် ကောင်းမွန်ပါတယ်။ အဆစ်များ ရောင်ရမ်းပါက အရိုးများပါ အားနည်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ကန့်သတ်ပစ်ပါတယ်။ ထိုအခါ အရိုးများ ပိုမို အားနည်းလာပြီး အဆစ်များကို မထောက်ပံ့ပေးနိုင်တော့ပေ။ ဆယ်လ်မွန်ငါး စားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ပဲများ များစားပါ။

ပဲတွင် သတ္တုဓါတ်၊ အမျှင်ဓါတ်၊ နှင့် ဗီတာမင် များစွာ ပါပါတယ်။ ကယ်လိုရီမပါဘဲ သင့်အား ဗိုက်ပြည့်အောင် ပြုလုပ်ပေးပါတယ်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာစွာ ကျစေပါတယ်။ ထို့ကြောင့် အဆစ်များအပေါ် သက်ရောက်သော ဖိအားကို နည်းစေပါတယ်။ ပဲများ ချက်ပြုတ်စားရန် ခက်ခဲပါက ဆိုင်များတွင် ချက်ပြီးသား ပဲများဝယ်နိုင်ပါတယ်။

အစေ့အနှံများ

အစေ့အနှံများ တွင် သတ္တုဓါတ်၊ အမျှင်ဓါတ်၊ နှင့် ဗီတာမင် များစွာ ပါပါတယ်။ ခန္ဓါကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ ကယ်လိုရီမပါဘဲ သင့်အား ဗိုက်ပြည့်အောင် ပြုလုပ်ပေးပါတယ်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာစွာ ကျစေပါတယ်။ အစေ့အနှံများတွင် ဆန်၊ ဂျုံ၊ ပြောင်းတို့ပါဝင်ပါတယ်။ ဂလူတန် မပါသော အစေ့အနှံများ သည် အဆစ်ရောင်ခြင်းအတွက် ကောင်းပါတယ်။

အဆစ်များ တောင့်တင်းခြင်းသည် ရောင်ရမ်းခြင်းနဲ့ အစပြုပါတယ်။ ကံကောင်းစွာဖြင့် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားခြင်းဖြင့် ရောင်ရမ်းတောင့်တင်းခြင်းကို သက်သာစေပါတယ်။

သင့်ရဲ့ စားသောက်ပုံစံကို အခုပဲပြောင်းလဲပြီး တိုးတက်မှုကို ရယူလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    နာတာရှည်နာကျင်မှုအပေါင်း သက်သာစေကြောင်း

    အာဟာရပြည့်ဝပြီး ကျန်းမာအောင် စားသုံးမှုက နာတာရှည် အဆစ် နာကျင်တာနဲ့ ကြွက်သား နာကျင်တာတွေကို သက်သာစေပါတယ်။ အဆစ်နာတာ သက်သာစေဖို့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    စားနေကျ အစားအသောက်တွေစားရင်း ဝိတ်ချကြမလား။

    ဝိတ်ချချင်သူတိုင်း သိထားသင့်တဲ့ အစားအစာများ။ စားနေကျ အစားအစာတွေထဲက ဝိတ်ကျစေမယ့် အစားအစာအချို့။ အာဟာရလည်းပြည့်ဝ ဝိတ်လည်းကျစေဖို့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

    ကယ်လ်ဆီယမ် ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာတွေ ဗီတာမင် D အသက်အရွယ် ဘေးထွက်ဆိုးကျိုး ကိုယ်ဝန်ဆောင် အရပ်အမောင်း ဆီးကျောက်တည် သွေးတွင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin

    ခြေသည်း မှိုစွဲတဲ့အခါ

    ခြေထောက် ခြေသည်း ခြေသည်းမှိုပိုးဝင် လက္ခဏာတွေ Gym ခြေသည်း အရောင် ပြောင်းလာမယ် ခြေဗလာ ချွေးထွက်များ ရာသီဥတု သဲဝဲ ဆီးချိုရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

    ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
    ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

    ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
    ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

    ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
    ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး

    ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 25, 2020 . 2 mins read