လှုပ်ရှားမှုလေးရှိမှသွေးပြန်ကြောတွေကခြေထောက်ကသွေးကို နှလုံးဆီပြန်ပို့လွှတ်နိုင်ဖို့ အထောက်အကူပြုနိုင်မှာပါ။ အနေအထားပုံစံတစ်ခုတည်းမှာ အကြာကြီးမလှုပ်မရှားငြိမ်နေမယ်ဆိုသွေးပြန်ကြောတွေအပေါ် ဖိအားသက်ရောက်စေပြီးခြေကျင်းဝတ်၊ခြေထောက်နဲ့ တံကောက်ကွေးနေရာတွေမှာရောင်ရမ်း၊နာကျင်ရပါလိမ့်မယ်။
အထိုင်များတဲ့အလုပ်လုပ်ရသူတွေအနေနဲ့ ခဏလောက်ဖြစ်ဖြစ် ထပြီးလမ်းလျှောက်ပေးတာ၊ခြေထောက်ကိုဆန့်တန်းလှုပ်ရှားပေးတာ၊ ထိုင်ခုံမှာပဲ စက်ဘီးနင်းသလိုခြေထောက်လှုပ်ရှားပေးတာမျိုးကသွေးလည်ပတ်မှုကောင်းစေပါတယ်။
(၂)ခြေထောက်ကိုမြှင့်ထားပါ
သွေးလည်ပတ်မှုကောင်းစေဖို့တစ်နေ့ သုံးကြိမ်လောက်တော့ ခြေထောက်ကို ၁၅မိနစ်စီမြင့်အောင်ထားပေးပါ။ ဥပမာ – ခြေထောက်အောက်မှာခေါင်းအုံးသုံးလုံးလောက်ဆင့်ပြီး ပက်လက်လှဲအိပ်နေတာမျိုး။
(၃) ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ
လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ တင်းနစ်ကစားတာ တို့လို သိပ်မပြင်းထန်တဲ့ လှုပ်ရှားမှုမျိုး တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀လောက် လုပ်ပေးပါ။
(၄)ရေဓါတ်ြပည့်အောင်နေပါ
ရေဓါတ်ပြည့်ဝတဲ့ခန္ဓါကိုယ်ဟာ ကျန်းမာရေးအတွက် အဓိကကျပါတယ်။ရေဓါတ်ပြည့်ဝနေတဲ့အခါသွေးကကျဲလာပြီး လည်ပတ်မှုပိုကောင်းပါတယ်။သွေးကပျစ်ခဲနေတယ်ဆိုတာ ခန္ဓါကိုယ်မှာရေဓါတ်နည်းနေတဲ့လက္ခဏာတစ်ခုဖြစ်ပြီး သွေးပြန်ကြောတွေမှာ သွေးခဲပိတ်ဆို့မှုဖြစ်လာနိုင်ခြေပိုများစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကိုရေ ၈ ခွက်သောက်ပေးဖို့က နှလုံးကျန်းမာရေး၊သွေးပြန်ကြောကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။