backup og meta

အဆုတ်ကင်ဆာနှင့် ပတ်သက်၍ အကောင်းမြင်နိုင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာနှင့် ပတ်သက်၍ အကောင်းမြင်နိုင်ခြင်း

    အကောင်းမြင်စိတ်ရှိခြင်းသည် ကင်ဆာသာမက မည်သည့်ရောဂါခံစားနေရပါစေ သင့်ကျန်းမာရေးအတွက် ကုထုံးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ၎င်းသည်ဆေးဝါးထက်တောင် ပိုပြီး အကူအညီဖြစ်ပါသေးတယ်။ အောက်ပါနည်းလမ်းများသည် သင်အကောင်းမြင်စိတ် လွယ်လွယ်ကူကူနှင့် ရရှိအောင် ကူညီပေးမည့် နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။

    အကောင်းမြင်ပတ်ဝန်းကျင် တစ်ခု ဖန်တီးပါ။

    သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူများ ဝန်းရံနေဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အုပ်စုဖွဲ့ ပြောဆိုဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ သင်နဲ့ နီးစပ်ရာ သင့်ကို လက်တွေ့ကျသော အကြံဉာဏ်ကောင်းတွေ ပေးနိုင်သော သူများသည် သင်အကောင်းမြင်စိတ်ဖြစ်ပေါ်လာဖို့ ကြီးမားသော အကူအညီဖြစ်နိုင်ပါတယ်။ အကယ်၍သင်သည် တစ်ချိန်လုံးညည်းညူနေသောသူတွေနဲ့သာ နေနေလျှင် သင်ကိုယ်တိုင်လည်း အဆိုးတွေပဲ မြင်တတ်လာမှာ ဖြစ်ပါတယ်။ အကောင်းမြင်တတ်သူများနဲ့ များများနေပေးခြင်းဖြင့် သူတို့၏ အကောင်းမြင်အတွေးများသည် သင့်ကိုယ်ပိုင် အလေ့အကျင့်ဖြစ်လာနိုင်ချေ မြင့်မားလာမှာဖြစ်ပါတယ်။ အကယ်၍ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူတွေချည်းဖြစ်နေလျှင် သင်ကိုယ်တိုင် အဆိုးမြင်မိဖို့ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုဖြစ်သွားမှာပါ။

    သင့်အပြုအမူအတွက် တာဝန်ယူပါ။

    သင့်ဘဝမှာ ပြဿနာ၊ အခက်အခဲများနဲ့ ကြုံရသော အခိုက်တွင် အပြစ်တွေလိုက်ရှာမနေပါနဲ့။ ကိုယ့်တာဝန်ကိုယူခြင်းသည် သင့်ကို အမှားတွေကနေ သင်ယူစေပြီး သူတစ်ပါးကို မတရား အပြစ်တင်ခြင်းမှ ကာကွယ်ပေးပါတယ်။ ထို့ကြောင့် သင့်တာဝန်ကို သင်လက်ခံပြီး သင့်အပြုအမူကို သင်တာဝန်ယူပါ။

    သူတစ်ပါးကိုပြန်ပြီး ကူညီပါ။

    သင်စိတ်ခံစားချက်ကောင်းမွန်စေမည့် အကောင်းဆုံးနည်းလမ်းကတော့ သူတစ်ပါးကို ကူညီတတ်ဖို့နဲ့ သူတစ်ပါးကို ပြန်လည်ပေးဆပ်တတ်ဖို့ပဲဖြစ်ပါတယ်။ သူတစ်ပါးကို ကူညီခြင်းသည် သင့်ကို လောကကြီးကို အမြင်သစ်နဲ့ ကြည့်တတ်အောင် သင်ကြားပေးပြီး အကောင်းမြင်စိတ် ရရှိစေပါတယ်။

    အကောင်းမြင်စေသော၊ အတုယူဖွယ် စာအုပ်၊ စာသားများ ဖတ်ရှုပါ။

    သင့်ကို အကောင်းမြင်တတ်အောင် အားပေးသော စာသားများကို တစ်ရက်တွင် နာရီပေါင်းများစွာ ဖတ်ရှုပါ။ စိတ်ဓါတ်ခွန်အားပေးသော စာများကို လေ့လာပါ။ သင့်ဘဝတွင် အရေးကြီးဆုံးအရာများကို အာရုံစိုက်ဖို့ ကူညီပေးသော အတုယူဖွယ် စိတ်အားတက်ကြွစေသော အဆိုအမိန့်များကို ဖတ်ပါ။ ထိုနည်းသည် သင့်ဘဝကို နှစ်သက်ပျော်ရွှင်လာစေဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်။

    တရားထိုင်ပါ (သို့) ယောဂကျင့်ပါ။

    တရားထိုင်ခြင်း (သို့) ယောဂကျင့်ခြင်းသည် အသက်ရှုသွင်း၊ ရှုထုတ်ခြင်းအပေါ်တွင် အာရုံစိုက်စေပြီး သင့်အတွေးတွေ မပျံ့ လွင့်အောင် ထိန်းချုပ်ပေးပြီးသည်။ ယောဂလေ့ကျင့်ခြင်းသည် စိတ်ကိုဖြေလျော့စေသည်။ ယောဂလေ့ကျင့်ခြင်းသည် မဖြစ်လာသေးတဲ့အနာဂတ်ကို စီးမြောတွေးတောနေသော သင့်စိတ်ကို အရေးကြီးဆုံး လက်ရှိအချိန်သို့ ပြန်လည်ဆွဲခေါ်လာပေးပြီး လက်ရှိမှာပဲ စိတ်ကိုတည်ငြိမ်နေစေဖို့ ကူညီပေးပါသည်။

    အဓိပ္ပါယ်ရှိသော ရည်မှန်းချက်ပန်းတိုင်များထားရှိပါ။

    ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ပြီး ထိုနေရာကိုရောက်ရှိဖို့ ကြိုးစားရင်း သင့်ကိုယ်သင် အလုပ်များနေပါစေ။ ပထမပန်းတိုင်ကို ရောက်ပြီဆိုသည်နှင့် နောက်ပန်းတိုင်တွေကိုပါ ဆက်လှမ်းလျှောက်ဖို့ သင်စိတ်အားတက်လာကာ ပန်းတိုင်အသစ်များကိုပါ ထပ်တိုးချမှတ်လာနိုင်မှာ ဖြစ်ပါတယ်။ သင်ရရှိအောင်မြင်သော ပန်းတိုင်တစ်ခုချင်းစီသည် ဘယ်လောက်ပင်သေးငယ်စေကာမူ သင့်အား ယုံကြည်မှု များရရှိစေကာ သင့်ကိုယ့်သင် တန်ဖိုးထားမှု မြင့်တက်လာစေမည်ဖြစ်သည်။ ဤသည်ကပင် သင့်ဘဝတွင် အကောင်းမြင်စိတ်များ ပိုမိုရရှိလာစေမည်ဖြစ်သည်။

    အကောင်းမြင်အတွေးသည် သင့်ဘဝတွင် ကောင်းသော ပြောင်းလဲမှုများစွာကို ရရှိစေမည်ဖြစ်သည်။ အထူးသဖြင့် သင်အဆုတ်ကင်ဆာဖြစ်နေသော အချိန်လိုမျိုးမှာပေါ့။ အကောင်းမြင်တတ်သော စိတ်က သင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းကျိုးတွေ သယ်ဆောင်လာမည်ဖြစ်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement