အဆုတ်ကင်ဆာကြောင့် မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ရေးသားသူ

ပင်ပန်းခြင်းဟာ ကင်ဆာ လူနာတွေ ကုသမှုယူနေချိန်မှာ အဖြစ်များပါတယ်။ ကင်ဆာကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဟာ ကုသမှုရဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်သလို ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့နည်းတွေကို လိုက်နာခြင်းဟာ အဆုတ်ကင်ဆာကြောင့် ပင်ပန်းခြင်းကို သက်သာစေနိုင်ပါတယ်။

သင့်စွမ်းအင်တွေကို ချွေတာခြင်းအားဖြင့် ပင်ပန်းခြင်းကို ကုသခြင်း။

ပင်ပန်းခြင်းဟာ စွမ်းအင် မရှိတာကြောင့် ဖြစ်တဲ့အတွက် ပင်ပန်းခြင်း မဖြစ်စေဖို့ အားအင် ချွေတာဖို့က အရေးကြီးပါတယ်။ သင့်အားအင်တွေကို တစ်နေ့မှာ အရေးကြီးတဲ့ အလုပ်တွေဖြစ်တဲ့ ဟင်းချက်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ဝါသနာပါတဲ့ အလုပ်တွေလုပ်ခြင်း အစရှိသည်ဖြင့် လုပ်နိုင်ပြီး အိမ်အလုပ်တွေကို အခြားသူကို အကူအညီတောင်းဖို့လည်း မရှက်သင့်ပါဘူး။

အချို့အချိန်တွေမှာ သင်ဟာ ပုံမှန်ထက်ပိုပင်ပန်းခြင်းကို ခံစားရနိုင်ပါတယ်။ biphasic sleep schedule ရှိတဲ့ နိုင်ငံတွေမှာ လူတွေဟာ နေ့လည်ခင်း (သို့) ညနေပိုင်းမှာ ပိုပင်ပန်းလေ့ရှိကြပါတယ်။ ဒါကြောင့် ပင်ပန်းတယ်လို့ ခံစားရရင် အပြည့်အဝ အနားယူသင့်ပါတယ်။

ကင်ဆာရောဂါရှိခြင်းဟာ သင်အပြင်မသွားရဘူး၊ ပျော်စရာမရှာရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကန့်သတ်ချက်တော့ ထားသင့်ပါတယ်။ သင်ဟာ skydiving တော့မလုပ်နိုင်ပေမယ့် ရိုးစင်းတဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ကန်ဘေးထိုင်နေခြင်း၊ ပန်းခြံတွင်း အလုပ်လုပ်ခြင်း၊ ပန်းခြံထဲကို ပစ်ကနစ်ထွက်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါတယ်။

အာဟာရဓါတ် လုံလောက်စွာ ရရှိစေခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုကို ကုသခြင်း

ကင်ဆာကုသမှုဟာ သင့်ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လူအချို့ဟာ ကုသမှုကြောင့် ဝလာတတ်ပြီး အချို့ကတော့ ပိန်သွားတတ်ပါတယ်။ လူအတော်များများဟာ ကုသမှုကြောင့် ဖြစ်တဲ့ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်းတွေကြောင့် ပုံမှန်အတိုင်း စားနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် သင်ဟာ လုံလောက်တဲ့ ကယ်လိုရီ၊ ပရိုတင်းနဲ့ အခြား အာဟာရဓါတ်တွေ ရရှိဖို့ သင်နဲ့ သင့်မိသားစုဟာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်ခြင်းကို ကုသခြင်း

သင့်မှာ အားမရှိဘူးဆိုရင် သင် ထချင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ adrenaline လို့ခေါ်တဲ့ အားအင်ဖြစ်စေတဲ့ ဟော်မုန်းကို ကိုယ်ခန္ဓါက ထုတ်ပေးစေပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ သင့်ကို ပိုမို အိပ်ကောင်းစေပြီး ကုသချိန်အတွင်း စိတ်ကျမှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကုသခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေခြင်း

သင့်စိတ်ကျန်းမာရေးဟာ အားအင်ပမာဏနဲ့ ဆက်စပ်မှုရှိပါတယ်။ အဆုတ်ကင်ဆာရှိသူတွေမှာ စိတ်ဖိစီးခြင်း၊ စိတ်ပူခြင်း၊ စိတ်ကျခြင်းတွေ ဖြစ်တာဟာ ပုံမှန်ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ ပင်ပန်းမှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဆွေးနွေးပေးသူနဲ့ သွားရောက်ဆွေးနွေးခြင်း၊ ဘဝတူ အဖွဲ့ကို ဝင်ခြင်း၊ စိတ်ဖိစီးမှု ကျော်လွှားစေနိုင်တဲ့ နည်းလမ်းတွေကို သင်ယူခြင်းဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရစေပြီး အားအင် ပြန်လည် ရရှိစေမှာ ဖြစ်ပါတယ်။

အိပ်စက်မှု မရှိခြင်းဟာလည်း ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပန်းပြေစေတဲ့နည်းလမ်းတွေ၊ အနှိပ်ခံခြင်း၊ ယောဂကစားခြင်း အစရှိတာတွေ ပြုလုပ်ခြင်းဟာ သင့်ကို ကောင်းစွာ အိပ်စက်စေပါတယ်။ နေ့စဉ်လုပ်နေကျ အပြုအမူတွေ ပြောင်းလဲခြင်း (ဥပမာ ကော်ဖီလျှော့သောက်ခြင်း၊ နေ့လည် ခဏတာသာ အိပ်ခြင်း၊ နေ့စဉ် အချိန်တူ အိပ်စက်ခြင်း၊ အိပ်ရာထခြင်း) အစရှိသည်တို့ပြုလုပ်ခြင်းဟာလည်း သင့်ကို ပိုမိုကောင်းမွန်စွာ အိပ်စက်စေနိုင်ပါတယ်။

ကင်ဆာဝေဒနာရှင်တွေက သူတို့ဟာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတယ်လို့ ဆရာဝန်ကို မပြောပြကြပါဘူး။ ဒါပေမယ့် ဒါဟာ အန္တရာယ်ရှိပါတယ်။ တကယ်လို့ စိတ်ရှုပ်ခြင်း၊ ခေါင်းမူးခြင်း၊ ပင်ပန်းခြင်းတွေ ဖြစ်မယ်ဆိုရင် သင့်ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Share now :

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 31, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။