backup og meta

အသည်းကင်ဆာရှိသော ကလေးကို ဘယ်လိုအစာ ကျွေးမွေး မလဲ, အာဟာရက ဘယ်လိုအရေးပါသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကင်ဆာရှိသော ကလေးကို ဘယ်လိုအစာ ကျွေးမွေး မလဲ, အာဟာရက ဘယ်လိုအရေးပါသလဲ

    ကောင်းမွန်သော အာဟာရသည် ကလေးများအားလုံး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ အစာတွင် မတူညီသော အာဟာရများစွာပါဝင်သည်။ ဥပမာ ပရိုတိန်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္ထုဓါတ်များ ဖြစ် သည်။ အသည်းသည် အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ကောင်းမွန်သော အာဟာရနှင့် ကြီးထွားမှုတွင် အရေးပါ ပါသည်။

    v အသည်းသည် သည်းခြေရည်ကို ထုတ်ပေးပြီး အစာ အတွင်းမှ အဆီများကို စုပ်ရန် ကူညီသည်။

    v အသည်းသည် အစာအတွင်းမှ အာဟာရများကို ခန္ဓါကိုယ်မှ ကြီးထွားရန်နှင့် ပုံမှန်လုပ်ငန်း လုပ်နိုင် ရန် လိုအပ်သော အရာများနှင့် စွမ်းအင် အဖြစ် ပြောင်းပေးသည်။

    အသည်းရောဂါကြောင့် အသားဝါနေသော ကလေးများ သည် နို့များများ သောက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နို့မှ အာဟာရများကို မချေဖျက်နိုင်သော်ကြောင့် ဖြစ်သည်။ ၎င်းသည် သူတို့အား ဆာလောင်မှုကို ခံစားရစေ သည်။ ထို့ကြောင့် ခဏခဏ အစာစားချင်ကြသည်။

    အသည်း ရောဂါရှိသော ကလေးများသည် အစာစားချင်စိတ် အလွန် နည်းပြီး စွမ်းအင်နှင့် ပရိုတိန်း လိုအပ်မှုများသည်။ လိုအပ်မှု များပြီး စားသုံးမှုနည်းခြင်းသည် အာဟာရ ချို့တဲ့ခြင်းကို ဖြစ်စေသည်။ တစ်ဖန် အာဟာရ ချို့တဲ့ခြင်းသည် ကြီးထွားမှု နည်းခြင်း၊ စွမ်းအင်ကုန်ဆုံးခြင်း နှင့် ရောဂါပိုးကူးစက်နိုင်ချေ မြင့်ခြင်း တို့ကို ဖြစ်စေသည်။ ထို့ကြောင့် အာဟာရကို အထူးဂရုပြုရန် အလွန် အရေးကြီးသည်။ သင်၏ အာဟာရမှူးထံမှ အကြံညဏ်နှင့် အကူအညီ ရယူပါ။

    အသည်းရောဂါရှိသော ကလေးများကို ဘယ်လိုကျွေးမွေး မလဲ။

    အသည်းရောဂါကြောင့် နို့သောက်နည်းပြီး ကောင်းစွာ မဖွံ့ဖြိုးသော ကလေးများသည် ပုံမှန်နို့များနှင့် အနံ့ အရသာ မတူသော အထူးဖော်စပ်ထားသော နို့စသောက်ရန် လိုသည်။ ပုံမှန် ကလေးနို့တွင် Long Chain Fat (LCT) ပုံစံဖြင့် အဆီများ ပါဝင်ပြီး ကောင်းစွာ စုပ်နိုင်ရန် သည်းခြေရည် စီးဆင်းမှု ကောင်းရန် လိုသည်။ သင့်ကလေးသည် အသားဝါနေပါက သည်းခြေရည် စီးဆင်းမှု ပျက်ယွင်းပြီး အဆီကို လွယ်ကူစွာ မစုပ်ယူနိုင်ဟု ဆိုလိုသည်။ ထို့ကြောင့် သင့်ကလေးသည် အလွန်သောက်သော်လည်း မကြီးထွားပါ။

    အထူးဖြည့်စွက်စာတွင် Medium Chain Fat (MCT) ဟုခေါ်သော အဆီပါပြီး သည်းခြေရည် မလိုအပ်ဘဲ လွယ်ကူ စွာ စုပ်နိုင်သည်။ အာဟာရပညာရှင်သည် သင့်ကလေး အတွက် အကောင်းဆုံးနို့ကို အကြံပြုပေးပါမည်။ သင့်ကလေး သည် ပုံမှန်အလေးချိန်ရှိရန် အရေးကြီးပါသည်။

    အာဟာရ ပညာရှင်နှင့် ဆက်သွယ်ရန် လိုအပ်သည်။ ထိုမှသာ ကိုယ် အလေးချိန်ကျခြင်း သို့မဟုတ် အစားအသောက်နှင့် ဆိုင် သော ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ မိခင်နို့ တိုက်ကျွေးပါပြီး ကလေးကောင်းစွာ ကြီးထွားပါက သင် ဆက်တိုက်ရန် တွန်းအားဖြစ်နေပါမည်။ သို့သော်လည်း ကလေး ဆက်လက် ကြီးထွားမှု သေချာစေရန် မိခင်နို့အပြင် အထူးဖြည့်စွက်စာ ထပ်ပေးရန် လိုအပ်ပါသည်။

    အာဟာရပညာရှင်က အကောင်းဆုံးနည်းကို အကြံပြုပါ မည်။ ကယ်လိုရီ အပို ထောက်ပံ့ပေးသော အပိုစာများကို ကလေး၏ ဖြည့်စွက်စာထဲသို့ ပေါင်းထည့်ရန် လိုသည်။ အာ ဟာရပညာရှင်သည် ၎င်းတို့ကို ညွှန်ကြားပေးပါလိမ့်မည်။

    နို့ဖြတ်ခြင်း

    အခဲ အစာများကို အသက် ၄-၆လအတွင်း စတင်စားနိုင် သည်။ မည်သည့်ကလေးမဆို ထိုကဲ့သို့ စတင်ရသည်။ ကျန်း မာရေးစောင့်ရှောက်သူသည် ပုံမှန်နို့ဖြတ်ခြင်းအကြောင်းကို ပြောပြပြီး လိုအပ်ပါက အာဟာရပညာရှင်မှ ပို၍ အသေးစိတ် သော အကြံညဏ်များ ပေးလိမ့်မည်။

    အသည်းရောဂါရှိသော ကလေးသည် အထူးအစားအစာ များကို ရှောင်ရန် မလိုပါ။ သင့်ကလေးသည် အလွန်မစားနိုင် လျှင်တောင် ပုံမှန် အစာကျွေးရန်၊ မိသားစု ထမင်းစားချိန် တွင် ပါဝင်ရန် အရေးကြီးသည်။ ၎င်းသည် လူမှုဖွံ့ဖြိုးမှု၏ အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ စကားပြောရာတွင် သုံးသော ကြွက်သားများ တည်ဆောက်ရာတွင်လည်း အရေး ပါသည်။

    အသက်ပိုကြီးသော ကလေးများ

    ယေဘုယျအားဖြင့် အသက်ပိုကြီးသော ကလေးများသည် ပုံမှန်စားသောက်မှုရှိသည်။ မိသားစု၊ သူငယ်ချင်းများနှင့် တူညီသော အစားအစာ စားသည်။ သူတို့သည် များသော အားဖြင့် အစားအသောက်ထဲမှ အဆီအမျိုးအစားကို ပြောင်း ရန် မလိုပါ။ ကယ်လိုရီ ဆုံးရှုံးခြင်းကို ထပ်မံစားခြင်းဖြင့် အစား ထိုးနိုင်သည်။ သို့သော်လည်း အာဟာရပညာရှင်သည် အချို့ အစားအစာများရှောင်ရန် သို့မဟုတ် အပို မုန့်ပဲသရေစာများ၊ ဖြည့်စွက်စာများ စားရန် အကြံပြုလိမ့်မည်။

    ကောင်းမွန်သော အာဟာရသည် သင့်ကလေး၏ အသည်းရောဂါကို ထိန်းချုပ်ရန် အရေးကြီးသည့် အပိုင်းတစ် ခုဖြစ်သည်။ အကူအညီ သို့မဟုတ် အကြံညဏ် လိုအပ်ပါက သင့်ကလေးကို ကုသပေးနေသော ယူနစ်မှ အာဟာရ ပညာရှင်ကို အကူအညီတောင်းနိုင်သည်။ အာဟာရပညာရှင် နှင့် တွေ့ခြင်းမှာ အကူအညီရသည်။ သူတို့သည် သင့်ကလေး တွင်ဖြစ်နိုင်သော အစာစားခြင်းဆိုင်ရာ ပြဿနာများ အခက် အခဲများအပေါ် အကြံညဏ်များ ကမ်းလှမ်းရန် အသင့်ရှိပါ သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement