ကျောက်ကပ်ရောဂါခံစားရမှုက အရင်ကသိပ်ကြားရလေ့မရှိပေမယ့် အခုနောက်ပိုင်းတော့တော်တော်လေးကြားလာရတယ်နော်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကကျောက်ကပ်ရောဂါခံစားနေကြရတယ်လေ။ ဒီတစ်ခေါက်တော့ Helloဆရာဝန်က စာဖတ်ပရိသတ်ကြီးအတွက်ကျောက်ကပ်ရောဂါရှိနေသူတွေ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။
ကျောက်ကပ်ကျန်းမာနေစေဖို့ အဓိကလိုက်နာရမယ့်အချက် ၃ ချက်
နေ့စဉ်စားသုံးတဲ့အစားအစာတွေကကျောက်ကပ်ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်မှုရှိနေတာပါတယ်။ ဒီတော့ကျောက်ကပ်ကျန်းမာနေစေဖို့ ဒီအချက်လေးတွေကို သတိပြုဆင်ခြင်ပေးပါနော်။
ဆိုဒီယမ် (အငန်)လျှော့ပါ – အရသာခပ်လေးလေးမှကြိုက်တတ်သူတွေ လျှာကိုအလိုမလိုက်ပါနဲ့။ အငန်ဓါတ်ကကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားတစ်ခုပါ။ ဆိုဒီယမ်စားသုံးမှုများတာကကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ကေျာက်ကပ်ထိခိုက်သွားတဲ့အခါ ကိုယ်တွင်းက ဆိုဒီယမ်တွေကို မစစ်ထုတ်နိုင်တော့ဘဲသွေးတိုးရောဂါထပ်ဝင်လာနိုင်ပါတယ်။ ကဲ ဆိုဒီယမ်လျှော့နော်။
ပိုတက်ဆီယမ် – ပိုတက်ဆီယမ်က ခန္ဓါကိုယ်အတွက်အရေးပါတဲ့ ဓါတ်တစ်ခုပေါ့။ ဒါပေမယ့်ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ကတော့ ပိုတက်ဆီယမ်ကို အကန့်အသတ်နဲ့ပဲ လိုအပ်မှာပါ။ ဒါကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ် ၂၀၀၀ မီလီဂရမ်ပဲ စားသုံးပါ။
Phosphorus –ကျောက်ကပ်ထိခိုက်ထားတဲ့သူက ကိုယ်တွင်းက ပိုလျှံနေတဲ့Phosphorusတွေကို မစစ်ထုတ်နိုင်တော့ပါဘူး။ ဒီဓါတ်ကလည်းနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာတော်တော်လေးပါဝင်နေတဲ့ ဓါတ်တစ်ခုပေါ့။Phosphorus ပမာဏများပြားမှုက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီဓါတ်ကိုလည်း တတ်နိုင်သမျှလျှော့ရပါမယ်။
ဒါတွေအပြင်ကျောက်ကပ်ရှိသူတွေအနေနဲ့နောက်ထပ်သတိထားရမှာက ပရိုတင်းအများကြီးမစားမိစေဖို့နဲ့ ကယ်လ်ဆီယမ်ကိုလျှော့စားဖို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။