backup og meta

သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား

    ဆီးဝမ်းကိစ္စတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း စောစောသွားထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တမင်တကာ ဆီးသွားရမှာ ပျင်းလို့ ထမသွားတဲ့ အကျင့်ကတော့ လုံးဝ မကောင်းဘူးဆိုပေမဲ့ အလုပ်ကိစ္စ၊ အစည်းအဝေး ထိုင်နေတာ၊ အိမ်သာ မလွတ်တာ၊ အပြင်သွားနေစဉ် အိမ်သာရှာမရတဲ့ ပြဿနာတွေကြောင့် မလွှဲသာမရှောင်သာ ဆီးအောင့်ထားလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

    လူတစ်ယောက်က ဆီးပမာဏ ဘယ်လောက်ကို သိမ်းဆည်းထားနိုင်လဲ။

    လေ့လာတွေ့ရှိချက်အရ

    ၁။ အသက် ၂ နှစ်အောက် ကလေးတွေရဲ့ ဆီးအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် ၄ အောင်စ (ကော်ဖီခွက် တစ်ဝက်) ကိုသာ သိမ်းဆည်းထားနိုင်ပါတယ်။

    ၂။ အသက် ၂ နှစ်အထက် ကလေးတွေမှာတော့ ကလေးရဲ့ အသက်ကို ၂ နဲ့ စားပြီး ၆ ပေါင်းခြင်းဖြင့် ပျမ်းမျှ သိမ်းဆည်းထားနိုင်တဲ့ ပမာဏကို တွက်ဆလို့ ရပါတယ်။ (ဥပမာ – အသက် ၈ နှစ်အရွယ် ကလေးဆိုရင် ၂ နဲ့စားပြီး ၆ ပြန်ပေါင်းလိုက်တဲ့အခါ ၁၀အောင်စအထိ သိမ်းဆည်းထားနိုင်ပါတယ်)

    ၃။ အသက် ၁၈ နောက်ပိုင်း လူငယ်၊ လူကြီးအရွယ်တွေမှာတော့ ဆီးအိမ်ဟာ အများဆုံး ၁၆ အောင်စ (ကော်ဖီခွက် ၂ခွက်စာ) ပမာဏထိ သိမ်းဆည်းထားနိုင်ပြီး အဲ့ပမာဏထက် ကျော်လွန်လာရင်တော့ ဆီးသွားချင်စိတ်က အရမ်း ပြင်းထန်လာပါလိမ့်မယ်။

    ဆီးပမာဏသည် ကိုယ် သောက်လိုက်တဲ့ ရေပမာဏပေါ် မူတည်ပြီး အချိန်ပိုင်းအတွင်းမှာ တိုးလာနိုင်ပါတယ်။

    ဆီးအောင့်တာ ကောင်းသလား။

    တချို့သော အခြေအနေမှာဆိုရင်တော့ ကောင်းတယ်လို့ ဆိုရမှာပါ။ ဆီးမထိန်းနိုင်သူတွေ၊ အိပ်နေရင်း ဆီးပေါက်ချတတ်တဲ့ ကလေးတွေဆိုရင်တော့ ဆီးကို မိနစ်ပိုင်းလောက် အောင့်ထားခြင်း၊ ဆီးသွားစဉ် တောက်လျှောက် မသွားဘဲ နည်းနည်းသွား ၃ စက္ကန့်လောက် နားတဲ့ ပုံစံမျိုးနဲ့လည်း ဆီးထိန်းနိုင်အောင် ကျင့်ပေးလို့ ရပါတယ်။ အကြာကြီး ဆီးအောင့်လို့တော့ မရပါဘူး။

    ဘယ်လိုအခြေအနေမှာ ဒုက္ခဖြစ်စေနိုင်လဲ။

    ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့အချိန်မှာ ဆီးအောင့်လိုက်ရင် အထဲမှာ ဘက်တီးရီးယားပိုးတွေ ပြန့်တဲ့ နှုန်းကို မြန်သွားစေတဲ့အတွက် ရောဂါအခြေအနေ ပိုဆိုးနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရေသောက်တဲ့ ပမာဏ၊ အချိန်အတိုင်းအတာ၊ ဆီးအိမ် အရွယ်အစား မတူညီတဲ့အတွက် ဘယ်လောက်ကြာကြာ ဆီးအောင့်လို့ရလဲဆိုတာတော့ တွက်ဆလို့ မရပါဘူး။ ကိုယ်က ရေအများကြီး သောက်ထားရင်တော့ ဆီးအောင့်တာ ကြာလာတာနဲ့အမျှ ဆီးအိမ်နဲ့ ကျောက်ကပ်ကို သွားပြီး ဒဏ်ဖြစ်စေသလို ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်တော့ခြင်း၊ ဆီးကျန်နေသလို ခံစားရခြင်း စတဲ့ ပြဿနာတွေလည်း ကြုံလာရနိုင်ပါတယ်။

    ဆီးသွားတယ်ဆိုတာ တစ်နည်းအားဖြင့် ကျွန်တော်တို့ ဆီးအိမ်အတွင်းမှာ ရှိနေတဲ့ ဆီးနဲ့ အနည်တွေကို အပြင်ကို စွန့်ထုတ်ပေးတာဖြစ်ပြီး ဆီးလမ်းကြောင်း တစ်လျှောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေပါ အပြင်ကို ပါသွားတဲ့အတွက် ပိုးကောင်ရေ ပွားများနိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ဆီးအိမ်နဲ့ ကျောက်ကပ် ကျန်းမာရေးအတွက် အချိန်အကြာကြီး ဆီးအောင့်တာ၊ ဆီးမသွားတာမျိုးတော့ မလုပ်သင့်ပါဘူးနော်။ ရေလေး ပုံမှန်သောက်၊ ဆီးလေး ပုံမှန်သွားပေးခြင်းဖြင့် ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာကို ပုံမှန်လေး ထမ်းဆောင်ကြပါစို့နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement