backup og meta

ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ


Ye Zon Aung မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ

    ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ

    ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဆိုတာ တစ်ကယ်တော့ အမျိုးသားတွေအတွက် အင်မတန်အရေးကြီးတဲ့ကိစ္စတွေထဲမှာ ပါဝင်နေပါတယ်။ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ မျိုးပွားစနစ်တစ်ခုလုံးက ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။

    အသက်အရွယ်ကြောင့်သော်လည်းကောင်း ရောဂါကြောင့်သော်လည်းကောင်း ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း ယောင်္ကျားတွေအားလုံးဟာ တစ်သက်မှာ တစ်ခါတော့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုခံစားရနိုင်ပါတယ်။

    ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများက ဘာတွေလဲ……..

    အကယ်၍များ သင့်အနေနဲ့ ဒီရောဂါလက္ခဏာတွေကို တွေ့ကြုံနေရပြီ ဆိုရင်တော့ ဆီးလမ်းကြောင်းဆိုင်ရာဆရာဝန်ဆီကိုသွားပြီး ဆွေးနွေးကုသမှုခံယူဖို့လိုအပ်နေပါပြီ။

    ၁ – ဆီးကျိတ်ရောင်ခြင်း

    ဆီးအကျိတ်ဆိုတာကတော့ ဆီးအိမ်နဲ့ လိင်တံကြားမှာတည်ရှိနေပြီး prostate လို့ခေါ်တဲ့ အကျိတ်ကလေးတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားထက်ပိုပြီး ကြီးလာတဲ့အခါ ဆီးသွားရာမှာ ခက်ခဲစေပါတယ်။ နောက်ဆက်တွဲ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ဆီးသွားရာမှာကသိကအောင့်ဖြစ်နေနိုင်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့

    • ဆီးစပေါက်ရမှာ ခက်ခဲခြင်း
    • ဆီးသွားသော်လည်း ကောင်းကောင်းမသွားနိုင်ခြင်း
    • ဆီးသွားပြီးခါနီးတွင် တစ်စက်တစ်စက်ကျနေတတ်ခြင်း
    • ဆီးသွားချင်စိတ် မကြာခနဖြစ်နေခြင်း
    • ဆီးအိမ်တွင်း ဆီးကုန်အောင် သွားနိုင်ခြင်းမရှိသည့်အတွက် ဆီးသွားပြီးသော်လည်း ဆီးအိပ်တင်းနေသည်ဟု ခံစားရခြင်းတို့ကိုခံစားရနိုင်ပါတယ်။

    ၂ – လိင်တံ အပြည့်အဝ ထောင်မတ်နိုင်စွမ်းမရှိခြင်း

    လိင်တံ စတင်ထောင်မတ်ရာတွင် သို့မဟုတ် ဆက်လက်ထောင်မတ်နေစေရန် ထိန်းထားနိုင်စွမ်းမရှိခြင်းကလည်း အတွေ့များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ ကုသမှုအနေနဲ့ သာမန်သောက်ဆေး၊ ကျားဟော်မုန်းဆေးများဖြင့် ကုသမှုခံယူနိုင်သလို ခွဲစိပ်ကုသခြင်းများနှင့် ရိုးရာအပ်စိုက်ခြင်းနည်းလမ်းများဖြင့် ကုသမှုပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆေးလိပ်ဖြတ်ခြင်း လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းနည်းလမ်းများဖြင့်လည်း သက်သာအောင်ပြုလုပ်နိုင်ပါသေးတယ်။

    ၃ – ဆီးလမ်းကြောင်းပိုးဝင်ခြင်း

    အကယ်၍များ ဆီးသွားနေတုန်း ပူတာ၊ ကျင်တာကိုသတိထားမိခဲ့မယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့လက္ခဏာတွေဖြစ်နိုင်တဲ့အတွက် မပေါ့ပါနဲ့။ ဆီးလမ်းကြောင်းဆိုင်ရာ ဆေးစစ်မှုတွေပြုလုပ်ပြီး အခြားရောဂါတွေ မဟုတ်ကြောင်းကိုတော့ သေချာအောင်ပြုလပ်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပိုးသတ်ဆေးသောက်ဆေးတွေနဲ့ပဲ ကိစ္စပြီးပါတယ်။

    ၄ – သုတ်ရည်အကျိတ်ရောင်ရမ်းခြင်း

    သုတ်ရည်ကိုထုတ်ပေးတဲ့ အကျိတ်ရောင်ယမ်းခြင်းကလည်း အမျိုးသားအများစုကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ သုတ်ရည်အကျိတ်ရောင်ရမ်းလာမယ်ဆိုရင် ခံစားရမယ့် လက္ခဏာတွေကတော့

    • ဆီးသွားလျှင် နာကျင်လာခြင်း
    • ချမ်းတုန်ဖျားခြင်း
    • ဝမ်းဗိုက်တစ်ဝိုက်နာခြင်း
    • တင်ပဆုံနှင့် နောက်ကျောနေရာများ ကိုက်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။

    ဆီးအကျိတ်ရောင်ယမ်းတဲ့အခါ ခံစားရတဲ့ရောဂါလက္ခဏာတွေက ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါ့ကြောင့် ဆီးနှင့်ကျောက်ကပ်အထူးကုတွေထံ သွားရောက်ပြီး တိတိကျကျ ကုသမှုခံယူဖို့လိုအပ်ပါတယ်။

    ၅ – မျိုးမအောင်ခြင်း

    ကလေးရဖို့ခက်ခဲနေတဲ့ အကြောင်းအရာတွေထဲမှာ မျိုးမအောင်ခြင်းကလည်း အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ မျိုးမအောင်စေတဲ့ အချက်တွေကတော့

    • သုတ်ကောင်အရေအတွက် ကျဆင်းခြင်း
    • သုတ်ကောင်အရည်အသွေး မမီခြင်း
    • ဝှေးစေ့ပုံမှန်နေရာတွင် မရှိခြင်း
    • မွေးရာပါချို့ယွင်းမှု တစ်ခုခုရှိနေခြင်း
    • ရောဂါအခြေအနေတစ်ခုခုရှိနေခြင်း ( ဥပမာ – ဆီးချိုရောဂါ)
    • ရောဂါပိုးတစ်မျိုးမျိုးဝင်ဖူးခြင်း
    • ဝှေးစေ့ကို ထိခိုက်မိဖူးခြင်း၊ ခွဲစိတ်ဖူးခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။

    မျိုးမအောင်တာကို ကုသဖို့အတွက်လည်း နောက်ခံအကြောင်းအရာကို ရှာဖွေပြီး စနစ်တကျကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။

    ၆ – ဆီးကျောက်တည်ခြင်း

    ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်းတစ်နေရာရာမှာ သထ္ထုဓာတ်တွေနဲ့ ယူရစ်အက်စစ်လို ခန္ဓာကိုယ်တွင်းက ဒြပ်ပေါင်းတွေ အနည်ကျတာများလာတဲ့အခါ ကျောက်တည်တတ်ပါတယ်။ ကျောက်တည်ရင် မခံမရပ်နိုင်အောင်နာပေမယ့် ဒီနာတာကြောင့်ပဲ လွယ်ကူစွာ သိရှိနိုင်ပါတယ်။ ဘယ်လိုပျောက်ကင်းအောင် ကုသရမလဲဆိုတာကတော့ တည်တဲ့ကျောက်ရဲ့အရွယ်အစားနဲ့ နေရာအပေါ်မူတည်ပါတယ်။ အရွယ်အစားသိပ်မကြီးရင် သောက်ဆေးနဲ့ကုသလို့ရပေမယ့် အရွယ်ကြီးတဲ့ကျောက်တွေဆိုရင်တော့ ခွဲစိပ်ကုသရပါမယ်။

    ၇- ဝှေးစေ့ကင်ဆာ

    အမျိုးသားတွေ အသေအပျောက်အများဆုံး ကင်ဆာစာရင်းမှာ နံပတ် ၂ နေရာကပြေးနေတာ ဝှေးစေ့ကင်ဆာပါ။ ဝှေးစေ့ကင်ဆာအတွက် အရေးကြီးတာကတော့ စောစောရှာတွေ့နိုင်ဖို့ပါပဲ၊ အသက် ၄၀ အရွယ်ဆိုရင် အမျိုးသားတွေအားလုံး နှစ်စဉ် AFP လို့ခေါ်တဲ့ ဆေးစစ်မှုကိုပြုလုပ်သင့်ပါတယ်။ ကင်ဆာရဲ့အဆင့်ပေါ်မှာမူတည်ပြီး သောက်ဆေး၊ ခွဲစိတ်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည်ပြဖို့ လိုမလိုကို ခွဲခြားဖို့လိုအပ်ပါတယ်။

    ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement