backup og meta

ခုခံအားကျဆင်းမှူ ကူးစက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခုခံအားကျဆင်းမှူ ကူးစက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ပြောကြားချက်များအရ ၂၀၁၃ ခုနှစ်တွင် ၁.၅ သန်းသော လူများသည် HIV ရောဂါနှင့် အသက်ဆုံးရှုံးနေရပါသည်။ HIV ရောဂါသည် ခန္ဓါကိုယ် အရည်များ၊ ဥပမာ – သွေး၊ ယောနိမှ ထွက်သော အရည်၊ သုတ်ရည်နှင့် နို့ရည်တို့မှ ကူးစက်နိုင်ပါသည်။ ရောဂါ ကူးစက်နိုင်ပုံများကို အောက်တွင် ဆက်လက် ဖော်ပြပါမည်။

    ခြုံငုံသုံးသပ်ချက်

    HIV ရောဂါအတွက် စိတ်ဝင်စားမှုမှာ လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်၍ စိတ်ဝင်စားမှု ရရှိလာပါသည်။ ကမ္ဘာ အနှံ့အပြားတွင်လည်း အရေးကြီးသော ကျန်းမာရေး ပြဿနာ ဖြစ်ပါသည်။ သေနှုန်းမြင့်မားခြင်းကြောင့် ထိုရောဂါကို ကူးစက်မှုနှုန်း လျော့နည်းအောင် လုပ်ဆောင်ရပါမည်။

    HIV ရောဂါသည် ခန္ဓါကိုယ်အရည်များ၊ ဥပမာ – သွေး၊ ယောနိမှ ထွက်သောအရည်၊ သုတ်ရည်နှင့် နို့ရည်တို့မှ ကူးစက်နိုင်ပါသည်။

    ခန္ဓါကိုယ်ပြင်ပသို့ ရောက်ရှိသွားပါက ဗိုင်းရပ်စ်ပိုးမှာ ကြာရှည်စွာ အသက်မရှင်နိုင်ပါ။ မျိုးလည်း မပွားနိုင်တော့ပါ။ HIV ဗိုင်းရပ်စ်ပိုးသည် –

    • ခြင်၊ သန်းနှင့် တခြားသော ပိုးမွှားများမှ မကူးစက်နိုင်ပါ။
    • တံတွေး၊ မျက်ရည်နှင့် ချွေးများ (သွေးနှင့် ရောနှောခြင်း မရှိလျှင်) မကူးစက်နိုင်ပါ။
    • ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ အိမ်သာ၊ ပန်းကန် အတူအသုံးပြုခြင်း၊ နမ်းခြင်းများကြောင့် မကူးစက်နိုင်ပါ။
    • ခန္ဓါကိုယ် အရည်များ မဝင်နိုင်သော လိင်ဆက်ဆံမှုများတွင်လည်း မကူးစက်နိုင်ပါ။

    HIV ပိုးရှိသောသူများမှ ဗိုင်းရပ်စ်ပမာဏ လျော့နည်းသွားသည် ဆိုပါက ကူးစက်နိုင်မှု ပမာဏသည်လည်း လျော့နည်းသွားနိုင်ပါသည်။ HIV ရှိသောသူ ဖြစ်လင့်ကစား ဆေးသောက်နေသော သူများ ဗိုင်းရပ်စ်ပိုးမွှား ပမာဏ သွေးထဲတွင် နည်းနေပါက တခြားသူများကို ကူးစက်နိုင်မှုသည် ဗိုင်းရပ်စ်ပိုးမွှားများ သွေးတွင်းတွင် ရှိသောသူများထက် ပို၍ ကူးစက်နိုင်မှု လျော့နည်းနိုင်ပါသည်။

    သို့သော် HIV ရောဂါရှိသူမှာ မိမိသွေးထဲတွင် ဗိုင်းရပ်စ်ပိုးမွှားများ အနည်းငယ်သာ ရှိသော်လည်း တခြားသူများသို့ ကူးစက်နိုင်ပါသေးသည်။

    အဘယ်ကြောင့်ဆိုသော် –

    • HIV ရောဂါပိုးသည် သုတ်ရည်၊ ယောနိအရည်များမှ ကူးစက်နိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးမွှား စစ်ဆေးခြင်း ဆိုသည်မှာ သွေးထဲရှိ ပမာဏကို စစ်ဆေးခြင်း ဖြစ်ပါသည်။
    • စစ်ဆေးနေစဉ် အချိန်အတွင်း အဖြေအပြောင်းအလဲ ဖြစ်နိုင်ပါသည်။ ထိုသို့ ဖြစ်နေလျှင် တခြားသော သူများကို ကူးစက်နိုင်ပါသည်။
    • လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ရောဂါများသည် လိင်အင်္ဂါအရည်များကို တိုးမြင့်နိုင်ပါသည်။

    သွေးနှင့် HIV ကူးစက်ခြင်း

    HIV ရောဂါသည် သွေးမှ အများဆုံး ကူးစက်ပါသည်။ သွေးသွင်းခြင်းသည် မိမိကို သွေးလှူသော လူများအဖို့ ရောဂါရှိနေပါက ကူးစက်နိုင်ခြေ များပါသည်။ သွေးသွင်းခြင်းဖြင့် ကူးစက်နိုင်သောကြောင့် မသွင်းခင် ဆေးစစ်ခြင်းမှာ ၁၉၈၅ ခုနှစ်မှစ၍ လုပ်လာကြပါသည်။ သွေးလှူသူများသည် ရောဂါပိုးရှိသည်ဟူ၍ ပေါ်ပေါက်လာပါက လှူ၍ မရနိုင်ပါ။ ထိုသို့ စမ်းသပ်မှု ပြုလုပ်ပြီးသည့်တိုင် မပေါ်ပေါက်သော ပမာဏ ရှိနိုင်ပါသေးသည်။ ကူးစက်နှုန်း အနည်းငယ် ရှိနိုင်ပါသည်။

    တားမြစ်ဆေးများကို တခြားသူများနှင့် အတူတူ ဆေးထိုးအပ် မျှဝေ၍ အသုံးပြုပါကလည်း ရောဂါပိုး ပို၍ ကူးစက်နိုင်ပါသည်။ သို့သော် သွေးသွင်းခြင်းလောက် ကူးစက်နိုင်မှု မများပြားပါ။ စီဒီစီ အဖွဲ့၏ ခန့်မှန်းချက်များအရ လူ ၁၀၀၀၀ တွင် ၆၃ ဦးသည် ဆေးထိုးအပ် မျှသုံးခြင်းမှ ကူးစက်နိုင်ပါသည်။ ဆေးထိုးအပ် စူးခြင်းမှာ လူ ၁၀၀၀၀ တွင် ၂၃ ဦး ကူးစက်နိုင်ပါသည်။

    ကိုက်ခြင်း၊ တံတွေးထွေးခြင်းနှင့် ခန္ဓါကိုယ် အရည်များ (သုတ်ဦးရည်၊ တံတွေး) စသော အရည်များမှ ကူးစက်မှုနှုန်းသည် မပြောပလောက်ပါ။

    လိင်ဆက်ဆံမှုမှ ကူးစက်ခြင်း

    HIV ရောဂါပိုး ရှိသောသူများနှင့် လိင်ဆက်ဆံပါက ကူးစက်မှုနှုန်း များပြားပါသည်။

    ပါးစပ်နှင့် ဖြစ်စေ၊ စအိုမှ ဖြစ်စေ လိင်ဆက်ဆံပါက အထူးသဖြင့် ကွန်ဒုံး မပါဘဲ အသုံးပြုပါက ပို၍ ကူးစက်နိုင်ပါသည်။

    ပါးစပ်နှင့် ဆက်ဆံခြင်းသည် ကူးစက်မှုနှုန်း အနည်းဆုံး ဖြစ်ပါသည်။ သို့သော် ပါးစပ်ထဲတွင် သုတ်ရည်လွှတ်ပါက ကူးစက်မှုနှုန်း မြင့်မားနိုင်ပါသည်။

    ထို့ကြောင့် လိင်ဆက်ဆံနေစဉ် မိမိကိုယ်ကို အမြဲ ဂရုစိုက်ရပါမည်။ တခြားသော သူများနှင့် လိင်ဆက်ဆံမည် ဆိုပါက သုတ်ပိုး၊ ယောနိအရည်များကို ကာကွယ်နိုင်သော ကွန်ဒုံးသုံး၍ဖြစ်စေ၊ ကာကွယ်မှု ယူခြင်းဖြင့် HIV ရောဂါကို ကာကွယ်နိုင်ပါသည်။

    ကွန်ဒုံးအသုံးပြု၍ လိင်ဆက်ဆံခြင်းသည် ပေါက်ခြင်း၊ ပြဲခြင်းများ ရှိသည့်အတွက် မည်မျှ ကူးစက်နှုန်း ရှိသည်ကို မခန့်မှန်းနိုင်ပါ။ မိမိသည် လိင်ဆက်ဆံသူဖြစ်လျှင် အချင်းချင်း တိုင်ပင်ပြီး မိမိလုံခြုံရေးအတွက် ဆေးစစ်ထားသင့်ပါသည်။

    မိခင်မှ ကလေးသို့ ကူးစက်ခြင်း

    သွေးနှင့် ခန္ဓါကိုယ် အရည်များအပြင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နှင့် နို့တိုက်ချိန်များတွင် မိမိ၏ကလေးသို့ ကူးစက်နိုင်ပါသည်။ HIV ရှိသော မိခင်သည် နို့မတိုက်သင့်ပါ။ နို့ရည်မှတစ်ဆင့် ကလေးကို ကူးစက်တတ်သောကြောင့် ဖြစ်ပါသည်။ HIV ရောဂါပိုးသည် မိခင် သို့မဟုတ် စောင့်ရှောက်ပေးသူမှ ကလေးကို အစားအစာ ဝါးကျွေးခြင်းကြောင့်လည်း ကူးစက်နိုင်ပါသည်။ သို့သော် ထိုသို့သော ဖြစ်စဉ်မှာ ရှားပါသည်။

    AIDS ရောဂါသည် HIV ရောဂါပိုးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ခန္ဓါကိုယ်၏ ခုခံအားစနစ်ကို တိုက်ဖျက်ခြင်းဖြင့် အန္တရာယ်ပေးပါသည်။ ရောဂါတားဆေးများသည် ရောဂါပိုးကို တခြားသူများသို့ ကူးစက်ခြင်းမှ လျော့နည်းစေပါသည်။ သို့သော် ဆေးတစ်မျိုးတည်း သောက်သုံးခြင်းံသည် အပြည့်အဝ ကာကွယ်မှုမပေးနိုင်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement