backup og meta

HIV ရောဂါနှင့် ယုံမှတ်ချက် ၁၀ ချက်


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ရောဂါနှင့် ယုံမှတ်ချက် ၁၀ ချက်

    လူအများစုမှာ HIV ရောဂါအကြောင်းနှင့် သူ၏ပျံ့နှံ့ပုံကို လွဲမှားသော ယူဆချက်ဖြင့် စွဲမှတ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် AIDS နှင့် HIV ရောဂါတို့မှာ ယခုထက်တိုင် မှားယွင်းသော ယူဆချက်များ ဖြစ်နေပါသည်။ ယူဆလေ့ရှိသော အချက် ၁၀ ချက်မှာ –

    (၁) HIV ရောဂါရှိသူ၏ ဘေးပတ်ဝန်းကျင်တွင် နေရုံဖြင့် ကူးစက်နိုင်သည်ဟု မှတ်ယူခြင်း။

    ထိုရောဂါသည် HIV ရောဂါပိုးမှ တစ်ဆင့်သာ ကူးစက်နိုင်ပါသည်။ သွေး၊ သုတ်ရည်၊ နို့ရည်များမှ ကူးနိုင်ပါသည်။

    • လေအတူတူ ရှူခြင်းဖြင့် မကူးနိုင်ပါ။

    • ဖက်ခြင်း၊ နမ်းခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ မကူးနိုင်ပါ။

    • အိမ်သာ ကမုတ်ကို ထိခြင်း၊ တံခါးလက်ကိုင်ကို အတူကိုင်မိခြင်းဖြင့် မကူးနိုင်ပါ။

    • ရောဂါပိုးရှိသောသူနှင့် အတူတူစားခြင်းဖြင့် မကူးနိုင်ပါ။

    (၂) HIV ကို ခြင်မှ ကူးနိုင်သည်ဟု မှတ်ယူခြင်း။

    ခြင်မှ HIV ရောဂါပိုး ကူးစက်ခြင်းမှာ မည်သို့မှ မဖြစ်နိုင်သော အချက်ဖြစ်ပါသည်။ ရောဂါပိုးရှိသူကို ခြင်ကိုက်လျှင်၊ ထို့နောက် ကျန်းမာသော လူတစ်ယောက်ကို ကိုက်လျှင် ထိုသွေးကို မိမိ၏ ကိုယ်တွင်းသို့ ပို့ခြင်း မဟုတ်သည့်အတွက် မကူးနိုင်ပါ။ သို့သော် ထိုခြင်ကို သတ်လိုက်လျှင်၊ မိမိတွင်လည်း အနာရှိနေလျှင် HIV ကူးနိုင်ပါသည်။ သို့သော် ထိုကဲ့သို့ ဖြစ်စဉ်မျိုးသည် ရှားပါးပါသည်။

    (၃) HIV သို့မဟုတ် AIDS ရောဂါရှိလျှင် ရှာရန်လွယ်ကူသည်ဟု မှတ်ယူခြင်း။

    မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးနှင့် တစ်ဦး မတူညီသောကြောင့် ဖြစ်ပါသည်။ အများအားဖြင့်မှာ ရောဂါပိုးဝင်ရောက်လျှင် တုပ်ကွေးကဲ့သို့ ချမ်းတုန်ခြင်း ဖြစ်တတ်ပြီး နောက်ပိုင်းတွင် ပျောက်သွားလေ့ရှိပါသည်။ တချို့ အခြေအနေများတွင် မည်သို့မျှ မဖြစ်ဘဲ ရှိတတ်ပါသည်။ HIV ရှိပြီဆိုရုံနှင့် AIDS ရှိပါသလား။

    (၄) HIV သည် AIDS အဖြစ်ပြောင်းပြီး ထိုလူမှာ သေဆုံးနိုင်သည်ဟု မှတ်ယူခြင်း။

    HIV သည် မကုသလျှင် AIDS သို့သာ ကူးပြောင်းနိုင်ပါသည်။ ထိုသို့ မကူးအောင် သောက်သုံးနိုင်သော ဆေးများရှိပါသည်။ ဆေးသောက်လျှင် AIDS သို့မကူးပြောင်းဘဲ ယခင်အတိုင်းကို အချိန်ကြာမြင့်စွာ ရှိနေနိုင်ပါသည်။ ဆေးသောက်လျှင် ရောဂါပိုး အခြေအနေကို ထိန်းနိုင်၍ AIDS ၏ နောက်ဆက်တွဲ ပြဿနာများ မရှိနိုင်တော့ပါ။ ထို့ကြောင့် ဆေးပုံမှန်သောက်၍ ကာကွယ်မှု ယူနိုင်ပါသည်။

    (၅) HIV ရောဂါဝင်နိုင်သူများမှာ လိင်တူဆက်ဆံသူများဟု မှတ်ယူခြင်း။

    လိင်တူ ဆက်ဆံသူများ၊ လိင်အလုပ်သမများ၊ မူးယစ်ဆေး သုံးသူများမှာ အများဆုံးဖြစ်ပါသည်။ စိတ်မပူပါနှင့်။ မှားယွင်းသော အယူအဆမှာ လိင်တူဆက်ဆံသူများ၊ လိင်အလုပ်သမများ၊ ဆေးသုံးသူများ မဟုတ်လျှင် မကူးစက်နိုင်ဟု ပြောကြသည်။ ထိုအုပ်စုမှာ ဖြစ်ရန်အတွက် ရာခိုင်နှုန်းများသော်လည်း လူတိုင်းမှာ ရောဂါ ကူးစက်နိုင်ပါသည်။ ကျန်းမာသော လူတစ်ယောက်သည်လည်း မသန့်သော သွေးသွင်းမိပါက ရောဂါကူးစက်နိုင်ပါသည်။

    (၆) ဆေးများမှာ အလွန်စွမ်းပြီး သောက်လိုက်သည်နှင့် ရောဂါကို တားနိုင်ပါသည်ဟု မှတ်ယူခြင်း။

    တစ်ခါတရံဆေးနှင့် တည့်၍ စွမ်းသည်ဟု ထင်နိုင်ပါသည်။ သို့သော် ဆေးကို မိမိသဘောနှင့် ရပ်မည်ဆိုပါက ရောဂါပိုးများ ဝင်ရောက်၍ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဆရာဝန် ညွှန်ကြားချက် မပါမချင်း မရပ်တန့်သင့်ပါ။ ဆရာဝန်နှင့် မိမိခံစားရသော ဘေးထွက်ဆိုးကျိုးများ အကြောင်းပြောပြ၍ ဆေးပြောင်းနိုင်ပါသည်။ HIV ကုသမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ နောက်ဆုံးရ ဆေးပညာ သတင်းများကို ဖတ်ရှုပါ။

    (၇) ပါးစပ်နှင့် ကာမဆက်ဆံခြင်းမှ မကူးနိုင်ဟု မှတ်ယူခြင်း။

    ပါးစပ်နှင့် ကာမဆက်ဆံခြင်းသည် စအို နှင့် မိန်းမကိုယ်အင်္ဂါထဲ ထည့်၍ ဆက်ဆံခြင်းလောက် မကူးနိုင်သော်လည်း ရောဂါပိုးမဝင်နိုင်ပါဟု ပြော၍မရပါ။ ဥပမာ – အနာ အပေါက် အပြဲ ရှိနေလျှင် ကူးစက်နိုင်ပါသည်။

    (၈) အခြေခံလူတန်းစားများသာ ရောဂါပိုးဝင်နိုင်သည်ဟု မှတ်ယူခြင်း။

    HIV တွင် ဖြစ်ရမည်ဟူသော လူအဆင့်အတန်း မရှိပါ။ လူတိုင်းဖြစ်နိုင်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်သုံးခြင်း၊ ရောဂါပိုးရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။

    (၉) HIV နှင့် AIDS ရောဂါမှာ လိင်ဆက်ဆံခြင်းကြောင့်သာ ကူးစက်နိုင်သည်ဟု မှတ်ယူခြင်း။

    ထိုရောဂါမှာ မသန့်ရှင်းသော ဆေးထိုးအပ်များကို သုံးခြင်းဖြင့်လည်း ကူးစက်နိုင်ပါသည်။ ဆေးရုံများ၊ ဆေးမင်ကြောင်ထိုးသော နေရာများ၊ အကြောဆေး ထိုးခြင်း တို့တွင် အဖြစ်များပါသည်။ မိခင်မှ ကလေးသို့လည်း နို့တိုက်ရင်း ကူးစက် နိုင်ပါသည်။ တစ်ခါတရံ သွားဖုံးသွေးယိုနေစဉ် နမ်းခြင်းမှလည်း ကူးစက်နိုင်ပါသည်။

    (၁၀) ရောဂါပိုးရှိသော မိခင်၏ကလေးမှာလည်း ရောဂါပိုးရှိသည်ဟု မှတ်ယူခြင်း။

    ထိုသို့သော ဖြစ်စဉ်မှာ ၂ ရာခိုင်နှုန်းအောက်သာ ရှိပါသည်။

    မိခင်မှာ ရောဂါပိုးရှိသည်ဟု ကြိုတင်သိလျှင် ART ဆေးများသောက်၍ ကလေးဆီသို့ မကူးအောင် ကာကွယ်နိုင်ပါသည်။ နို့တိုက်သင့်၊ မတိုက်သင့်မှာ လေ့လာချက် ပြုလုပ်နေဆဲ ဖြစ်ပါသည်။ တောင်အာဖရိက စစ်တမ်းအရ နို့တိုက်ခြင်းဖြင့် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သို့သော် တခြားသော စစ်တမ်းများမှာ ကူးစက်နိုင်သည်ဟု ဖော်ပြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာမှုအရ နို့တိုက်မိခင်များသည် ဆေးဆက်သောက်ရပါမည်။

    သင် HIV နှင့် ပတ်သက်၍ နားမလည်သည်များ ရှိပါသလား။ သိအောင်ပြောင်းလဲနိုင်ပါသည်။ မိမိ မိသားစုနှင့် ဆွေမျိုးများကိုလည်း သိအောင် ရှင်းပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement