backup og meta

HIV ရောဂါရှိလျှင် တခြားသော ရောဂါပိုးများ မဝင်အောင်မည်သို့ ကာကွယ်မည်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ရောဂါရှိလျှင် တခြားသော ရောဂါပိုးများ မဝင်အောင်မည်သို့ ကာကွယ်မည်နည်း

    မိမိတွင် HIV ရောဂါရှိလျှင် ပထမဦးဆုံးမှာ တခြားသော သူများကို မကူးစက်အောင် မည်သို့ ကာကွယ်မည်လဲ ဆိုသည့် မေးခွန်းပဲ ဖြစ်ပါသည်။ ထိုသည်မှာ မိမိနှင့် မိမိ၏မိသားစု အသိုင်းအဝိုင်းကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များသည် မည်သို့ကာကွယ်မည်နည်း ဆိုသောအချက်များ ဖြစ်ပါသည်။

    HIV ရောဂါသည် မည်သို့ ကူးစက်နိုင်သနည်း။

    ရှေးဦးစွာ ထိုရောဂါသည် မည်သို့ ပျံ့နှံ့ပုံကို သိရပါမည်။ နားလည်ပုံချင်း လွဲမှားသည်မှာ များသောကြောင့် မိမိကိုယ်တိုင် အရင်သိအောင် ပြုလုပ်ရပါမည်။ ထိုရောဂါသည် ပါးစပ်၊ နှာခေါင်း၊ ယောနိ၊ စအို၊ လိင်တံတို့တွင် အပေါက်အပြဲရှိပါက ကူးစက်နိုင်ပါသည်။ ထို့အပြင် ရောဂါရှိသော သွေး၊ နို့ရည်၊ သုတ်ရည်နှင့် တခြားသော အရည်များနှင့်လည်း ကူးစက်နိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများမှလည်း ကူးစက်နိုင်ပါသည။် သွေးများ၊ ခန္ဓါကိုယ်အရည်များမှ တစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။ ထို့ကြောင့် အရေပြားတွင် ပေါက်အပြဲမရှိပါက စိတ်ချစွာ နမ်းနိုင်ပါသည်။ တခြားသော ထိတွေ့ခြင်း၊ နေ့စဉ် လုပ်ငန်းဆောင်တာများသည်လည်း ထိုကဲ့သို့ပင် ဖြစ်ပါသည်။

    ရောဂါလက္ခဏာ မပြသေးသောသူများ ရှိနိုင်သဖြင့် HIV လုံးဝမရှိဟု ယူဆ၍မရပါ။ နှစ်အနည်းငယ်ကြာပြီးမှ ရောဂါပိုး ပေါ်နိုင်ပါသည်။ ကြာလာလျှင် AIDS အသွင်ပြောင်းနိုင်ပါသည်။ ထိုစဉ် အတွင်းရောဂါပိုးသည် တခြားသူများသို့ ကူးစက်နိုင်ပါသည်။

    အရက်နှင့် ဆေးလိပ်များကို ရှောင်ရှားခြင်း

    ဒုတိယပြုလုပ်ရမည့် အချက်မှာ အရက်နှင့် ဆေးဝါးသုံးစွဲမှုကို ရှောင်ရှားခြင်းဖြစ်ပါသည်။ အရက်သည် ဆုံးဖြတ်ချက်ချရာတွင် မကောင်းသော အမြင်များနှင့် အတွေးများ ဝင်နိုင်ပါသည်။ တချို့သော ဆေးများမှာလည်း သုံးစွဲမှုများလျှင် HIV ရောဂါ ကူးစက်နိုင်မှုပို၍ များပြားပါသည်။

    အကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်း

    ကွန်ဒုံးသုံး၍ လိင်ဆက်ဆံခြင်းကို လေ့ကျင့်ပါ။ HIV ရောဂါပိုး ရှိသူနှင့် ကာမဆက်ဆံလျှင် ရောဂါပိုးရှိ၊ မရှိ အမြဲစစ်ဆေးရပါမည်။

    မိမိ၏ လက်တွဲဖော်ကို မိမိလိင်ဆက်ဆံမှု အပိုင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ တစ်ဦးနှင့်တစ်ဦး နားလည်မှု ပေးခြင်းသည်လည်း ရောဂါကာကွယ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။ Tenofovir နှင့် Emtricitabine စသည့် ဆေးဝါးများ သောက်သုံးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။ သို့သော် ထိုဆေးဝါးမှာ လွန်စွာဈေးကြီး၍ အဆင်မပြေနိုင်ပါ။ ထို့ကြောင့် အကာအကွယ်သုံး၍ နေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

    ဆေးထိုးအပ် ဆေးထိုးပြွန်များကို တခြားသူများနှင့် မျှဝေ၍ မသုံးပါနှင့်။

    ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များမှ တစ်ဆင့် ရောဂါပိုးများ ကူးစက်နိုင်ပါသည်။ ဆေးထိုးအပ် သုံးရသည့်ဆေးများကို ဆရာဝန်မညွှန်ကြားဘဲ မသုံးပါနှင့်။ တခြားသော သူများ၏ သွေးနှင့် အရည်များကို ထိခြင်းမှ ရှောင်ကြဉ်ပါ။

    မည်သူသည် HIV ရောဂါပိုး ရှိသည်ကို မသိနိုင်ပါ။ ထို့ကြောင့် တခြားသော သူများ၏ သွေးနှင့် တခြားသော အရည်များ ထိတွေ့ခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ကာကွယ်မှု ရယူပါ။ ကူးစက်နိုင်သော အရည်များမှာ

    • သုတ်ရည် နှင့် သုတ် မထွက်ခင် ထွက်သော အရည်

    • မိန်းမကိုယ်အင်္ဂါမှ ထွက်သော အရည်

    • စအိုမှ အချွဲများ

    • နို့ရည်

    • သားအိမ်မှ ကလေးကို ကာကွယ်ထားသော အရည်၊ ခြင်ဆီရည်နှင့် ဒူးခေါင်းမှ ချောဆီ အရည်တို့ ဖြစ်ပါသည်။ ထိုသည်မှာ ခွဲစိတ်ချိန်တွင် ထွက်သောအရည် ဖြစ်ပါသည်။

    ကိုယ်ဝန်ဆောင်နေလျှင် ကုသမှုခံယူပါ

    မိမိသည် ကိုယ်ဝန်ဆောင်နေလျှင် HIV ရှိနေမှာ စိုးရိမ်လျှင် ဆေးစစ်ပြီး ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားပါ။ ထိုမှသာ မိမိကလေးသို့ ရောဂါပိုး မကူးစက်အောင် ကာကွယ်ပေးနိုင်ပါမည်။

    လူအများကို ထိုရောဂါနှင့် ပတ်သက်သည်များကို ပြောပြ၍ ကာကွယ်မှုပေးပါ။ ရှက်ရန် မလိုပါ။ ရောဂါရှိနေလျှင်လည်း စိတ်မပူပါနှင့်။ ရဲရဲဝံ့ဝံ့နှင့် မိသားစု ဆွေမျိုးများကို ပြောပြ၍ ကာကွယ်ပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement