backup og meta

HIV နှင့် မူးယစ်ဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV နှင့် မူးယစ်ဆေး

    ၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး မှတ်တမ်းများအရ လူ ၃၆.၉ သန်းသည် HIV ရာဂါပိုး ရှိနေပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးကြောင့် ဖြစ်ပါသည်။ ဆေးအလွဲသုံးစား လုပ်ခြင်းသည်လည်း HIV ရောဂါ ဖြစ်ပွားခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်သည်။

    မူးယစ်ဆေး အလွဲသုံးခြင်းသည် ဆေးထိုးမှားခြင်းထက် ပို၍ ကူးစက်နိုင်ခြေများပါသည်။ အဘယ်ကြောင့်ဆိုသော် ဆေးသုံးခြင်းဖြင့် ရောဂါကူးစက်နိုင်ခြေရှိသော ကာမစပ်ယှက်မှု၊ တခြားသူများနှင့် အတူတကွ ဆေးသုံးခြင်းဖြင့် လူတစ်ဦးမှ တစ်ဦးကို HIV ရောဂါပိုး ကူးစက်နိုင်ပါသည်။

    ရောဂါပိုးရှိသော သွေးသည်

    • ဆေးထိုးအပ်များ
    • ပြန်သုံးရေများ
    • ပြန်သုံးသည့် ဘူးဖုံးများ၊ ဇွန်းများ၊ ပေါင်းအိုးများ၊ အပူပေးရမည့် ဆေးများကို ပြုလုပ်သည့် ပေါင်းခံအိုးများ
    • ပြန်သုံးသည့် ချည်ထည်များ၊ ဆေးထိုးအပ်ကို အသုံးပြုသည့် အဖုံးများ
    • လမ်းပေါ်တွင် ရောင်းသော ဆေးထိုးအပ်များတွင် ပါလာနိုင်ပါသည်။

    ထို့ကြောင့် ဆေးထိုးအပ် အသုံးပြုမည် ဆိုပါက ယုံကြည်စိတ်ချရသော နေရာမှ ယူရပါမည်။

    ဆေးထိုးအပ်ကိုမျှ၍ အယောင်ကျဆေး၊ ဟော်မုန်းဆေး၊ ဆီလီကွန်များ သုံးရာတွင် အသုံးပြုလျှင် ရောဂါပိုး ကူးစက်နိုင်ခြေ ပို၍များပြားပါသည်။

    ထို့အပြင် ဆေးအလွဲသုံးစား လုပ်ခြင်း၊ ဆေးစွဲခြင်းများသည်လည်း ရောဂါ အခြေအနေကို ပို၍ ဆိုးရွားစေပါသည်။ အာရုံကြောနှင့် ပတ်သက်သော ရောဂါများ၊ မွေးရာပါ ရောဂါများ ဖြစ်ပေါ်တတ်ပါသည်။ အရက်သောက်ခြင်းနှင့် တခြား ခုခံအားတိုး ဆေးများသည် ရောဂါအခြေအနေကို ပို၍ ဆိုးရွားစေပါသည်။

    ဆေးစွဲခြင်းသည် ရောဂါပိုး မဖြစ်ပွားရန် ကာကွယ်နိုင်ပါသည်။ ဆေးဖြတ်လိုက်လျှင် ရောဂါပိုး ပျံ့ပွားမှုနှင့် တခြားသော အခြေအနေများကို ထိန်းနိုင်ပါသည်။

    သုံးလေ့ရှိသော ပစ္စည်းများ

    အရက်

    အရက်ကို လွန်ကျွံစွာ သောက်သုံးလျှင်၊ အနည်းအကျဉ်း သောက်သုံးသည့် တိုင်အောင် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါသည်။ ဆေးသုံးသောကြောင့် အသိဉာဏ်ကင်းမဲ့ပြီး ကွန်ဒုံး မသုံးဘဲ ကာမစပ်ယှက်ခြင်းကြောင့် HIV ရောဂါပိုးများ ပို၍ ကူးစက်နိုင်ပါသည်။

    ကိုကင်းများ

    ကိုကင်း သုံးစွဲသူများသည် အင်အားပြည့်ဝသလို ခံစားရနိုင်ပါသည်။ ထိုကဲ့သို့ ခံစားမှုမျိုးကို ကြိုက်သောကြောင့် အငမ်းမရ တောင်းဆိုလာကြသည်။ ထိုသို့ အလွဲသုံးစား ပြုလုပ်မှုကြောင့် ရောဂါပိုး ပို၍ ဝင်နိုင်သကဲ့သို့ မိမိ၏ အမူအကျင့်များလည်း ပြောင်းလဲသွားနိုင်ပါသည်။ ဥပမာ -လိင်ဆက်ဆံဖော် များပြားခြင်း၊ အမြဲတစေ ကွန်ဒုံး မသုံးခြင်း၊ ကာမစိတ် လွန်ကဲခြင်းတို့ ဖြစ်ပါသည်။

    မက်သာဖက်တမင်းသည်လည်း လိင်ဆက်ဆံဖော် များပြားခြင်း၊ ကာမစိတ် လွန်ကဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ထိုဆေးသည် စွဲတတ်ပါသည်။ နောက်ပိုင်းတွင် အကြောထဲထည့်၍ သုံးစွဲလာကြပါသည်။ ထို့အပြင် ထိုဆေးသည် အမျိုးသား လိင်အင်္ဂါ၊ စအိုနှင့် ယောနိရှိ အရေပြားကို ခြောက်သွေ့စေပါသည်။

    ထိုသို့ ခြောက်သွေ့ခြင်းကြောင့် လိင်ဆက်ဆံလျှင် လိင်အင်္ဂါများ ပေါက်ပြဲနိုင်ပြီး ရောဂါပိုးဝင်ရန် ပို၍ အခွင့်အလမ်း များပါသည်။ မိန်းမလျှာများနှင့် နှစ်ဖက်ချွန် အမျိုးသားများသည် စိတ်ကြွဆေးများသုံး၍ စအိုသို့ လိင်ဆက်ဆံမှု ပြုလုပ်သောကြောင့် ထိုနေရာမှ ရောဂါပိုး ဝင်နိုင်ပါသည်။

    ရှူဆေးများ

    နိုက်တရိတ် ရှူဆေးများသည်လည်း ကြာကြာရှူပါက လိင်စိတ် တက်ကြွခြင်း၊ တရားမဝင် ဆေးသုံးစွဲခြင်း၊ အမျိုးသားချင်း လိင်ဆက်ဆံခြင်း၊ တခြား အမျိုးသမီးများနှင့် ဆက်ဆံခြင်းတို့နှင့် ပတ်သက်၍လည်း ရောဂါများ ဝင်နိုင်ပါသည်။ ဥပမာ – ကာမစိတ် လှုံ့ဆော်ခြင်း၊ စအိုပတ်လည်ရှိ ကြွက်သားကို ဖြေလျော့ပေးခြင်းဖြင့် ကာကွယ်မှုကင်းသော ကာမစပ်ယှက်မှု ပိုများစေပါသည်။

    တခြားသော ဆေးများလည်း ရှိပါသေးသည်။

    ကလပ်ဆေးဟု ခေါ်သော Ecstasy, ketamine, GHB နှင့် poppers သည်လည်း သုံးလျှင် မိမိတို့၏ ဆင်ခြင်တုံ တရားကို လျော့နည်းစေပြီး ကာမစပ်ယှက်ခြင်း၊ တားမြစ်ဆေးများ သုံးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းများသည် HIV ရောဂါပိုး ဖြစ်ပွားမှုကို ပို၍မြင့်မားစေပါသည်။ မိမိတွင် ထိုရောဂါရှိလျှင်လည်း တခြားသော သူများကို ကူးစက်နိုင်ခြေများပါသည်။

    နိုင်ထရိတ် ရှူဆေး သုံးခြင်းသည်လည်း HIV ရောဂါဖြစ်ပွားနိုင်ခြေ များပြားနိုင်ပါသည်။ ထိုဆေးသည် စအိုပတ်လည်ရှိ ကြွက်သားများကို လျော့ကျစေသည့် အတွက် စအိုတွင်း လိင်ဆက်ဆံသည့် အချိန်တွင် အသုံးပြုကြပါသည်။ ကာမစိတ် လှုံ့ဆော်ခြင်း စအိုပတ်လည်ရှိ ကြွက်သားကို ဖြေလျော့ပေးခြင်းဖြင့် ကာကွယ်မှုကင်းသော ကာမစပ်ယှက်မှု ပိုများစေပါသည်။

    HIV ရောဂါပိုးရှိသူသည် ကိုယ်ခံအား ကျဆင်းနိုင်ပါသည်။ အကောင်းဆုံး ကာကွယ်နည်းမှာ ဆေးပုံမှန် သောက်သုံး၍ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးရန် ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement