backup og meta

သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)

    သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) အကြောင်း လေ့လာလိုက်ရအောင်နော်။

    သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)

    သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) ဆိုတာကို လေ့လာလိုက်စို့နော်။

    Viral Load ဆိုတာ ဘာလဲ။

    HIV ပိုးရှိတဲ့သူတွေမှာ သူတို့သောက်နေတဲ့ ဆေးဝါးတွေကို တုံ့ပြန်ခြင်းရှိမရှိ၊ သွေးထဲမှာ ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲ၊ ရောဂါအခြေအနေ စတာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်ကြည့်ရပါတယ်။ ဒီလိုစစ်ဆေးခြင်းကို HIV Viral Load တစ်နည်းအားဖြင့် သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးကောင်ရေနည်းလေလေ HIV ပိုးရှိသူတွေအတွက် အခြေအနေကောင်းလေလေပါပဲ။ ဒါကြောင့်လည်း HIV ပိုးထိန်းဆေးကို သောက်ပြီး ၆လပြည့်တာနဲ့ သွေးထဲက ပိုးကောင်ရေပမာဏကို အမြဲစစ်နေဖို့ အရေးကြီးပါတယ်။

    CD4 ဆဲလ် ပမာဏစစ်ဆေးခြင်း

    ဒါကတော့ HIV ပိုး ရှိတယ်လို့ စစချင်း ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ထဲမှာ ရှိတဲ့ CD4 ဆဲလ်ပမာဏ ဘယ်လောက်ရှိလဲဆိုတာကို သွေးဖောက်ပြီး စစ်ဆေးတာပဲ ဖြစ်ပါတယ်။ CD4 ဆဲလ်ဆိုတာ ကျွန်တော်တို့ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ သွေးဖြူဆဲလ်တွေကို ပြောတာဖြစ်ပြီး ဒီဆဲလ်တွေက များလေလေ ကိုယ်ခံအားကောင်းလေလေ၊ တခြားရောဂါတွေ ဖြစ်ဖို့ အခွင့်အရေးနည်းသွားနိုင်ပါတယ်။ HIV ပိုးမရှိတဲ့သူတွေမှာ CD4 ဆဲလ် ပမာဏ ၅၀၀ ကနေ ၁၅၀၀ ကြား ရှိနိုင်ပြီး HIV ပိုးရှိသူတွေမှာတော့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အဲ့ထက် နည်းသွားနိုင်ပါတယ်။ CD4 ပမာဏက ၂၀၀ အောက်ရောက်နေပြီဆိုရင်တော့ တခြားရောဂါတွေဖြစ်ဖို့ အခွင့်အရေး အရမ်းများလာနေပြီဆိုတာကို ပြနေတာပါ။

    Viral Load ပမာဏကို စစ်ဆေးဖို့အတွက် ဘာလိုအပ်လဲ။

    အဓိကကတော့ သွေးဖောက်ထုတ်ပြီး စစ်ရမှာဖြစ်ပါတယ်။ ART ဆေးသောက်ပြီး ၆လလျှင် တစ်ကြိမ် သွေးဖောက်စစ်ဖို့ လိုပါတယ်။ သွေးရဲ့ ၁ မီလီလီတာမှာ ပိုးကောင်ရေပမာဏ ဘယ်လောက်ရှိနေလဲဆိုတာကို အနုကြည့်မှန်ပြောင်းနဲ့ ဓာတ်ခွဲခန်းမှာ စစ်ဆေးရပါတယ်။ ပိုးကောင်ရေ နည်းနိုင်သမျှ နည်းနိုင်ဖို့အတွက် ART ဆေးကို နေ့တိုင်းအချိန်မှန် မပျက်မကွက်သောက်ဖို့ လိုအပ်သလို ကိုယ့်ရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်မှုပုံစံ၊ လိင်မှုကိစ္စတွေအားလုံးကို ဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။

    Viral Load စစ်ဖို့ အချိန်ဘယ်လောက် ကြာတတ်လဲ။

    ကိုယ်ပြတဲ့ ဆေးခန်းပေါ် မူတည်ပါတယ်။ အဖြေထွက်ပြီဆိုတာနဲ့ ချိတ်ပိတ်စာအိတ်ထဲ သိမ်းထားမှာဖြစ်ပြီး လူနာကိုယ်တိုင် ဆေးခန်းလာပြတဲ့အချိန်မှသာ ဆရာဝန်က ဒါကို ဖောက်ပြပြီး အဖြေကို ပြောပြမှာ ဖြစ်ပါတယ်။ ပိုးကောင်ရေပမာဏက အရင်တစ်ခေါက်ကထက် နည်းလာတိုင်း ကိုယ်သောက်နေတဲ့ ဆေးက အာနိသင်ပြနေတယ်၊ ဆေးကို မှန်မှန်သောက်တယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

    ပိုးကောင်ရေက များနေသေးတယ်၊ မကျသွားဘူးဆိုရင်တော့ သောက်နေတဲ့ ဆေးက ကိုယ်နဲ့ ဆေးမတိုးတာဖြစ်စေ၊ ကိုယ်က ဆေးကို အချိန်မှန်သေချာမသောက်တာဖြစ်စေ၊ ဒါမှမဟုတ် တခြားလိင်မှုကိစ္စကြောင့် ပိုးအသစ်တွေ ကူးစက်ခံရတာလားဆိုတာ ပြန်ပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။

    ပိုးကောင်ရေ လုံးဝမရှိတော့တာရော ဖြစ်နိုင်လား။

    သွေးထဲမှာ လုံးဝမရှိတော့တာတော့ မဟုတ်ပါဘူး။ စက်က စစ်နိုင်တဲ့ ပမာဏအောက်ကို ရောက်သွားတာပါ။ ဒါကို Undetectable Stage လို့လည်း ခေါ်ပါတယ်။  ပိုးကောင်ရေရှာဖွေတဲ့စက်ပေါ် မူတည်ပြီး အကောင်ရေ ၂၀ အောက်၊ ၅၀ အောက်၊ ၁၀၀ အောက်ရောက်သွားတဲ့အခါ စက်က ပိုးကောင်ရေ မရှိတော့ဘူးဆိုတဲ့ အဖြေကို ပြပါတယ်။ ဒီအဆင့်မှာတော့ ကိုယ့်ဆီကနေ တခြားတစ်ယောက်ဆီကို HIV ပိုး ကူးစက်နိုင်ဖို့ အခွင့်အရေး  နည်းသွားပါတယ်။ ဒီအဆင့်ကို ဆက်လက်ထိန်းထားဖို့ ART ဆေးကို ထုံးစံအချိန်အတိုင်းပဲ မပျက်မကွက်သောက်နေဖို့တော့ လိုမှာပါ။

    HIV ရှိနေတဲ့ အိမ်ထောင်ရှင်တွေ ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင်ရော။

    အမျိုးသားမှာ ဖြစ်စေ၊ အမျိုးသမီးမှာဖြစ်စေ၊ HIV ပိုးရှိတယ်၊ ကလေးလည်း မွေးဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ART ဆေးကို မပျက်မကွက်သောက်နေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ မိခင်လောင်းတွေမှာ HIV ပိုးရှိတဲ့အခါ သားဖွားမီးယပ်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးတွေ၊ ART ဆေးကို သေချာသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတာ မိခင်ရဲ့ ကိုယ်ခန္ဓာထဲမှာ သန္ဓေတည်ရတာဖြစ်တဲ့အတွက် မိခင်မှာ ပိုးရှိနေရင် ဗိုက်ထဲက သန္ဓေသားကိုပါ ကူးစက်နိုင်ခြေရှိတဲ့အတွက်ပါ။

    ဒီဆောင်းပါးလေးကို ဖတ်ခြင်းဖြင့် HIV ပိုးရှိနေတဲ့သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရောဂါ အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးသုံးဖို့ကို ဘယ်တော့မှ မမေ့ဖို့တော့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement