backup og meta

မေးလေ့မေးထရှိသော နှလုံးရောဂါနှင့် ကိုယ်ဝန်တို့ ဆက်စပ်သည့်အကြောင်း


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေးလေ့မေးထရှိသော နှလုံးရောဂါနှင့် ကိုယ်ဝန်တို့ ဆက်စပ်သည့်အကြောင်း

    နှလုံးရောဂါရှိသော အမျိုးသမီးများသည် ကိုယ်ဝန် မဆောင်နိုင်ပါဟု လွဲမှားသော အယူအဆများ ရှိကြပါသည်။ အမှန်မှာ ထိုရောဂါသည် ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ထိန်းချုပ်နိုင်သော ရောဂါဖြစ်ပါသည်။ နှလုံးရောဂါသည် ကိုယ်ဝန်ဆောင်လျှင် သိသင့်သည်များကို ဖော်ပြပါမည်။

    ကိုယ်ဝန်ဆောင်ခြင်းသည် မိမိနှလုံးကို မည်သို့ အကျိုးသက်ရောက်စေနိုင်သနည်း။

    ကိုယ်ဝန်ဆောင်ချိန်တွင် မိမိ၏နှလုံးသည် တခြားသော အစိတ်အပိုင်းများသို့ ပုံမှန်ထက် ၄ဝ ရာခိုင်နှုန်းပို၍ သွေးလွှတ်ပေးသည်။ ထို့ကြောင့် မိမိနှလုံးမှာ ပို၍ အလုပ်လုပ်ရသည်။ သွေးကြောများသည် လိုအပ်သော သွေးများကို ပို့လွှတ်ပေးရန် သူတို့၏ အပေါက်များကို ကျယ်လိုက်ကြသည်။ ထို့ကြောင့် သွေးပေါင်ကျရခြင်း ဖြစ်ပါသည်။ သွေးသည် ခဲလာနိုင်ပါသည်။ ထိုသည်မှာလည်း ကလေးမွေးစဉ်တွင် သွေးသွန်ခြင်းမှ ကာကွယ်ရန် သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ပုံမှန်နှလုံးမှာ ထိုကဲ့သို့ ဖြစ်စဉ်ကို ထိန်းနိုင်သော်လည်း ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုမှာ အတော်ပင် များပါသည်။

    ကိုယ်ဝန်ဆောင်ရန် မည်သည်များ ကြိုတင်ပြင်ဆင်ရမည်နည်း။

    ဖြစ်နိုင်လျှင် ကြိုတင်ပြင်ဆင်ပါ။ မိမိသည် ကိုယ်ဝန်ဆောင်ရန် စိတ်ကူးရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ထားပါ။ နှလုံးရောဂါရှင်များအဖို့ အဓိက စဉ်းစားသင့်သည်မှာ မိမိကိုယ်ဝန်ဆောင်စဉ်အတွင်း မိမိ၏နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်နိုင်၊ မလုပ်နိုင်ပင် ဖြစ်ပါသည်။ မိမိသည် ထိုလုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်လျှင် ကလေးမွေးရန် မခက်ခဲလှပါ။ သို့သော် မလုပ်ဆောင်နိုင်ပါက မိမိ၏ ဆရာဝန်သည် ကိုယ်ဝန်ဆောင်သင့်၊ မဆောင်သင့်ကို ပြောကြားပါလိမ့်မည်။

    ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။

    အများစုမှာ နှလုံးရောဂါ ရှိသော်လည်း ကိုယ်ဝန်ဆောင်နိုင်ပါသည်။ သို့သော် အောက်ဖော်ပြပါ အချက်များရှိလျှင် ဂရုစိုက်ရပါမည်။

    • နှလုံးခုန်နှုန်း မြန်ခြင်း

    • နှလုံးတွင် အက်သံကြားခြင်း

    • သွေးတိုးရှိခြင်း

    • အဆို့ရှင် မလုံခြင်းတို့ ဖြစ်ပါသည်။

    ထိုရောဂါများသည် ကိုယ်ဝန်ဆောင်ရန် လုံးဝမသင့်လျော်သော အချက်များ မဟုတ်သော်လည်း ဆရာဝန်နှင့် တိုင်ပင်ထားသင့်ပါသည်။ ထို့အပြင်

    • အဆို့ရှင် အတုထည့်ခြင်း

    • အဆို့ရှင် ကျဉ်းခြင်း

    • နှလုံးကြွက်သားကြီးခြင်း

    • နှလုံးကြွက်သားကျယ်ခြင်း

    • ကလေးမမွေးမီ နှလုံးကြွက်သား ကျယ်ခြင်း

    • နေ့စဉ် လုပ်ငန်းဆောင်တာများအထိ မလုပ်နိုင်သော နှလုံးရောဂါများမှာ ကိုယ်ဝန်မဆောင်သင့်သော ရောဂါများဖြစ်ပါသည်။

    တချို့သော နှလုံးရောဂါ အမျိုးအစားများမှာ ကိုယ်ဝန်လုံးဝ မဆောင်သင့်သော ရောဂါများ ဖြစ်ပါသည်။

    • ယခင်တွင် နှလုံးဖောက်ဖူးခြင်း

    • နှလုံး အကန့်မပါခြင်းကြောင့် သွေးများ ပြောင်းပြန်စီး၍ သွေးပေါင်ချိန် တက်ခြင်း

    • သွေးကြောမကြီးမှာ အဆမတန် ကျဉ်းခြင်းတို့ ဖြစ်ပါသည်။

    မည်သို့ ကုသမည်နည်း။

    ကိုယ်ဝန်ဆောင်စဉ် သောက်သုံးသော ဆေးများသည် မိမိကလေးကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကောင်းကျိုးနှင့် ဆိုးကျိုးကို ယှဉ်တွဲကြည့်ရပါမည်။ သို့သော် နှလုံးရောဂါကို ထိန်းချုပ်ရန် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဆေးပမာဏချိန်ကာ သောက်သုံးနိုင်ပါသည်။ ညွှန်ကြားသည့်အတိုင်း သောက်သုံးရပါမည်။ မိမိကိုယ်တိုင် ဆေးပမာဏ ချိန်ညှိခြင်း မပြုလုပ်ပါနှင့်။

    နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်အောင် မည်သို့ ကာကွယ်မည်နည်း။

    မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည် မိမိ ကလေးအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

    • ပုံမှန်ဆေးစစ်ချက် ရယူပါ။

    • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ပါ။

    • သေချာစွာ အနားယူပါ။

    • ကိုယ်အလေးချိန် ထိန်းသိမ်းပါ။

    • စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပါ။

    • ဆေးလိပ် အရက်နှင့် တရားမဝင် ဆေးသုံးခြင်းမှ ရှောင်ကြဉ်ပါ။

    ထို့ကြောင့် မိမိ ကိုယ်ဝန်ဆောင် နေစဉ်အတွင်း ပြောင်းလဲမှုများကို လေ့လာပါ။ နှလုံးကြောင့် ကိုယ်ဝန်သည် အန္တရာယ် ဖြစ်နိုင်သော အခြေအနေမှာ လွန်စွာရှားပါးပါသည်။ နှလုံးရောဂါအတွက် အန္တရာယ်ရှိသော ကိုယ်ဝန်သည်များသည် ကိုယ်ဝန်မဆောင်မီမှ စတင်၍ ဆရာဝန်၏ အကြံဉာဏ်ကို ရယူပါ။ သေချာစွာဂရုစိုက်၍ ကျန်းမာသောကိုယ်ဝန်သည်ဖြစ်အောင် နေထိုင်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement