backup og meta

နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ

    သင့်နှလုံးအတွက် အထောက်အကူပြုတဲ့ အရာတွေဟာ သင့်ဦးနှောက်ကိုလည်း အထောက်အကူပြုပါတယ်။ သင့်နှလုံးကို ကျန်းမာစေတဲ့ လူနေမှုဘဝပုံစံဟာ ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေမှာ ကြီးမားတဲ့ ကွာခြားချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

    တကယ်တော့ လေ့ကျင့်ခန်းအများကြီး လုပ်ခြင်း၊ ကျန်းမာတဲ့အစာတွေ စားခြင်းနဲ့ သင့်နှလုံးကို သန်မာစေတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းဟာ သင်တွေးခေါ်ပုံ၊ လုပ်ကိုင်ပုံနဲ့ မှတ်ဉာဏ်တွေပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိပါတယ်။

    ကျန်းမာတဲ့ နှလုံး

    လူတွေရဲ့နှလုံးဟာ ခန္ဓါကိုယ်မှာ အရေးအကြီးဆုံး ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ် အနှံအပြားကို ရောက်ရှိစေမယ့်သွေးတွေကို ညှစ်ထုတ်ဖို့ ပြင်းထန်စွာ ကြိုးစားရပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် နားနေတဲ့သူတွေမှာ နှလုံးဟာ တစ်မိနစ်ကို အကြိမ် ၇၀ ခုန်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ချိန် (သို့) စိတ်လှုပ်ရှားချိန်တို့မှာ ပိုမို ခုန်နိုင်ပါတယ်။ နှလုံးတစ်ခါ ခုန်လိုက်တိုင်းမှာ ခန္ဓါကိုယ်အနှံ့ကို သွေးတွေညှစ်ထုတ်ပေးပါတယ်။ နှလုံး ဘယ်ဘက်အခန်းကနေညှစ်ထုတ်လိုက်ပြီး ပိုမိုသေးငယ်လာတဲ့ သွေးကြောတွေကတစ်ဆင့် အသေးငယ်ဆုံးသော သွေးကြောမျှင်လေးတွေဆီကို ရောက်ရှိလာပါတယ်။ ခန္ဓါကိုယ်က အောက်ဆီဂျင်နဲ့ အာဟာရကို သွေးတွေဆီက ယူပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ သွေးပြန်ကြောတွေတစ်ဆင့် နှလုံးရဲ့ ညာဖက်အခန်းဆီကို ပြန်ရောက်လာပါတယ်။ အပြန်ခရီးမှာ သွေးတွေဟာ အသည်းကို ဖြတ်သန်းလာပြီး မလိုအပ်တဲ့ အရာတွေကို စွန့်ထုတ်ပစ်ပါတယ်။ ဒီ အာဟာရတွေ စုဆောင်းမှုနဲ့ စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ပစ်တဲ့ ဖြစ်စဉ်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သန့်စင်ပြီး ကျန်းမာတဲ့ သွေးလည်ပတ်မှုဟာ သင့်နှလုံးကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်လို့ ဖြစ်ပါတယ်။

    ကျန်းမာတဲ့ ဦးနှောက်

    ဦးနှောက်ဟာ ကိုယ်ခန္ဓါရဲ့ အရှုပ်ထွေးဆုံးနဲ့ အထူးဆန်းဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သူဟာ သင့်ရဲ့ ဉာဏ်နဲ့ ပြုလုပ်ရတဲ့ အလုပ်တွေဖြစ်တဲ့ အတွေးတွေ၊ စကားပြောနိုင်စွမ်းတွေနဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ရုံသာမက တခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေရဲ့ စိတ်ထိန်းချုပ်မှု မပါပဲ အလိုအလျောက်ပြုလုပ်ရတဲ့ လုပ်ငန်းတွေကိုလည်း ထိန်းချုပ်ပါတယ်။ သူ့ရဲ့ အဓိက ထိန်းချုပ်မှုကြောင့် ဦးနှောက်ဟာ ပတ်ဝန်းကျင်မှာ ပြောင်းလဲမှု ရှိရင် ခန္ဓါကိုယ်ရဲ့ လှုပ်ရှားမှုတွေကို အလျင်အမြန် ပြောင်းလဲ ပေးပါတယ်။ နှလုံးလိုမျိုးပဲ ဦးနှောက်ဟာလည်း ကျန်းမာတဲ့ သွေး ထောက်ပံ့မှု လိုအပ်ပါတယ်။ သူ့အတွက် လိုအပ်တဲ့ သွေးတွေကို လည်ပင်းရဲ့ တစ်ဖက်တစ်ချက်ကနေ ဖြာဆင်းသွားပြီး နှလုံးကို ဆက်သွယ်တဲ့ ကြီးမားတဲ့ သွေးကြော နှစ်ခုကနေ ရရှိပါတယ်။ ထိုသွေးကြောတွေကနေ ဦးနှောက်အတွင်းသွေးကြောများ (cerebral arteries) အဖြစ် ဖြာဆင်းသွားပြီး အာဟာရ ကြွယ်ဝတဲ့ သွေးတွေကို နှလုံးကနေ ဦးနှောက်နေရာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ ထိုသွေးကြောနှစ်ခုရဲ့ တစ်နေရာရာမှာ ပိတ်ဆို့မှု ရှိနေခဲ့ရင် ဦးနှောက်ရော နှလုံးရောနဲ့ပါသက်ဆိုင်တဲ့ လေဖြတ်ခြင်းဆိုတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

    ကျန်းမာတဲ့ နှလုံးဟာ ကျန်းမာတဲ့ ဦးနှောက်နဲ့ ညီမျှပါတယ်။

    သုတေသီတွေဟာ လူမျိုးစု အမျိုးစုံပါဝင်တဲ့ လူကြီးတွေကို လေ့လာခဲ့ကြရာမှာ လေ့လာချက်အစမှာ နှလုံးဆိုင်ရာ ကျန်းမာတဲ့ အချက်အလက်ပိုရှိသူတွေဟာ ဦးနှောက် လုပ်ဆောင်နိုင်တဲ့ နှုန်း ပိုမြင့်မားပြီး ခြောက်နှစ်အကြာမှာ ဦးနှောက်ချို့ယွင်းနိုင်စွမ်းလည်း နည်းပါးကြတယ်လို့ ဆိုပါတယ်။

    သုတေသီတွေဟာ

    • နှလုံးသွေးကြောဆိုင်ရာ ကျန်းမာတဲ့ အချက်ပိုမိုရှိခြင်းဟာ စစချင်းလေ့လာစဉ်မှာ ဦးနှောက် ဆောင်ရွက်နှုန်း ပိုမိုမြင့်မားခြင်းနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။
    • ဒီဆက်နွယ်မှုဟာ ဆေးလိပ်မသောက်သူ၊ သွေးတွင်း အချိုဓါတ် ပုံမှန်ဖြစ်သူနဲ့ ကိုယ်အလေးချိန် ပုံမှန်ဖြစ်သူတို့မှာ အများဆုံးဖြစ်တာ တွေ့ရပါတယ်။
    • နှလုံးသွေးကြောဆိုင်ရာ ကျန်းမာတဲ့ အချက်ပိုမိုရှိခြင်းဟာ အချိန်ကြာလာတဲ့အမျှ ဦးနှောက်ဆောင်ရွက်နှုန်း၊ မှတ်ဉာဏ်၊ စီမံခန့်ခွဲတတ်တဲ့ စွမ်းရည်တို့ ကျဆင်းခြင်းကို လျော့နည်းစေပါတယ်။ ဦးနှောက်ရဲ့ စီမံခန့်ခွဲတတ်တဲ့ စွမ်းရည်ဟာ အာရုံစူးစိုက်ခြင်း၊ အချိန်ဖြင့် စီမံခန့်ခွဲနိုင်ခြင်းနဲ့ အခြား သိမြင်တတ်သော ကျွမ်းကျင်မှုတွေနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement