backup og meta

အနာကိုသေချာဂရုမစိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်စရာနောက်ဆက်တွဲဆိုးကျိုးများ။


Aye Thi Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကိုသေချာဂရုမစိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်စရာနောက်ဆက်တွဲဆိုးကျိုးများ။

    အနာ၊ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာကုတ်ခြစ်ဒဏ်ရာပြတ်ရှဒဏ်ရာ အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အသေးစားကျန်းမာရေးပြဿနာပါ။ သွားရင်းလာရင်းဖြစ်နိုင်သလို အိမ်မှာနေရင်း အိမ်မှုကိစ္စတွေလုပ်ရင်းနဲ့တောင်ဖြစ်နိုင်ပါတယ်။ ဒီရှောင်လွှဲဖို့ခက်တဲ့ အသေးစားကျန်းမာရေးပြဿနာလေးတွေက သတိလက်လွတ်ထားလိုက်မိတဲ့အခါမျိုးဆိုရင် အထိတ်တလန့်ဖြစ်စေမယ့်နောက်ဆက်တွဲပြဿနာတွေကို ယူဆောင်လာတတ်ပါတယ်။

    ထိခိုက်ရှနာ

    အနာဖြစ်တယ်၊ ထိခိုက်ရှနာဖြစ်တယ်ဆိုတာက ခန္ဓါကိုယ်ရဲ့ရှေ့တန်းခံစစ်ကျိုးပျက်သွားတာပါ။ အရေပြားပေါက်ပြဲသွားပြီဆိုမှတော့ ခန္ဓါကိုယ်ထဲကို ဘက်တီးရီးယားတွေက ဝင်ချင်သလိုဝင်ခွင့်ရသွားပြီပေါ့။ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်ထဲကို ဝင်ပြီးသွားရင် ဒီအတိုင်းပြန်ထွက်မသွားပါဘူး။ ထင်တိုင်းကြဲပြီးမှ ထွက်သွားကြတာပါ။ ဒီအခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီပေါ့။ ဒီတော့ အနာထဲကိုပြင်ပက ဘက်တီးရီးယားတွေဝင်မလာအောင်သေချာဂရုစိုက်ဖို့လိုပါမယ်။

    အနာတရဖြစ်လာရင်

    ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့ ထိခိုဒဏ်ရာတွေရလာပြီဆိုရင် ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပါနော်။

    အနာကိုသေချာဆေးကြောပေးပါ – ထိခိုက်ဒဏ်ရာရပြီဆိုရင် အနာကိုရေသန့်သန့်နဲ့ သန့်စင်ဆေးကြောပေးပါ။

    အနာကိုခြောက်အောင်သုတ်ပါ – အနာဆေးကြောပြီးရင် ဂွမ်းစသန့်သန့်လေးနဲ့ခြောက်အောင်သုတ်ပါ။

    သွေးတိတ်အောင်လုပ်ပါ – အနာပေါ်ကို ပတ်တီးစသန့်သန့်လေး ဒါမှမဟုတ် အဝစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပါ။

    အနာကို ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးပါ – အနာကိုသန့်စင်ဆေးကြောပြီးရင် အနာပိုးမဝင်အောင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးရပါမယ်။ Antiseptic Solution ကဆိုရင် အနာထဲကိုပိုးမဝင်အောင်ကာကွယ်ပေးပြီး အနာကျက်မြန်အောင်လည်း အထောက်အကူပြုပေးပါတယ်။ အနာရင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်လို့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တစ်နိုင်ငံလုံး အသုံးပြုနေတဲ့ စိတ်ချယုံကြည်ရတဲ့တံဆိပ်တစ်မျိုးလည်းဖြစ်ပါတယ်။

    အနာကို ကာကွယ်ပေးပါ – အနာကိုဆေးကြောသန့်စင်၊သွေးတိတ်အောင်လုပ်ပြီးပြီ။ဆေးလည်းထည့်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်က အနာကို ပလာစတာကပ်တာ၊ ဒါမှမဟုတ် ပတ်တီးစည်းတာမျိုးလုပ်ပေးဖို့ပါ။ ဒါမှ အနာကိုအမာရွတ်ကင်းကင်းနဲ့အနာကျက်စေမှာပါ။

    အနာကိုနေ့စဉ်စစ်ဆေးပေးပါ – အနာကိုတစ်နေ့နှစ်ကြိမ်ပုံမှန်စစ်ဆေးပေးပါ။ ပလာစတာတွေ၊ ပတ်တီးတွေရေစိုသွားခဲ့ရင်ဖြစ်ဖြစ် ညစ်ပေနေရင်ဖြစ်ဖြစ် ချက်ချင်းလဲပေးပါ။

    အနာကိုသေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ

    အနာဖြစ်ရင် ကြီးကြီးသေးသေးသေချာဂရုစိုက်ဖို့လိုပါမယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ အမှိုက်ကစပြသာဒ်မီးလောင်ဆိုသလိုပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပြဿနာတွေလည်း သိပ်မကြီးလောက်တာကိုဖြဲခြောက်တယ်ထင်နေတာလား။

    အနာကိုသေချာဂရုမစိုက်တဲ့အခါ အနာထဲကိုမေးခိုင်ပိုးဝင်တာ။ အနာရင်းပြီး အဖျားတက်တာ၊ အဆိုးဆုံးကတော့ အနာမကျက်ဘဲ ခြေလက်ဖြတ်ရတာမျိုးအထိပြင်းထန်နိုင်ပါတယ်နော်။ ထိခိုက်ဒဏ်ရာရလာပြီဆိုရင် အနာကိုဖြစ်သလို မထားဘဲသေချာလေးဂရုစိုက်ပေးပါနော်။ အနာသန့်ရှင်းမှုအားနည်းတဲ့အခါ အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေပိုများသလို အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ခြေတော်တော်လေးများသွားနိုင်တာကြောင့်ပါ။ ဆီးချိုဝေဒနာရှိသူတွေမှာဆိုရင်ခြေထောက်တွေမှာ အနာဖြစ်ခဲ့ရင်ဖြတ်တောက်ရတာမျိုးမဖြစ်စေဖို့အတွက်သေချာလေးဂရုစိုက်ဖို့လိုအပ်မှာပါ။ အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေထဲက တစ်ခု ပိုးဝင်ကူးစက်တဲ့အနာတွေက အနာကျက်တဲ့အခါ အမာရွတ်ကျန်ခဲ့တာများပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ထိခိုက်မိတဲ့တဝိုက်က တစ်ရှုးတွေပျက်စီးသွားတာကြောင့် အနာတဝိုက်ကသွေးကြောလေးတွေထိခိုက်ပျက်စီးပြီး အနာဆီကို သွေးစီးဆင်းရောက်ရှိမှုနည်းသွားတာကြောင့်လည်း အနာကျက်နှေးတာမျိုးဖြစ်နိုင်ပါတယ်။

    အနာပိုးဝင်ကူးစက်ရင် ဒီလိုလက္ခဏာတွေတွေ့ရတတ်ပါတယ်

    အနာတော်တော်များများကဆေးရုံဆေးခန်းသွားစရာမလိုဘဲနေအိမ်မှာတင် ဂရုစိုက်ရုံနဲ့ပျောက်ကင်းနိုင်တယ်ဆိုပေမယ့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့နောက်ဆက်တွဲပြဿနာတွေကိုရှောင်ဖို့ဆေးခန်းသွားသင့်တယ်လို့ တိုက်တွန်းပါရစေနော်။

    • အနာမှာပြည်တည်နေမယ်
    • ရောင်နေမယ်
    • အနာကနွေးနေမယ်
    • အနာက အနံ့ဆိုးဖြစ်နေမယ်
    • အနာက မကျက်ဘဲဖြစ်နေမယ်
    • အဖျားက ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်ဆိုရင်တော့ အနာကပိုးဝင်ကူးစက်နေတာဖြစ်နိုင်ပါတယ်။

    အခုပြောခဲ့တဲ့ပြဿနာတွေကနေ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့နေအိမ်မှာ Antisepticဆေးရည်၊ ဂွမ်း၊ ပလာစတာ၊ ပတ်တီးလေးတွေ အသင့်ဆောင်ထားပြီးသေချာလေးဂရုစိုက်ပေးလိုက်ပါ။ အနာကြောင့်ဖြစ်တဲ့ ကြောက်စရာနောက်ဆက်တွဲပြဿနာတွေကိုရှောင်ရှားနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement