backup og meta

ကျောက်ပတ်တီးစည်းထားရချိန် ဆင်ခြင်သင့်တဲ့ (၈) ချက်


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ပတ်တီးစည်းထားရချိန် ဆင်ခြင်သင့်တဲ့ (၈) ချက်

    နည်းနည်းပါးပါးထိခိုက်တာလောက်က ကိစ္စမရှိပေမယ့် အရိုးကျိုးပြီဆိုရင်တော့ ဒဏ်ရာကို ကာကွယ်ဖို့ကျောက်ပတ်တီးစည်းရနိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုး ပလာစတာပတ်တီးတွေလို ချက်ချင်းအသစ်လဲလို့မရ၊ ချွတ်လို့မရဘဲ အချိန်ကြာကြာပတ်စည်းထားရမယ့်အရာမို့ ပိုဂရုစိုက်ရပါတယ်။

    ကျောက်ပတ်တီးဆိုတာ ထိခိုက်ထားတဲ့ ခြေထောက် သို့မဟုတ် လက်ကို မလှုပ်ရှားဖြစ်အောင် အထိန်းအနေနဲ့ ကျပ်စည်းရတာဖြစ်ပါတယ်။Plaster casts နဲ့Fiberglass castsဆိုပြီးကျောက်ပတ်တီးနှစ်မျိုးရှိပါတယ်။Plaster castsတွေကFiberglass castsတွေနဲ့ ယှဉ်ရင်ဈေးပိုသက်သာပေမယ့်Fiberglass casts က ပိုပေါ့ပါးပြီး တာရှည်ပိုခံတယ်။ ဓါတ်မှန်ရိုက်မယ်ဆိုလည်းဖောက်ထွင်းမြင်ရတာပိုကောင်းတယ်။

    ကျောက်ပတ်တီးစည်းပြီးရင် ဘာတွေဂရုစိုက်ရမလဲ

    (၁) ကျောက်ပတ်တီးပေါ်မှာ မဖိမိအောင်၊ မလေးလံစေအောင် သတိထားပါ။

    (၂) ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ကျောက်ပတ်တီးကိုရေစိုလို့မရပါဘူး။ ဒါပေမယ့်ရေချိုးတဲ့အခါကျ ပလတ်စတစ်နဲ့သေချာဖုံးအုပ်စည်းနှောင်တာ ဒါမှမဟုတ် ဒဏ်ရာရှိတဲ့ခြေ/လက်ကို ခပ်မြင့်မြင့်တစ်နေရာမှာလှမ်းတင်ထားတာမျိုး ကြိုးစားကြည့်ပါ။

    (၃) ကျောက်ပတ်တီးအောက်က အရေပြားမှာ ယားယံတာေတွဖြစ်လာနိုင်ပါတယ်။ အယားပြေအောင် တစ်ခုခုနဲ့အလွယ်ထိုးကုတ်တာမျိုး(ဥပမာ ချွန်ထက်တဲ့အရာတစ်ခုခု) မလုပ်ပါနဲ့။ မနေနိုင်အောင်ဖြစ်လာရင် ဆရာဝန်ကိုတိုင်ပင်ပြီး အကြံဉာဏ်တောင်းပါ။

    (၄) ပတ်တီးစည်းထားတဲ့ခြေ သို့မဟုတ် လက်ရဲ့ခြေချောင်း၊လက်ချောင်းတွေကို လှုပ်ရှားစေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးပါ။သွေးလည်ပတ်မှုကောင်းစေဖို့ ဒါလည်းအရေးကြီးပါတယ်။

    (၅) ရောင်ရမ်းနေတယ်ဆိုကျောက်ပတ်တီးအပေါ်ကနေ ၁၅ မိနစ်၊ မိနစ် ၂၀လောက်ရေခဲကပ်လို့ရပါတယ်။ ပတ်တီးကိုမစိုအောင်တော့ရေခဲကို ပလတ်စတစ်အိတ်နဲ့ထည့်ဖို့မမေ့ပါနဲ့။

    (၆) ဒဏ်ရာကနေ အနံ့တစ်ခုခုထွက်လာရင် ဒါမှမဟုတ် ထူးခြားတဲ့လက္ခဏာတစ်ခုခုရှိလာရင်ဆေးရုံပြန်ပြပါ။ ပတ်တီးအောက်မှာချွေး သို့မဟုတ် စိုစွတ်မှုကြောင့် မှို သို့မဟုတ် စိုထိုင်းမှုတွေဖြစ်နေနိုင်ပါတယ်။ အရေပြားက စိုနေတာ ကြာလာရင်ပေါက်ပြဲတာပိုးဝင်တာေတွဖြစ်လာနိုင်ပါတယ်။

    (၇) ပတ်တီးရဲ့အစွန်းတွေကို ကိုယ့်သဘောနဲ့ကိုယ်ဖြတ်ထုတ်တာ၊ တိတာတွေမလုပ်ပါနဲ့။ ပုံစံပျက်ယွင်းသွားနိုင်ပါတယ်။

    (၈) ကျောက်ပတ်တီးကို ကိုယ့်သဘောနဲ့ကိုယ် မဖြည်ပါနဲ့။ ဆရာဝန်ရက်ချိန်း သွားပြတဲ့အခါ အချိန်ရောက်မှ ဖြည်ပေးပါလိမ့်မယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြန်ပြသင့်သလဲ

    တကယ်လို့

    • အနာရှိန်ကြောင့် အဖျားတက်လာရင်
    • ထိခိုက်ထားတဲ့ လက် သို့မဟုတ် ခြေထောက်က ထုံကျဉ်လာရင်၊ ပူလောင်သလိုခံစားရရင်၊ တင်းကျပ်မှုကိုခံစားရရင်
    • ပတ်တီးအောက်မှာ အနာလေးတွေဖြစ်လာရင်
    • နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုက ပိုဆိုးလာရင်
    • အရေပြားက အေးစက်၊ဖျော့တော့၊ ပြာနှမ်းလာရင်
    • ပတ်တီးအောက်မှာ အက်ကွဲတာ၊ အဖုလေးတွေရှိလာရင်
    • ကျောက်ပတ်တီးက သေချာမခြောက်ရင်
    • ပတ်တီးက အရမ်းတင်းကျပ်နေရင် ဒါမှမဟုတ် လျော့ရဲနေရင်
    • ပတ်တီးစည်းထားတဲ့တဝိုက် အရေပြားမှာ နီရဲနေရင်
    • ခြေချောင်း လက်ချောင်းတွေ လှုပ်ရှားရတာ အဆင်မပြေရင် ဆရာဝန်အမြန်ဆုံးပြန်ပြပါ။
    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement