backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အဆိပ်ဖြစ်စေသော ငါးတို့နှင့် ထိခိုက်မိခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆိပ်ဖြစ်စေသော ငါးတို့နှင့် ထိခိုက်မိခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဆိပ်ဖြစ်စေသော ငါးတို့နှင့် ထိခိုက်မိခြင်း ဆိုတာဘာလဲ

ဆူးချွန်ပါတဲ့ ငါးတွေဟာ သူတို့ရဲ့ ကျောဘက်က ဆူးမှာ အဆိပ်ပါတတ်ကြပါတယ်။ ငါးလိပ်ကျောက်တွေမှာဆိုရင် သူတို့ရဲ့ အမြီးမှာ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုတဲ့ အဆိပ်သင့်ဆူးချွန်တွေ ပါတတ်ပါတယ်။ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ပေါက်ပြဲဒဏ်ရတွေလည်း ရစေနိုင်ပါတယ်။

လက္ခဏာများ

ဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရတတ်သလဲ

အဲဒီရေသတ္တဝါတွေရဲ့ ဆူးတွေက နာကျင်မှုနဲ့ နီရဲမှုကို ဖြစ်စေပါတယ်။ အားနည်းလာခြင်း၊ ချွေးပြန်လာခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အကြောသေခြင်းနဲ့ ပြင်းထန်တဲ့အခြေအနေမျိုးတွေထိ ဖြစ်နိုင်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်လဲ

ကနဦးအနေနဲ့ လုပ်လို့ရတာတွေကတော့

ကံကောင်းစွာနဲ့ အဲဒီအဆိပ်တွေက အပူပေးပြီး ဖျက်ဆီးလို့ ရပါတယ် ပင်လယ်ရေနဲ့ ဆေးချခြင်းအားဖြင့်လည်း အဆိပ်ကို ဖြေလျော့စေပါတယ် အနာထဲမှာ ဆူးအစတွေ ကျန်နေခဲ့ရင် ဖယ်ရှားလိုက်ပါ အပူချိန် ၁၁၀-၁၁၄ ဖာရင်ဟိုက် (၄၃-၄၅ ဒီဂရီဆဲလ်စီးယပ်စ်)မှာ ရှိနေတဲ့ ရေနွေးထဲ ဖြစ်တဲ့နေရာကို မိနစ် ၃၀ ကြာ စိမ်ထားပါ။ ကလေးတွေကို အပူမလောင်မိစေဖို့တော့ သတိထားစေချင်ပါတယ်။ ရေပူတွေက ငါးရဲ့ အဆိပ်တွေကို ဖြေပေးပြီး နာကျင်မှုကို သက်သာစေပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းပြသင့်ပါသလဲ

ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ ထိခိုက်မိတဲ့ နေရာအပြင် တခြားနေရာတွေမှာပါ လက္ခဏာပြလာရင်

ငါးလိပ်ကျောက်နဲ့ ထိခိုက်မိပြီး အရေပြားကွဲသွားရင် ဆူးက ထုတ်ဖို့လိုအပ်ရင်

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ရမလဲ

သတိထားပါ

အကောင်းဆုံးကာကွယ်နည်းကတော့ ရေထဲမှာ နေထိုင်အလုပ်လုပ်ရှင်သန်တာကို ရှောင်ရှားနိုင်ဖို့ပါပဲ။ ကမ်းခြေတခုခုသွားမယ်ဆိုရင် ဂျယ်လီငါးနဲ့ တခြားအန္တရာယ်ရှိ ရေသတ္တဝါတွေအကြောင်း ကြော်ငြာထားတဲ့ဆိုင်းဘုတ်တွေကို သတိထားစောင့်ကြည့်ပါ။ ငါးဖမ်းလှေတွေနဲ့ ခပ်ဝေးဝေးနေပါ။ ကိုယ့်မှာ သွေးထွက်နေတာရှိရင် ရေထဲမဆင်းပါနဲ့။ သင့်သွေးက ဟိုးမိုင်အဝေးက ငါးမန်းတွေကို စွဲဆောင်နိုင်ပါတယ်။ တကယ်လို့ ငါးမန်းတွေကို မြင်ပြီဆိုလည်း ရေထဲက အမြန်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ တက်နိုင်အောင် ကြိုးစားပါ။ ရေအောက်ထဲမှာပဲ လမ်းကို ဒရွတ်တိုက်လျှောက်ပါ။ အဲဒါက ရေထဲမှာ ကိုယ်မမြင်ရတဲ့ သတ္တဝါတစ်ကောင်ကောင်ကို ခြေထောက်နဲ့ မနင်းမိစေဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့တွေကလည်း သင်လာနေတာကို ခံစားမိပြီး အဝေးကိုထွက်သွားပါလိမ့်မယ်။ ရေသတ္တဝါတွေကို မထိပါနဲ့။ သေဆုံးနေရင်တောင်မှ မထိတွေ့ပါနဲ့။ အန္တရာယ်ပေးနိုင်ပါတယ်။ လုံလုံခြုံခြုံ ဝတ်ဆင်ပါ။ အဝတ်အစားက ရေသတ္တဝါတွေ၊ ကျောက်ဆောင်တွေနဲ့ ထိခိုက်မိမှုကနေ ကာကွယ်ပေးပါတယ်။ သင့်အရေပြားပေါ်က ဓါတုပစ္စည်းတွေက ဂျယ်လီငါးတွေကို သူတို့ရဲ့ ဆူးတွေထုတ်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါပေမယ့် နေလောင်ခံခရင်မ်မျိုးတွေက သင့်အရေပြားပေါ်က ဓါတုပစ္စည်းတွေနဲ့ ဂျယ်လီငါးနဲ့ မတွေ့ဆုံမိအောင် ကြားခံအနေနဲ့ ကာကွယ်ပေးနိုင်ပါတယ်။ ဖိနပ်စီးသွားခြင်းကလည်း ကောင်းတာပါပဲ။ ဒါပေမယ့် အင်မတန်သေးငယ်တဲ့ ရေသတ္တဝါလေးတွေဟာ သူတို့ရဲ့ ဆူးချွန်တွေနဲ့ သင့်ရဲ့ဖိနပ် သို့မဟုတ် စိုစွတ်နေတဲ့ ဝတ်စုံကို ဖြတ်ပြီး သင့်အရေပြားကို ထိခိုက်စေနိုင်တယ်ဆိုတာတော့ သိစေချင်ပါတယ်။ နောက်ပြီး လက်နှိုက်တဲ့အခါတိုင်းမှာလည်း ဂရုပြုစေချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement