၃။ အကိုက်ခံရတဲ့ အရေပြားကို ရှားစောင်းလက်ပပ်မှ ရတဲ့အနှစ်လိမ်းပေးခြင်းဖြင့် အဆိပ်ပြေစေသလို၊ ယားယံတာ၊ နီရဲတာအတွက်လည်း ပျောက်တာမြန်ပါတယ်။
၄။ လာဗင်ဒါအပင်၊ နှင်းဆီကရတဲ့ အဆီအနှစ်တွေကို လိမ်းပေးခြင်း၊ နှာခေါင်းနားတေ့ပြီး ရှူခြင်းဖြင့် နာကျင်ကိုက်ခဲတာကို သက်သာစေပြီး အနာကျက်လည်း မြန်စေနိုင်ပါတယ်။
၅။ ပြီးသွားရင် ရေနဲ့ပြောင်အောင် ဆေးပြီး နီးစပ်ရာဆေးခန်းက ပိုးသတ်လိမ်းဆေး သို့မဟုတ် antibiotic ခရင်မ်နဲ့ လိမ်းပေးပါ။ ပြီးသွားမှ ပလာစတာနဲ့ ကပ်ပေးရပါမယ်။
၆။ ဒဏ်ရာကို သန့်ရှင်းအောင်ထားပါ။ ပလာစတာက ရေစိုသွားရင် အသစ်တစ်ခုနဲ့ ချက်ချင်းလဲပါ။ တစ်နေ့ တစ်ခါ ပလာစတာကို အသစ်ပြန်လဲပေးပါ။
၇။ အရည်ကြည်ဖုတွေ ထွက်နေရင် လက်သည်းနဲ့ မကုတ်ဖဲ့လိုက်ပါနဲ့။ ခြောက်ပြီး ပြားချပ်သွားတဲ့အထိ သေချာဂရုစိုက်ပေးပါ။
ဒီနည်းလမ်းတွေနဲ့မှ လုံးဝမသက်သာဘူး၊ ပိုဆိုးလာတယ်၊ ဒါမှမဟုတ် ကိုက်လိုက်တဲ့ပင့်ကူက အဆိပ်ရှိပြီး အကောင်လည်း တော်တော်ကြီးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ များသောအားဖြင့်တော့ အပေါ်မှာပြထားတဲ့ အိမ်တွင်းကုထုံးနဲ့ ကုသပျောက်ကင်းနိုင်တာမို့ သိပ်တော့ စိတ်မပူပါနဲ့။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။