backup og meta

ကလေးကို ထိခိုက်ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ထိခိုက်ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ရမလဲ

    ကလေးဆိုတာဆော့မှာပဲ၊ပြေးလွှားကစားရင်း ထိမိခိုက်မိတာလည်းရှိမှာပဲ။ အဆော့သန်တဲ့ကလေးတွေမှာ ပွန်းပဲ့ဒဏ်ရာနဲ့မကင်းတာ သဘာဝပေမယ့် မတော်တဆကြောင့် ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေလည်းရှိတတ်ပါတယ်။ ပွန်းတာပဲ့တာလောက်ကတော့ အချိန်တန်ရင်ပျောက်သွားမှာပေါ့ ဆိုပြီး ဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်ပါဘူး။ အနာသေးသေးလေးကနေလည်း အနာပိုးဝင်ပြီးမေးခိုင်လိုမျိုးရောဂါတွေအထိဖြစ်လာနိုင်လို့ပါ။

    အန္တရာယ်ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့အရွယ်တွေမို့ အုပ်ထိန်းသူမိဘတွေအနေနဲ့ ဂရုစိုက်ကာကွယ်ပေးသင့်တယ်လေ။ မတော်တဆမှုတွေက ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာစေနိုင်တယ်။ လက်ရှိ ချို့ယွင်းချက်ရှိနေသူတချို့မှာ ငယ်ဘဝကဖြစ်ခဲ့တဲ့မတော်တဆမှုတွေက အကြောင်းရင်းခံဖြစ်နေတတ်တာ အများကြီးပါ။ ဥပမာ ငယ်ငယ်ကရေနွေးပူလောင်ခဲ့လို့ မျက်နှာအမာရွတ်နဲ့နေသွားရသူတွေ၊ ငယ်ငယ်က မတော်တဆဦးခေါင်းထိခိုက်မှုကြောင့် ဉာဏ်ရည်ချို့ယွင်းသွားသူတွေလိုမျိုး။

    အသက်တမျှချစ်ခင်ရတဲ့ ကိုယ့်ရင်သွေးလေးတွေ ဒီလိုမကောင်းတဲ့အကျိုးဆက်ဖြစ်မလာအောင်လို့ စိုးရိမ်ကြမယ့်သူတွေချည်းပါ။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာ သေးသေးကြီးကြီး မပေါ့ဆကြပါနဲ့။ ဆေးပညာတိုးတက်တဲ့ခေတ်ဖြစ်ပြီး အကောင်းဆုံးဆေးပလာစတာနဲ့ဆေးဝါးတွေ အလွယ်တကူရရှိနိုင်တယ်ဆိုပေမယ့် မဖြစ်ခင်က ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးပါပဲ။

    ကလေးတွေကို ထိခိုက်ဒဏ်ရာအန္တရာယ်က ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ

    • ကလေးပြေးလွှားဆော့ကစားတဲ့ဧရိယာတဝိုက် ကြမ်းပြင်မှာ ကစားစရာအရုပ်တွေ၊ကော်ဇော၊ ကြိုးခွေ စတဲ့ ရှုပ်ရှုပ်ထွေးထွေးပစ္စည်းတွေမရှိအောင်ရှင်းထားပေးပါ။ အချွန်အတက်ပါတဲ့ပစ္စည်းတွေကိုဝေးဝေးထားတာ၊ ခုံနဲ့စားပွဲထောင့်စွန်းတွေကို ဖုံးအုပ်ထားတာတွေ လုပ်ထားသင့်ပါတယ်။
    • ကတ်ကြေး လိုမျိုး ချွန်ထက်တဲ့အရာဝတ္ထုတွေကို ကလေးနဲ့ဝေးတဲ့နေရာမှာထားပါ။ တုတ်ချောင်း သို့မဟုတ် ပလတ်စတစ်ကစားစရာဓား စတာတွေကိုကိုင်ထားရင်းပြေးမဆော့စေပါနဲ့။
    • ကလေးတွေပြုတ်မကျစေဖို့ လှေကားအောက်နဲ့ လှေကားထိပ်မှာ ကာထားပါ။ အပြင်ဘက်ဝရံတာကို သံဇကာတပ်ထားပါ။
    • ပြတင်းပေါက်နားမှာ ပရိဘောဂတွေမထားပါနဲ့။ ပြတင်းပေါက်က ခြင်လုံဇကာတွေလောက်နဲ့ ကလေးပြုတ်မကျအောင် မကာနိုင်ပါဘူး။ သံဇကာ သို့မဟုတ် သံတိုင်အကာအရံတပ်ထားပါ။
    • ကလေးကို မီးဖိုချောင်နား လာမဆော့ပါစေနဲ့။ ဓား၊ခက်ရင်း၊ သံ၊ ကတ်ကြေး၊ သံထည်ကိရိယာပစ္စည်းတွေ ကလေးယူမဆော့နိုင်ဖို့ သတိထားရမှာပါ။ အသုံးပြုပြီးရင် သေချာပြန်သိမ်းဆည်းပါ။
    • ကလေးတွေနားမှာ ရေနွေးပူ၊ ကော်ဖီပူတွေ ချမထားပါနဲ့။ ကလေးချီထားရင်းလည်း ရေနွေးပူ၊ ကော်ဖီပူတွေ မသောက်ပါနဲ့။ စားပွဲပေါ်မှာဆိုလည်း ဟင်းရည်ပူတွေကို အလယ်မှာထားပါ။ အစွန်အဖျားမှာဆို ကလေးက ဆွဲချလိုက်တာ၊ ထိလိုက်မိတာကြောင့် အပူလောင်နိုင်ပါတယ်။
    • ပလပ်ပေါက်တွေ၊ extensionတွေ၊ မီးခလုတ်တွေ လျှပ်စစ်တဲ့ပတ်သက်သမျှကို ကလေးမမီတဲ့အမြင့်မှာထားပါ။
    • မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ရင် အမြန်ဆုံးဂရုစိုက်ကုသပေးနိုင်ဖို့ ပလာစတာ၊ အနာထည့်ဆေး၊ ပတ်တီးနဲ့ ဂွမ်း စတာတွေပါတဲ့ အရေးပေါ်ဆေးသေတ္တာကိုပြင်ဆင်ထားရှိပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement