backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နားကို ထိခိုက်မိခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နားကို ထိခိုက်မိခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

နားကိုထိခိုက်မိခြင်း ဆိုတာဘာလဲ။

ပြင်ပကို ထိခိုက်မိတဲ့ ဒဏ်ရာအများစုကတော့ အညိုအမဲစွဲခြင်းနဲ့ ပွန်းပဲ့ခြင်းတို့ပါပဲ။ တကယ်လို့ နားက အလွန်အမင်း ဖောင်းလာတယ်၊ ဆေးကုသမှုလည်း မခံယူလိုက်ဘူးဆိုရင်တော့ သွေးခဲတွေရှိနေနိုင်ပြီး နားကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ လက်သည်း၊ နားကြပ်တံ၊ ဆရာဝန်အသုံးပြုတဲ့ နားစမ်းသပ်ကိရိယာ စတာတွေနဲ့ နားအတွင်းပိုင်းကို ထိခိုက်မိရင်တော့ နားထဲမှာ သွေးထွက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒါတွေက နည်းနည်းလောက် သွေးထွက်ပြီး ခဏလောက်အတွင်း ပြန်ကျက်သွားပါတယ်။ ခဲတံ၊ ပိုက်၊ ဝါယာ စတဲ့ ရှည်ပြီး ချွန်ထက်တဲ့အရာတခုခုနဲ့ ထိခိုက်မိရင်တော့ နားစည်ပေါက်သွားတာမျိုး ဖြစ်နိုင်သလို၊ အကြားအာရုံကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။

လက္ခဏာများ

လက္ခဏာတွေက ဘာတွေလဲ

• အကြားအာရုံချို့ယွင်းလာမယ်

• နားထဲမှာ ဆူညံသံတွေ ကြားနေရမယ်

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်သလဲ

အနာကို ဆပ်ပြာ၊ ရေတို့နဲ့ဆေးပါ။ ပိုးသတ်ထားတဲ့ ပတ်တီးတစ်ခုနဲ့ ၁၀ မိနစ်ခန့် ဖိထားပြီး သွေးတိတ်အောင် လုပ်ပါ။

ဒီလိုအခြေအနေတွေ ဖြစ်လာရင်တော့ ဆရာဝန်ဆီ ချက်ချင်းပြသပါ

• အရေပြားကွဲသွားပြီး ချုပ်ဖို့ လိုအပ်လာရင်

• နားက ရောင်ကိုင်းနေရင်

• ဆိုးဆိုးရွားရွား နာကျင်ရင်

• ချွန်ထက်တဲ့ အရာတခုခုနဲ့ နားကိုထိုးမိရင်၊ နာနေရင်

• နားထဲကနေ သွေး ၄စက်ထက်ပိုထွက်လာရင်

• နားထဲကနေ ဘယ်လိုကြည်လင်တဲ့ အရည်မျိုးဖြစ်ဖြစ် ထွက်လာရင်

• လမ်းကောင်းကောင်းမလျှောက်နိုင်တော့ရင်

• ဖြစ်တဲ့ဘက်ကနား ကောင်းကောင်းမကြားရတော့ရင်

• သင့်အနေနဲ့ သင့်ကလေးကို ဆရာဝန်ပြဖို့ လိုအပ်တယ်ထင်ရင်

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ ရမလဲ

ကျယ်လောင်တဲ့အရာတွေကြောင့် နားမထိခိုက်ဖို့အတွက် နားထဲတခုခု ဆို့ထားတာမျိုး လုပ်သင့်ပါတယ်။

သေနတ်ပစ်တာ ဆိုင်ကယ်၊ကားမောင်းတာ၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်နေရတာမျိုးတွေဆိုရင် နားကို အမြဲဂရုစိုက်ပါ

ကျယ်လောင်တဲ့သီချင်းတွေကို အချိန်အကြာကြိး နားထောင်တာမျိုး မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement