Sponge အစားထိုးထည့်သွင်းကုသခြင်းဖြင့် အမျိုးအစား -၂ ဆီးချိုဝေဒနာသည်တွေမှာ သွေးတွင်းသကြားဓါတ်နဲ့ ကိုယ်အလေးချိန်တက်တာတွေကိုလျှော့ချပေးနိုင်တော့မည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အမျိုးအစား-၂ ဆီးချိုဝေဒနာကိုကုသနိုင်ဖို့အတွက် ကုထုံးအသစ်တွေရှာဖွေမှုအတွင်း သုတေသီတွေက အဆီတစ်ရှူးတွေထဲကို polymer sponge တွေထိုးသွင်းမှုက အလားအလာရှိတဲ့ ကုထုံးတစ်ရပ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သုတေသနအသစ်လုပ်ဆောင်မှုအတွင်း ကိုလံဘီယာမှာရှိတဲ့ South Carolina (USC) တက္ကသိုလ်က သုတေသနအဖွဲ့ဟာ အမျိုးအစား – ၂ ဆီးချိုဝေဒနာခံစားနေရတဲ့ အဝလွန်နေပြီး ဝမ်းဗိုက်ပိုင်းမှာ အဆီတွေစုနေတဲ့ ကြွက်တွေကို polymer sponge အစားထိုးကုသမှုကိုခံယူစေခဲ့ပါတယ်။ လေ့လာမှုအတွင်း ကြွက်တွေကို အဆီများတဲ့အစားအသောက်တွေ ကျွေးခဲ့ပေမယ့် polymer sponge အစားထိုးကုသမှုခံယူထားတဲ့ကြွက်တွေဟာ ကိုယ်အလေးချိန်လည်းအနည်းငယ်သာတိုးလာပြီး ကုသမှုမခံယူထားတဲ့ကြွက်တွေထက်လည်း သွေးတွင်း သကြားဓါတ်လျော့နည်းနေတာကိုတွေ့ရှိရပါတယ်။

ဆီးချိုဆိုတာ – ဆီးချိုဝေဒနာက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးအစား – ၁ ဆီးချိုရောဂါနဲ့ အမျိုးအစား -၂ ဆီးချိုရောဂါ ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ အမျိုးအစား -၁ ဆီးချိုရောဂါက ခန္ဓါကိုယ်က အင်ဆူလင်ကို အလုံအလောက်မထုတ် နိုင်တာကြောင့်ဖြစ်တဲ့ဆီးချိုရောဂါအမျိုးအစားဖြစ်ပြီး အမျိုးအစား – ၂ ဆီးချိုရောဂါ ကတော့ ခန္ဓါကိုယ်ကထုတ်တဲ့ အင်ဆူလင်ပမာဏကို ထိထိရောက်ရောက်အသုံးမပြုနိုင်တာကြောင့်ဖြစ်ရတဲ့ ဆီးချိုရောဂါအမျိုးအစားဖြစ်ပါတယ်။

အင်ဆူလင် – အင်ဆူလင်ဆိုတာက ဆဲလ်တွေကသွေးတွင်းကကသကြားဓါတ်ကိုရယူပြီး စွမ်းအင်အဖြစ်ပြောင်းလဲပေးရာမှာအထောက်အပံ့ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ဦးနှောက်နဲ့အရိုးတွေကြွက်သားတွေလိုမျိုး အစိတ်အပိုင်းတွေနဲ့တစ်ရှူးတွေကောင်းကောင်းမွန်မွန်လည်ပတ်ဆောင်ရွက်နိုင်ဖို့ သွေးတွင်းသကြားဓါတ်ကို အများအပြားလိုအပ်ပါတယ်။

ဆီးချိုဝေဒနာကို မကုသဘဲထားမယ်ဆိုရင် အမြင်အာရုံဆုံးရှုံးတာ၊နှလုံးရောဂါ၊လေဖြတ်တာ၊ကျောက်ကပ်ရောဂါနဲ့ အခြားကျန်းမာရေးပြဿနာတွေကိုခံစားရနိုင်ပါတယ်။

ခန္ဓါကိုယ်ရဲ့အဆီတွေက လှုပ်ရှားနေတဲ့ အင်္ဂါတစ်ရပ်

အခုချိန်အထိ ဆီးချိုရောဂါကို ကုသနိုင်ခြင်းမရှိသေးပါဘူး။ လက်ရှိကုထုံးတွေမှာ ဆီးချိုဝေဒနာသည်တွေ က သွေးချိုထိန်းသိမ်းတဲ့နည်းလမ်းတွေအပေါ်မှာပဲမှီခိုနေရတာဖြစ်ပါတယ်။ သုတေသီတွေက ဆီးချိုဝေဒနာသည်တွေအနေနဲ့ နေ့စဉ်သွေးချိုထိန်းသိမ်းစောင့်ကြည့်နေရတာမျိုးမဟုတ်တဲ့နည်း လမ်းတွေကို ရှာဖွေဖော်ထုတ်သွားဖို့စိတ်အားထက်သန်နေကြပါတယ်။

မကြာသေးခင်နှစ်တွေအတွင်းက လုပ်ဆောင်ခဲ့တဲ့အရေးပါတဲ့လေ့လာစမ်းသပ်မှုတွေအတွင်းမှာ ခန္ဓါကိုယ်ကအဆီ တွေက ပိုလျှံနေတဲ့စွမ်းအင်တွေကို သိုလှောင်ထားပေးတဲ့ အငြိမ်တည်ရှိနေတဲ့အရာတစ်ခုသာမကဘဲ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ချိတ်ဆက်ပေးတာတွေနဲ့ဟော်မုန်းတွေထုတ်လွှတ်ပေးတာတွေကိုလုပ်ဆောင်ပေးပါတယ်။

Polymer sponge

USC တက္ကသိုလ်သုတေသနအဖွဲ့က အဖွဲ့ဝင်တစ်ဦးက polymer sponge တွေထဲမှာ ပန်ကရိယဆဲလ်တွေကို မွေးမြူခဲ့ပြီး မွေးမြူထားတဲ့ဆဲလ်တွေကို အမျိုးအစား -၁ ဆီးချိုဝေဒနာခံစားနေရတဲ့ကြွက်တွေရဲ့ အဆီအိတ်တွေ ထဲကို ထိုးထည့်ခဲ့ပြီး အင်ဆူလင်ထုတ်လုပ်မှုကို ထိန်းသိမ်းတဲ့နည်းလမ်းတစ်ရပ်အနေနဲ့အသုံးပြုခဲ့ပါတယ်။

လေ့လာမှုအသစ်တစ်ရပ်မှာ ပါမောက္ခ Gower နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက poly(lactide-co-glycolide) (PLG) တွေကနေလုပ်ဆောင်ခဲ့တဲ့ polymer sponge ရဲ့ အဆီတစ်ရှူးတွေအပေါ် အကျိုးသက်ရောက်မှု ကိုဖော်ထုတ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

“လူတွေက အာဟာရပြည့်ဝစွာစားသုံးမှုမရှိဘဲ၊ ကိုယ်လက်လေ့ကျင့်ခန်းလည်းမလုပ်ဆောင်သလို စိတ်ဖိစီးမှုတွေတအားများနေတဲ့အခါမျိုးမှာ ကိုယ်အလေးချိန်ကတက်လာပါတယ်။ ကိုယ်တွင်းမှာ အဆီတွေတအားများလာတဲ့အခါ ကိုယ်ခန္ဓါရဲ့အစိတ်အပိုင်းတေါကြားကဆက်သွယ်မှုတွေ ယိုယွင်းပျက်စီးသွားပြီး ဆီးချိုရောဂါခံစားရနိုင်တဲ့အလားအလာတွေများလာတတ်ပါတယ်။” လို့ ပါမောက္ခ Gower ကပြောကြားခဲ့ပါတယ်။

အစားထိုးကုသမှုက သွေးတွင်းသကြားသယ်ပို့မှုကိုတိုးတက်စေတယ်

သုတေသနအဖွဲ့က အမျိုးအစား – ၂ ဆီးချိုရောဂါလက္ခဏာရပ်တွေနဲ့ တူတဲ့ရောဂါလက္ခဏာတွေခံစားနေရတဲ့ အဝလွန်နေတဲ့ကြွက်တွေကို အဆီများတဲ့အစားအသောက်တွေကျွေးပြီးစမ်းသပ်ခဲ့ပါတယ်။ ထို့နောက် PLG sponge တွေကို ကြွက်တွေရဲ့ ဝမ်းဗိုက်ပိုင်းက အဆီအိတ်တွေနေရာကို အစားထိုးထည့်သွင်းခဲ့ပါတယ်။

အဆီများတဲ့အစားအသောက်တွေစားသုံးပြီး ၃ ရက်ကြာတဲ့အခါမှာတော့ အစားထိုးကုသမှုခံယူထားတဲ့ကြွက်တွေ ရဲ့ကိုယ်တွင်းအဆီပမာဏက ၁၀ ရာခိုင်နှုန်းသာရှိပြီး PLG အစားထိုးကုသမှုမခံယူထားတဲ့ကြွက်တွေမှာတော့ ကိုယ်တွင်းအဆီဓါတ်က ၃၀ ပမာဏအထိတိုးလာတာကိုတွေ့ရှိခဲ့ရပါတယ်။

သုတေသီတွေက ကြွက်တွေရဲ့ ကြွက်သားတွေကိုလေ့လာတဲ့အခါမှာတော့ PLG အစားထိုးကုသမှုခံယူထားတဲ့ ကြွက်တွေမှာ PLG အစားထိုးကုသမှုခံယူမထားတဲ့ကြွက်တွေထက် သွေးထဲကအချိုဓါတ်ကို ကြွက်သားဆဲလ်တွေ ဆီပို့ဆောင်ရာမှာအထောက်အကူပြုပေးတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ glucose transporter type 4 ပမာဏကို ၆၀ ရာခိုင်နှုန်းအထိတိုးစေတာကိုတွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုအတွင်း polymer material တွေက ကြွက်တွေမှာ ဆိုးကျိုးသက်ရောက်မှုမရှိဘူးဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Micronutrient များ

    ကိုယ်ခံအား (immunity) အတွက် အခြေခံလိုအပ်တဲ့ micronutrients ခေါ် ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုတော့ အတော်များများသတိမထားမိတတ်ကြပါဘူး။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint

    နှင်းခူရှိသူ ကျန်းမာစေဖို့

    နှင်းခူ ဖြစ်စေရတဲ့ အကြောင်းအရင်းက အတိအကျမရှိအပါဘူး။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို အခုလို အချက်တွေကလည်း နှင်းခူကို ဖြစ်စေနိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

    ဗိုက်ပူရင် ဝတ်ရတာ အဆင်မပြေသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတယ်။ ဗိုက်ပူတာက အစားအသောက်ကြောင့်ပဲ မဟုတ်ပါဘူး။ မသိဘဲ လုပ်မိတဲ့ အလေ့အထကြောင့်လည်း ပါပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်ကိုယ်ခန္ဓာ အလေးချိန်အပေါ် သက်ရောက်မှုရှိသော ဟော်မုန်းများ

    သင့်ကိုယ်ခန္ဓာအလေးချိန်ဟာ ဟော်မုန်းတွေအပေါ်များစွာ မူတည်ပါတယ်။ ဟော်မုန်းတွေရဲ့ ထိန်းချုပ်မှုကြောင့် သင်ဘယ်လောက်စားသောက်နိုင်သလဲ၊

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin

    သင့်အတွက် ရွေးချယ်ထားသည်

    နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

    နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
    ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

    ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
    ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

    ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read
    ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

    ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read