ဆီးချိုရောဂါရှိရင် ဒါတွေကိုရှောင်ပါ
သကြား – အားလုံးသိတဲ့အတိုင်း သကြားနဲ့ ဆီးချိုက ရန်ဖက်တွေပါ။ ဒီတော့ သကြားပါဝင်မှုများတဲ့ အချိုကဲတဲ့ သရေစာတွေ အသီးတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မရှောင်နိုင်ရင်တော့ ပမာဏ အနည်းငယ်လောက်သာ စားပါလို့ အကြံပေးချင်ပါတယ်။
ကိုလက်စထရော– အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့အဆီတွေ၊ကြက်ဥအနှစ်၊အသည်းနဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။
ဆိုဒီယမ်– နားလည်လွယ်အောင်ပြောပြရရင် အငန်ဓါတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်ပါနဲ့။သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။
ပြည့်ဝဆီ– အဆီပါဝင်မှုများတဲ့နို့ထွက်ပစ္စည်းတွေအမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုးတိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။
Trans fats –ဒီအဆီတွေကို အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေ ကို အများကြီးမစားပါနဲ့။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။